Thursday 27 June 2024

မန်ကျည်းရွက် ချဉ်ရည်ဟင်း

 



ဒီနေ့တော့ မန်ကျည်းရွက် ပေါင်းပြီးသား ပုလင်းလေး ဝယ်လာပြီး ငါးခူနဲ့ ချဉ်ရည်ဟင်းလေး ချက်ဖြစ်ပါတယ်
  ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ချဉ်ရည်ဟင်း ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. မန်ကျည်းရွက်  - တစ်ပုလင်း
  2. ငါးခူ - အနေတော်တစ်ကောင်
  3. ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  4. ကြက်သွန်ဖြူ  - အမွှာကြီးကြီး နှစ်မွှာ
  5. ချင်း - လက်တစ်ဆစ်ခန့်
  6. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  7. ဆီ - ထမင်းစားဇွန်း နှစ်ဇွန်း
  8. ငါးငံပြာရည် - ထမင်းစားဇွန်း သုံးဇွန်း
  9. ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်
  10. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
ငါးဆေးရန်
  • ငါးခူကို မလိုတာတွေ ဖယ်ပေးပြီး ဆားနှင့် မန်ကျည်းသီးမှည့်ထည့်ကာ နယ်ပေးပါ
  • ငါးမှ အချွဲများ ထွက်လာပါက ရေစင်အောင်ဆေးထားပါ။

ပြင်ဆင်ပုံ
  • မန်ကျည်းရွက်ပုလင်းကိုဖွင့်ပြီး ရေစစ်ထားပါ
  • ငါးကိုမလိုတာတွေ ဖယ်ပေးကာ ဆားနှင့် မန်ကျည်းသီးမှည့်တို့နဲ့ နယ်ပေးကာ ရေစင်အောင် ဆေးပေါးပါ
  • ပြီးတာနဲ့ အနေတော် အတုံးလေးတွေ တုံးပေးကာ ဆား နနွင်းနှင့် အရသာမှုန့်တို့ထည့်ကာ နယ်ပေးထားပါ 
  • ကြက်သွန်ဖြူ  ကြက်သွန်နီ ချင်းတို့ကို အခွံခွာပြီး ရေဆေးကာ ငရုတ်သီး အရောင်တင်မှုန့်နှင့်ရောပြီး  ညက်နေအောင် ထောင်းထားပါ
  • ဇောက်နက်သော အိုးထဲမွာ မန်ကျည်းရွက်များ အရသာ နယ်ထားသောငါး  နနွင်းမှုန့် ဆား ငါးငံပြာရည် အရသာမှုန့် ဆီ ငရုတ်သီး ထောင်းတို့ကိုထည့်ပြီး အရသာဝင်သွားအောင် နယ်ပေးပါ
  • အရသာ နယ်ပြီးပါက ရေအနည်းငယ်ထည့်ပြီး တည်ပေးပါ
  • အရင်ဆုံး ဟင်းအိုး လုံးရည် ရေဆူအောင် တည်ပေးပါ
  • ရေဆူလာတာနဲ့ အထက်အောက် သမအောင်မွှေပေးပြီး အဖုံးအုပ်ကာ ပြန်တည်ထားပါ
  • အရွက်များ တော်တော်လေး နွမ်းလာတာနဲ့  ရေလိုသလောက်ထည့်ပြီး ပွက်ပွက်ဆူအောင် ပြန်တည်ပေးပါ
  • ရေပွက်ပွက်ဆူလာတာနဲ့  သုံးမိနစ်လောက် ထပ်ဆူအောင် တည်ပေးပါ
  • ပြီးတာနဲ့ အရသာမြည်းပြီး လိုသလို ပြင်ပေးကာ  မီးပိတ်ပေးပါ
  •  ထမင်းမြိန်စေမဲ့  အရသာ မွှေးလွန်းတဲ့ မန်ကျည်းရွက် ချဉ်ရည်ဟင်း ပူပူလေးကို  စားသုံးရန်င် ပြင်ဆင်ပေးနိူင်ပါပြီ။

No comments:

Post a Comment