Tuesday 12 March 2024

ဝက်သားသုပ်

 


အရင်ရက်က အသားများတဲ့ ဝက်သားတုံးလေး ဝယ်လာဖြစ်တာနဲ့  ဝက်သားသုပ်လေး လုပ်ဖြစ်ပါတယ် ဒါကြောင့်မို့လို့ အရမ်းစပ်ပြီး စားလို့အရမ်းကောင်းတဲ့အတွက် မာမာပြင်ဆင်ပြီး သုပ်ထားတဲ့ အသုပ်သုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ဝက်သားပြုပ်ပြီးသား - အနေတော် တစ်တုံး
  2. သံပုရာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  3. ငါးငံပြာရည်  - လက်ဖက်ရည်ဇွန်း တစ်ဇွန်းသာသာ
  4. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  5. ငရုတ်သီး အလှော်မှုန့် - မိမိနှစ်သက်သလောက်
  6. သခွားသီး - မိမိနှစ်သက်သလောက်
  7. နံနံပင် - မိိနှစ်သက်သလောက်
  8. ငရုတ်သီးစိမ်း - မိမိနှစ်သလောက်
  9. ငရုတ်ဆီ - ထမင်းစားဇွန်း နှစ်ဇွန်း
  10. ကြက်သွန်နီ - မိမိနှစ်သက်သလောက်


အသုပ်သုပ်ရန် ပြင်ဆင်ပုံ

  • ဝက်သားပြုပ်ပြီးသားကို မထူမပါးလေးတွေ လှီးပေးပြီး အဆင်သင့် ပြင်ထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • နံနံပင်ကို ရေဆေးပြီး မထူမပါး လှီးထားပါ
  • ငရုတ်သီးစိမ်းကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  • သခွားသီးကို ရေဆေးပြီး မထူမပါးလေးတွေ လှီးထားပါ
  • သံပုရာသီးကို ရေဆေးပြီး အဆင်သင့် ပြင်ထားပါ
  • ပါဝင်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
အသုပ်သုပ်ပုံ
  • ဇလုံတစ်လုံးထဲမှာ ဝက်သား ကြက်သွန်နီ ငရုတ်သီး အလှော်မှုန့် ငရုတ်ဆီ သခွားသီး နံနံပင်နှင့် ငရုတ်သီးစိမ်းတို့ ထည့်ပေးပါ
  • ပြီးတာနဲ့ ငါးငံပြာရည်နှင့် အရသာမှုန့်တို့ထည့်ကာ  သံပုရာရည်ညှစ်ပြီး နယ်ပေးပါ
  • အရသာ သမအောင် နယ်ပြီးတာနဲ့ အရသာ မြည်းပေးကာ မိမိနှစ်သက်တဲ့ အရသာ ရလာအောင် ပြင်ပေးပါ
  • အရသာ သမသွားတာနဲ့ အရမ်းစပ်ပြီး စားလို့ကောင်းလွန်းတဲ့ ဝက်သားသုပ်ကို စားသုံးရန် ပြင်ပေးနိူင်ပါပြီ။

No comments:

Post a Comment