Thursday 20 June 2024

ဝက်သားလုံးကြော်

 




ဒီနေ့တော့ အရသာ တစ်မျိုးလေးနဲ့ စားလို့အရမ်းကောင်းလွန်းတဲ့ ဝက်သားလုံးကြော်လေး ကြော်ဖြစ်ပါတယ်။ ထမင်းပူပူလေးနဲ့ လိုက်ဖက်သလို ဒီအတိုင်းလေးလဲ စားလို့ကောင်းပါတယ်။

ဒါကြောင့်မိုလို့ မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ စားလို့ကောင်းလွန်းတဲ့ ဝက်သားလုံးကြော် ကြော်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ


  1. ဝက်ကြိတ်သား - 500 g (အသားကိုဘဲသုံးပါ)
  2. ကြက်သွန်မိတ် - အနေတော် သုံးပ်
  3. ကြက်သွန်နီ   - အနေတော် သုံးလုံး
  4. င​ရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  5. ရှောက်နူရွက် - နှစ်ရွက်
  6. သံပုရာရည် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  7. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  8. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  9. နနွင်းမှုန့် -  လက်ဖက်ရည်ဇွန်း တစ်ဝက်
  10. ဆန်လှော်မှုန့် - ထမင်းစားဇွန်း နှစ်ဇွန်း 
  11. နှမ်းဆီမွှေး - ထမင်းစားဇွန်း တစ်ဇွန်း
  12. ပြောင်းကော်မှုန့် - ထမင်းစားဇွန်ူ နှစ်ဇွန်း
  13. အကြော်မှုန့် - ထမင်းစားဇွန်းလေးဇွန်း
  14. ကြက်ဥ - တစ်လုံး
  15. ဆီ - လိုသလောက် သုံးပေးပါ
ပြင်ဆင်ပုံ
  • ဝက်ကြိတ်သားကို အဆင်သင့် ပြင်ထားပါ
  • ရှောက်နူရွက်ကို ရေဆေးပြီး ခပ်နုတ်နုတ်လေးတွေ လှီးထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ 
  • ကြက်သွန်မိတ်ကို ရေဆေးပြီး မထူမပါးလေးတွေ လှီးထားပါ
  • ပါဝင်ပစ္စည်းများကို ပြင်ထားပါ
  • ကြက်ဥကို ဇလုံတစ်လုံးထဲမှာ ခလောက်ထားပါ
  • အကြော်မှုန့်ကို ပန်းကန်ထဲမှာ ထည့်ထားပေးပါ
  • ဇလုံတစ်လုံးထဲမှာ ဝက်ကြိတ်သားနဲ့အတူ ပါဝင်တာတွေအားလုံး ထည့်ပေးကာ နယ်ပေးပါ
  • ပြီးတာနဲ့ ဝက်သားလုံးလေးတွေ ရလာအောင် လုံးပေးပါ
  • ဒယ်အိုးထဲမှာ ဆီများများထည့်ပြီး မီးဖိုပေါ်တင်ကာ အပူပေးပါ
  • ဆီပူလာတာနဲ့ မီးကိုအနေတော် လျှော့ပေးပြီးမှ ဝက်သားလုံးများကို အိုးဆန့်သလောက် ထည့်ကြော်ပေးပါ
  • ဝက်သားလုံးလေးတွေ တစ်ဖက်ကျက်တာနဲ့ နောက်တစ်ဖက်ကို လှန်ပေးပြီး ကြော်ပေးပါ
  • ဝက်သားလုံး တစ်ခုလုံး ရွှေဝါရောင် သန်းလာတာနဲ့ ဆယ်ပြီးဆီစစ်ပေးပါ
  • ဆီစစ်သွားတာနဲ့ ဝက်သားလုံးကြော် မွှေးမွှေးလေးကို ထမင်းပူပူလေးနဲ့ စားသုံးရန် ပြင်ပေးနိူင်ပါပြီ။

No comments:

Post a Comment