Tuesday 25 June 2024

ပဲပြုပ်မျှစ်ကြော်




မာမာ ဒီနေ့တော့ ပဲပြုပ် ပြုပ်ဖြစ်တဲ့အတွက် ပဲပြုပ်နဲ့ မျှစ်ကို ကြော်ပါတယ်။
 ကြော်ရတာတော့ အရမ်းမြန်ပြီး စားလို့အရမ်းကောင်းပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

 ပါ၀င်ပစ္စည်းများ
  1. ပဲပြုပ် - ဟင်းပြင်ပန်းကန်အသေး တစ်လုံးစာ
  2. မျှစ် - မိမိနှစ်သက်သလောက် ထည့်ပေးပါ
  3. ကြက်သွန်နီ - အနေတော် တစ်ဥ
  4. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  5. ဆီ - ထမင်းစားဇွန်း ဆယ်ဇွန်းခန့်
  6. နနွင်းမှုန့်. - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
ပြင်ဆင်ပုံ
  • မျှစ်ကိုနူးအောင် ပြုပ်ပေးပြီး အမျှင်လေးတွေ ရလာအောင် ခြစ်ပေးထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • လိုအပ်သော ပစ္စည်းများကို ပြင်ထားပါ
  • အောက်ခြေမကပ်သော အိုးကိုအပူပေးပြီး ဆီနှင့်နနွင့်မှုန့်ကိုထည့်ပါ
  • ဆီပူလာပါက ကြက်သွန်နီကို ထည့်ပြီး မွှေးလာအောင် ကြော်ပေးပါ
  • ကြက်သွန်ကြော်နံ့ မွှေးလာတာနဲ့ မျှစ်များကို ထည့်ပေးကာ  ကြော်ပေးပါ
  • ပြီးတာနဲ့ ပဲပြုပ်ကို ထည့်မွှေပေးပါ
  • အားလုံး သမသွားတာနဲ့ ဆားနှင့် အရသာမှုန့် တို့ကိုထည့်ပြီး တစ်မိနစ်လောက် ကြော်ပေးပါ
  • အားလုံး အရသာ သမသွားပြီ ဆိုတာနဲ့ အရသာမြည်းပြီး မိမိစိတ်ကြိုက် အရသာကို လိုသလို ပြင်ပေးပြီးပါက ပဲပြုပ်မျှစ်ကြော် မွှေးမွှေး စိမ့်စိမ့်လေး ရပါပြီ။

No comments:

Post a Comment