Sunday 2 June 2024

ချဉ်ငံစပ် ဝက်သားသုပ်

 



မာမာ ဒီနေ့တော့ ဝက်သားသုပ် သုပ်စားဖြစ်ပါတယ် စားလို့ကောင်းပြီး ထမင်းပူပူလေးနဲ့ လိုက်ဖက်တဲ့အတွက် မာမာပြင်ဆင်ပြီး သုပ်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ဝက်သားပြုပ်ရန် ပါဝင်ပစ္စည်းများ

  1. ဝက်သား သုံးထပ်သား - 350 g
  2. ဗီနီကာ - ထမင်းစားဇွန်း နှစ်ဇွန်း
  3. ဆား  - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  4.  ချင်း - လက်တစ်ဆစ်ခန့်


ဝက်သားပြုပ်ပုံ

  • ဝက်သားကို ရေဆေးပြီး ဆား အရသာမှုန့်နှင့် ဗီနီကာတို့ထည့်ကာ နယ်ထားပါ
  • ချင်းကိုအခွံခွာပြီး ရေဆေးကာ ထောင်းထားပါ
  • ပြီးတာနဲ့ အိုးထဲမှာ ရေထည့်ပြီး ထောင်းထားသော ချင်းကိုထည့်ပြီး ပြုပ်ပေးပါ
  • ရေများ ပွက်ပွက်ဆူလာပါက အရသာ နယ်ထားသော ဝက်သားတုံးကို ထည့်ပြုပ်ပေးပါ
  • ဝက်သားများ အနေတော် နူးလာပါက ဆယ်ပြီးရေစစ်ထားပါ။
အသုပ်သုပ်ရန် ပါဝင်ပစ္စည်းများ
  1. ဝက်သားပြုပ်ပြီးသား
  2. အရသာမှုန့်
  3. ငါးငံပြာရည်
  4. ဂေါ်ဖီ
  5. နံနံပင်
  6. သံပုရာသီး
  7. ငရုတ်သီးစိမ်း

အသုပ်သုပ်ရန် ပြင်ဆင်ပုံ

  • ရေစစ်ထားသော ဝက်သားတုံးကို မထူမပါးလေးတွေ လှီးထားပါ
  • အရသာမှုန့်နှင့် ငါးငံပြာရည်တို့ကို အဆင်သင့် ပြင်ထားပါ
  • ဂေါ်ဖီကို ရေဆေးပြီး ခပ်ပါးပါးလေးတွေ လှီးထားပါ
  • နံနံပင်ကို ရေဆေးပြီး မထူမပါးလေးဆွေ လှီးထားပါ
  • သံပုရာသီးကို ရေဆေးပြီး ထက်ဝက်ခြမ်းထားပါ
  • ငရုတ်သီးစိမ်းကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ။
အသုပ်သုပ်ပုံ
  • ဇလုံတစ်လုံးထဲမှာ ဝက်သား နံနံပင်နှင့် ငရုတ်သီးစိမ်းတို့ ထည့်ပေးပါ
  • ပြီးတာနဲ့ ငါးငံပြာရည်နှင့် အရသာမှုန့်တို့ထည့်ကာ  သံပုရာရည်ညှစ်ပြီး နယ်ပေးပါ
  • အရသာ သမအောင် နယ်ပြီးတာနဲ့ အရသာ မြည်းပေးကာ မိမိနှစ်သက်တဲ့ အရသာ ရလာအောင် ပြင်ပေးပါ
  • အရသာ သမသွားတာနဲ့ အရမ်းစပ်ပြီး စားလို့ကောင်းလွန်းတဲ့ ဝက်သားသုပ်ကို စားသုံးရန် ပြင်ပေးနိူင်ပါပြီ။

No comments:

Post a Comment