Friday 21 June 2024

ကြက်သွန်ကြော်

 




အခုရက်ထဲ အသားငါးတွေ မစားချင်တဲ့အတွက် အကြော်လေးတွေ ကြော်စားဖြစ်ပါတယ် ဒီနေ့တော့ ထမင်းပူပူလေးနဲ့ စားရအောင် ကြက်သွန်နီကြော် မွှေးမွှေးကြွတ််ကြွတ်လေး ကြော်ဖြစ်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ

  1. ကြက်သွန်နီ - ခပ်ကြီးကြီး တစ်လုံး
  2. တန်ပူရာမှုန့် - ထမင်းပေါင်းအိုး ဆန်ချင်ခွက် တစ်၀က်
  3. ရေ - ထမင်းပေါင်းအိုး ဆန်ချင်ခွက် တစ်၀က်
  4. ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်
  5. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က် 
  6. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  7. ဆီ - လက်ဖက်ရည်အကြမ်းပန်းကန် နှစ်လုံး


ပြင်ဆင်ပုံ

  • တန်ပူရာမှုန့် နနွင်းမှုန့် ဆား အချိုမှုန့်တို့ကိုရေနဲ့ရောပြီး သမအောင်မွှေကာ ခပ်ပျစ်ပျစ်ဖျော်ထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက်ရေဆေးပြီး ပါးပါးလှီးပြီး လက်နဲ့ဖိချေပြီး မွှာထားပါအ
  • ရသာနယ်ထားသော မုန့်နှစ်ထဲမှာ ကြက်သွန်နီကိုထည့်ပြီး နယ်ထားပါပ
  • န်းကန်ပြားပြန့်ပြန့်လေးပေါ်သို့ မုန့်နှစ်လူးထားသော ကြက်သွန်နီ မုန့်နှစ်လူး အနေတော်ထည့်ပြီး ဖြန့်ပြီးပြင်ပေးထားပါ
  • ဆီကို မီးအပူပေးပြီး ဆီပူပြီးကျက်လာပါက မီးကိုအနေတော် ထားပေးကာ ကြက်သွန်နီကို အသာတွန်းချပြီး ကြော်ပေးပါ
  • မီးအရမ်းမများစေရန် သတိပြုပြီးကြော်ပေးပါ 
  • တစ်ဖက်ရွှေဝါရောင် သန်းလာပါက တစ်ဖက်ကို လှန်ပေးပါ
  • နှစ်ဖက်လုံး ရွှေဝါရောင် သန်းလာပါက ဆယ်ပြီးဆီစစ်ပေးပါ
  • ဆီစစ်သွားပါက ကြက်သွန်ကြော်မွှေးမွှေး ကြွတ်ကြွတ်လေး ရပါပြီ။

2 comments:

  1. အရမ်းချောသော ဟင်းချက်ကောင်းသော တီတီ....
    ဟင်းချက်တာဝါသနာပါတော့ အမြဲတမ်းလာလေ့လာဖတ်ရှုဖြစ်ပါတယ်

    ချစ်တဲ့
    မိုးငွေ့

    ReplyDelete
    Replies
    1. ကျေးဇူးတင်ပါတယ် သမီးရေ တီတီကလဲ တီတီရဲ့ blogလေးကို လာလာပြီး ကြည့်ပေးတဲ့အတွက် ကျေးဇူး အများကြီး တင်ပါတယ်နော်။

      Delete