Tuesday 4 June 2024

ပန်ထွေဖျော်

 



ရာသီဥတု အေးလာတော့ ပူပူစပ်စပ် ချဉ်ချဉ်စပ်စပ်လေးတွေ စားချင်လာခဲ့တယ် ဒါကြောင့်မို့လို့ ပန်ထွေဖျော်လေးလုပ်ပြီး ထမင်းပူပူလေးနဲ့ စားဖို့ရာအတွက် ပြင်ဆင်ဖြစ်ခဲ့ပါတယ်ရှင်။

ပန်ထွေဖျော်ရန် ပါဝင်ပစ္စည်းများနှင့် ပြင်ဆင်ပြုလုပ်ပုံ
  • ခရမ်းချဉ်သီး အလုံးကြီးကြီး နှစ်လုံးကို နူးအိနေအောင် ပြုပ်ပေးပြီး အခွံများ ခွာထားပေးပါ
  • ငရုတ်သီးစိမ်းကို ရေဆေးပြီး မထူမပါးလေးတွေ လှီးထားပါ
  • နံနံပင်ကို ရေဆေးပြီး မထူမပါးလေးတွေ လှီးထားပါ
  • ဆား လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  • အရသာမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  • ပဲဆီ ထမင်းစားဇွန်း တစ်ဇွန်း
  • ရေကျက်အေး မိမိနှစ်သက်သလောက်
  • ပါဝင်ပစ္စည်း အားလုံးကို ဇလုံတစ်လုံးထဲမှာ ထည့်ပေးပြီး သမသွားအောင် မွှေပေးပြီးပါက ပန်ထွေဖျော်လေး ရပါပြီ။

No comments:

Post a Comment