ပါဝင်ပစ္စည်းများ
- ကျောက်ပွင့်မှို - တစ်ခု
- နံနံပင် - အနည်းငယ်
- ကြက်သွန်နီ - အနေတော် တစ်လုံး
- သံပုရာသီး - တစ်ခြမ်း
- ဆား - အနည်းငယ်
- ဆီ - အနည်းငယ်
ပြင်ဆင်ပြုလုပ်ပုံ
- အရင်ဆုံး ကျောက်ပွင့်မှိုကို ရေနွေးပူပူထဲမှာ ငါးမိနစ်လောက် စိမ်ထားပေးပါ
- ပြီးတာနဲ့ ရေစစ်ပြီး အနေတော် အတုံးလေးတွေ တုံးပေးပါ
- နံနံပင်ကို ရေဆေးပြီး မထူမပါးလေးတွေ လှီးထားပါ
- ကြက်သွန်နီကို အခွံခွါပြီး အလုံးလိုက် ရေဆေးကာ ပါးပါးရိတ်ရိတ်လေးတွေ လှီးထားပါ
- သံပုရာသီးကို ရေဆေးပြီး ထက်ဝက်ခြမ်းထားပါ
- ပုဇွန်ကို အခွံခွါပြီး ရေနွေးပူပူထဲမှာ သုံးမိနစ်ခန့် ပြုပ်ပေးပြီး ဆယ်ထားပါ
- အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဇလုံတစ်လုံးထဲမှာ ပါဝင်ပစ္စည်းအားလုံးကိုထည့်ကာ ခပ်ဖွဖွ နယ်ပေးပါ
- အရသာ သမသွားတာနဲ့ အရသာမြည်းပေးကာ မိမိစိတ်ကြိုက် အရသာ ရလာအောင် ပြင်ပေးပါ
- ပြီးတာနဲ့ ကျောက်ပွင့်မှိုသုပ် စိမ့်စိမ့်လေးကို သုံးဆောင်နိူင်ပါပြီ။
No comments:
Post a Comment