Monday 4 March 2024

ဆန်လှော်ဆန်ပြုပ်


ဒီနေ့တော့ အသားမပါဘဲ သတ်သတ်လွတ် ဆန်ပြုပ်လေးပြုပ်ကာ အီကြာကွေးနဲ့ သောက်ပါတယ်။

အရမ်းသောက်လို့ ကောင်းလွန်းတဲ့အတွက် မာမာပြင်ဆင်ပြီး ပြုပ်ထားတဲ့ ဆန်ပြုပ်ပြုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ဆန်လှေ် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူး
  2. ကြက်သွန်နီ - ဥအသေး ဆယ်လုံး (ဆန်ပြုပ်ထဲထည့်ရန်)
  3. ဆား - လက်ဖက်ရည်ဇွန်း နှစ်ဇွန်း 
  4. ကြက်သွန်မိတ် - အပင်ကြီးကြီး ၃ပင်
  5. အရသာမှုန့် - လက်ဖက်ရည်ဇွန်း နှစ်ဇွန်း
  6. ကြက်သွန်ဖြူ - အမွှာကြီးကြီး၄မွှာ (ဆန်ပြုပ်ထဲထည့်ရန်)
  7. ငရုတ်ကောင်းမှုန့် - လိုသလောက် ပြင်ပေးပါ
  8. ကြက်သွန်ဖြူ ဆီချက် - လိုသလောက် ပြင်ထားပါ
  9. အီကြာကွေး - လိုသလောက် ပြင်ထားပါ
ပြင်ဆင်ပုံ
  • ဇောက်နက်သော အိုးထဲမှာ ဆန်လှေ်ကိုထဲ့ပြီး ရေများများထဲ့ပြီး နူးအောင်ပြုပ်ထားပါ
  • ဆန်လုံးများ ကျေလာအောင် ပြုပ်ပေးပါ
  • ကြက်သွန်နီ ဥအသေးများကို အခွံခွာပြီး ရေဆေးထားပါ
  • ကြက်သွန်မိတ်ကို ရေဆေးပြီး ခပ်နုတ်နုတ်လေးတွေ လှီးထားပါ
  • ကြက်သွန်ဖြူ  ဆီချက်နှင့် ငရုတ်ကောင်းမှုန့်တို့ကို အဆင်သင့ပြင်ထားပါ
  • အီကြာကွေးကို မထူမပါးလေးတွေ ညှပ်ထားပါ
  • ဆန်ပြုပ်များ မနူးသေးပါက ဆန်နူးတဲ့ထိ ရေထပ်ထပ်ထဲ့ပြီး ပြုပ်ပေးပါ
  • ဆန်ပြုပ်နေစဉ် အိုးမကပ်အောင် မကြာမကြာ မွှေမွှေပေးပါ
  • ဆန်များနူးပြီ ဆိုပါက ရေကို မိမိလိုသလောက် ထဲ့ပေးပြီး ကြက်သွန်ဥလေးများကို ထဲ့ပြုပ်ပေးပါ
  • ဆားနှင့်အရသာမှုန့် တို့ကိုထဲ့ပြီး အရသာ သမအောင် မွှေပေးပြီး အရသာ မြည်းပေးပါ
  • မိမိနှစ်သက်သော အရသာ ရလာအောင် ပြင်ပေးပြီး ကြက်သွန်ဥလေးများ နူးလာပါက မီးနွေးနွေးနဲ့ တည်ထားပါ
  • ပန်းကန်လုံးထဲမှာ ဆန်ပြုပ်ကို မိမိ လိုသလောက် ထဲ့ပေးကာ သောက်ကာနီးမှ အီကြာကွေး ငရုတ်ကောင်းမှုန့်  ကြက်သွန်ဖြူ ဆီချက်နှင့် ကြက်သွန်မိတ်ဖြူးပေးပြီး သောက်နိူင်ပါပြီ။

No comments:

Post a Comment