Saturday 9 March 2024

ဝက်လက်စွပ်ပြုပ်

 


မာမာဒီနေ့တော့ ဝက်လက်လေးတွေကို စွပ်ပြုပ်ပြုပ်ပါတယ် သောက်လို့ကောင်းတဲ့အတွက် မာမာပြင်ဆင်ပြီး ပြုပ်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ဝက်လက် - တစ်ကီလို
  2. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း 
  3. သကြား - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  4. နာနတ်ပွင့် - တစ်ပွင့်
  5. ခရုဆီ - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  6. ပဲငံပြာရည်အနောက် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  7. ငရုတ်ကောင်းမှုန့် - အနည်းငယ်
  8. နှမ်းဆီမွှေး - ‌လက်ဖက်ရည်ဇွန်း တစ်ဝက်
  9. ကြက်သွန်မိတ် - သုံးပင်
  10. ကြက်သွန်ဖြူ   - အမွှာကြီးကြီး လေးမွှာ
  11. ချင်း - ခပ်ပါးပါး သုံးပြား

ချက်ပြုပ်ပြင်ဆင်ပုံ

  1. ဝက်လက်ကို အတုံးကြီးကြီး တုံးပေးပါ
  2. အမွှေးအမျှင်များ သေသေချာချာ သန့်စင်ရေဆေးကာ ရေစစ်ထားပါ
  3. ပြီးတာနဲ့ ဝက်လက်များကို ဆား ငရုတ်ကောင်း ပဲငံပြာရည်အနောက်တို့ ထည့်နယ်ပေးပါ
  4. ကြက်သွန်ဖြူနှင့် ချင်းကို အခွံခွာပြီး ရေဆေးကာ ဓားပြားရိုက်ထားပါ
  5. ကြက်သွန်မိတ်ကို ရေဆေးပြီး မထူမပါးလေးတွေ လှီးထားပါ
  6. ဒယ်အိုးထဲမှာ သကြားထည့်ပြီး သကြားများ ညိုရောင်သန်းလာတဲ့အထိ လှော်ပေးပါ
  7. သကြားများ ညိုလာတာနဲ့ အရသာ နယ်ထားသော ဝက်လက်များ ထည့်ပြီး သုံးမိနစ်ခန့် မွှေပေးပါ
  8. ပြီးတာနဲ့ လှော်ထားသော ဝက်လက်များကို Pressure Cooker အိုးထဲသို့ ပြောင်းထည့်ပေးပါ
  9. Pressure Cooker အိုးထဲမှာ ဝက်လက်များနှင့်အတူ ကြက်သွန်ဖြူ ချင်း ခရုဆီ နာနတ်ပွင့်တို့ ထည့်ပြီး ဆူအောင်တည်ပေးပါ
  10. ရေပွက်ပွက် ဆူလာပါက မိနစ်ငါးဆယ်ခန့် တည်ပေးပါ
  11. ဝက်လက်မှာ ကပ်နေတဲ့ အသားများ နူးလာပါက အရသာ မြည်းပေးပါ
  12. မိမိစိတ်ကြိုက် အရသာ ရလာအောင် ပြင်ပေးပြီး မီးပိတ်ပေးပါ
  13. စွပ်ပြုပ်ပြင်ဆင်မည့် ပန်းကန်ထဲမှာ ဝက်လက်နှင့် စွပ်ပြုပ် အရည်ထည့်ပြီး ငရုတ်ကောင်းမှုန့်နှင့် ကြက်သွန်မိတ် ထည့်ပေးကာ ဝက်လက်စွပ်ပြုပ် ပူပူလေးကို သုံးဆောင်နိူင်ပါပြီ။

No comments:

Post a Comment