Monday 18 September 2023

Asian Style Split Pea Soup



ဒီနေ့တော့ စိတ်အာရုံ အပြောင်းအလဲလေး ဖြစ်သွားအောင်ရယ် သတ်သတ်လွတ်လဲ စားလို့ရလေအောင် ဆီးချိုဝေဒနာရှင်တို့အတွက် သီးသန့်စပါယ်ရှယ် ချက်ထားတဲ့ ပဲနီလေး ဟင်းချို ချက်ပါတယ်။

ဆီးချိုဝေဒနာရှင်တွေအတွက် အသင့်တော်ဆုံးဖြစ်ပြီး ပါဝင်တဲ့ အဟာရဓာတ်တွေကို တွက်ချက်ပြီး ချက်ထားပါတယ်။။

ပါဝင်ပစ္စည်းများ

  1. ပဲဆံ - နှစ်ခွက် (မုန့်လုပ်ရာတွင် ချင်တွယ်သောခွက် )
  2. မုံလာဥနီ - ခပ်ကြီးကြီး တစ်ဥ
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး လေးမွှာ
  4. ချင်းတက် - လက်တစ်ဆစ်ခန့်အထူ
  5. ကြက်သွန်နီ - ခပ်သေးသေး တစ်လုံး
  6. ငရုတ်သီး အရောင်တင်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်း
  7. ငရုတ်သီး အစပ်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  8. အသီးအရွက်ဆီ - ထမင်းစားဇွန်း တစ်ဇွန်း
ပြင်ဆင်ပုံ
  • ပဲကိုရေနှစ်ထပ်လောက် ဆေးပေးပါ
  • ရေဆေးပြီးတာနဲ့ ရေမြုပ်အောင်ထည့်ပြီး နူးနေအောင် ပြုပ်ပေးပါ
  • မုံလာဥနီကို အခွံခွာပြီး ရေဆေးကာ ခပ်သေးသေး အတုံးလေးတွေ တုံးပေးပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်သေးသေး အတုံးလေးတွေ တုံးပေးပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ပြီး ခပ်နုတ်နုတ် လှီးထားပါ
  • ချင်းကို အခွံခွာပြီး ရေဆေးကာ ညက်နေအောင် ထောင်းပေးပါ
  • ဒယ်အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ ကြက်သွန်နီ ကြက်သွန်ဖြူ ချင်း ငရုတ်သီး အရောင်တင်မှုန့်နှင့် ငရုတ်သီးအစပ်မှုန့်တို့ထည့်ပြီး ဆီသတ်ပေးပါ
  • ကြက်သွန်များ ကြွတ်ရွလာတာနဲ့ မုံလာဥနီ ထည့်ပေးပြီး ဆီသတ်ပေးပါ
  • ပြီးတာနဲ့ ပြုပ်ထားသော ပဲအိုးထဲကိုထည့်ပြီး တည်ပေးပါ
  • မုံလာဥနီများ နူးလာတာနဲ့ ပဲဟင်းရည်ကို စားသုံးရန် ပြင်ပေးနိူင်ပါပြီ။ 

ပါဝင်သော ကယ်လိီုရီများ
  1. Calories - 185
  2. Calories from fat - 20
  3. Total fat - 2.5 g
  4. Saturated fat - 0.4 g
  5. Trans fat - 0.0 g
  6. Cholesterol - 5 mg
  7. Sodium - 160 mg
  8. Potassium - 575 mg
  9. Total Carbohydrate - 30 g
  10. Diretary Fiber - 11 g
  11. Sugar - 5 g
  12. Protein -12 7g

No comments:

Post a Comment