Monday 18 June 2018

Chicken Satay











ရာသီဥတုက အေးလွန်းနေတော့ ပူပူလူလူလေးတွေဘဲ စားချင်နေမိတာကြောင့် ကြက်သားကင်လေးတွေ လုပ်စားဖြစ်ခဲ့ပါတယ် အဲဒီအတွက် ဒီနေ့တော့chicken satay ကင် လုပ်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ကြက်ရင်ပုံသား - မထူမပါး လှီးထားသော ကြက်သား ၈ခု
  2. ထောင်းထားသော ကြက်သွန်ဖြူ - ၂မွှာ
  3. ထောင်းထားသော နံနံပင်အမြစ် - ၈ခု
  4. ခပ်နုတ်နုတ် လှီးထားသော ကြက်သွန်နီအသေး ၂ဥ
  5. ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  6. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  7. သကြား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  8. နံနံပင်အခြောက်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  9. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  10. ဆီ - ထမင်းစားဇွန်း ၂ဇွန်း
  11. ဗနီကာ - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  12. အုန်းနို့ - ထမင်းစားဇွန်း လေးဇွန်း
  13. အသားကင်မည့် ဝါးချောင်း - ၈ခု

ပြင်ဆင်ပုံ
  1. လှီးထားသော ကြက်သားကို ပြင်ထားပါ
  2. ဇလုံတလုံးထဲမှာ ကြက်သွန်ဖြူ ကြက်သွန်နီ နံနံပင်အမြစ် ငရုတ်သီး အရောင်တင်မှုန့် ဆား သကြား နံနံပင်အခြောက် နံနွင်းမှုန့် ဆီ ဗနီကာနှင့် အုန်းနို့ ထမင်းစားဇွန်း နှစ်ဇွန်းတို့ကိုထည့်ပြီး မွှေပေးပါ
  3. အရသာနယ်ထားသော ဇလုံထဲမှာ လှီးထားသော ကြက်သားကို အရသာ သမသွားအောင် ထည့်မွှေပေးပါ
  4. အရသာ နယ်ပြီးတာနဲ့ clean wrap နှင့် ဇလုံကို လုံအောင်ဖုံးပေးပါ
  5. ပြီးတာနဲ့ ထိုဇလုံကို ရေခဲသေတ္တာထဲမှာ ၁၂နာရီခန့်ထည့်ပြီး နှပ်ထားပါ
  6. အုန်းနို့ကိုလဲ ရေခဲသေတ္တထဲမှာ ထည့်ထားပါ
အသားကင်ရန် ပြင်ဆင်ပုံ
  1. အရင်ဆုံ ဝါးချောင်းလေးများကို ရေမြုပ်အောင်ထည့်ပြီး တနာရီခန့်စိမ်ထားပါ
  2. ရေစိမ်ထားသော ဝါးချောင်းတချောင်းစီမှာ အရသာနှပ်ထားသော ကြက်သားတခုစီကို ပုံပါအတိုင်း အတွန့်လေးများရအောင် ထိုးပေးပါ
  3. အုန်းနို့ကို ပြင်ထားပါ
  4. ကင်မည့်အိုးကို မီးအပူပေးပါ
  5. အိုးပူလာတာနဲ့ အသားချောင်းကို အုန်းနို့သုတ်ပေးပြီး အကင်အိုးပေါ် တင်ပေးပါ
  6. အသားကင် တူးကပ်မသွားစေရန် မကြာမကြာ တဖက်ဆီလှည့်ပေးပါ
  7. တခါလှည့်ပေးတိုင်း အုန်းနို့တခါ သုတ်ပေးပါ
  8. လေးမိနစ်လောက် ကင်ပေးပြီးပါက ကြက်သားကင် မွှေးမွှေးလေးကို သုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment