Thursday 29 February 2024

ပဲနီပြားသုပ်

 



မာမာ ဒီနေ့တော့ ပဲနီပြား ပြုပ်ပြီးသားလေးတွေကို နံနံပင် ကြက်သွန်နီနဲ့ ပဲဆီစိမ်းလေး ထည့်ပြီး မွှေးနေအောင် သုပ်ပါတယ် ငရုတ်သီးစိမ်းလေးတွေ ပါမယ်ဆိုရင်တော့ ပိုပြီးစားလို့ ကောင်းပါတယ်။

ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး  လွယ်ကူမြန်ဆန်ပြီး စားလို့ကောင်းတဲ့ သတ်သတ်လွတ် ပဲသုပ်သုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။


ပါ၀င်ပစ္စည်းများ

  1. ပြုပ်ပြီးသား ပဲနီပြား - အနေတော် တစ်ပန်းကန်စာ
  2. ဆားအနု - လက်ဖက်ရည်ဇွန်း တစ်ဝက်
  3. နံနံပင် - အနည်းငယ်
  4. ကြက်သွန်နီ အလုံးသေး - မိမိနှစ်သက်သလောက် (shallot onionကို သုံးပေးပါ)
  5. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  6. ပဲဆီ - ထမင်းစားဇွန်း သုံးဇွန်း

ပြင်ဆင်ပုံ

  • ပြုပ်ပြီးသား ပဲနီပြား တစ်ပန်းကန်စာကို အဆင်သင့် ပြင်ပေးထားပါ
  • နံနံပင်ကိုရေဆေးပြီး မထူမပါးလေးတွေ လှီးထားပါ
  • ကြက်သွန်နီကို အခွံခွာကာ အလုံးလိုက် ရေဆေးပြီး ခပ်ပါးပါး လှီးပေးထားပါ
  • နံနံပင် ကြက်သွန်နီ ဆားအနုနှင့် အရသာမှုန့်တို့ကို ပြင်ထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဇလုံတလုံးထဲမှာ ပါ၀င်ပစ္စည်းများထည့်ပြီး ခပ်ဖွဖွ နယ်ပေးပါ
  • အရသာ နယ်ပြီးပါက အရသာမြည်းပြီး လိုသလိုပြင်ကာ  သတ်သတ်လွတ် ပဲနီပြား ပဲသုပ်လေးကို မိမိနှစ်သက်သလို သုံးဆောင်နိူင်ပါပြီ။

No comments:

Post a Comment