မာမာ ဒီနေ့တော့ မုံလာဥကို အစိမ်းသုပ်လေး သုပ်စားဖြစ်ပါတယ် အသားစားရတာကို မနှစ်သက်တဲ့ သူတွေအတွက်တော့ အခုလို အသုပ်လေးတွေက ထမင်းကို အရမ်းမြိန်စေပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး သုပ်ထားတဲ့ မုံလာဥ အစိမ်းသုပ် အသုပ် သုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ
- မုံလာဥ - အနေတော်တစ်ဥ
- မြေပဲလှော်ထောင်း - ထမင်းစားဇွန်း နှစ်ဇွန်း
- သံပုရာသီး - အနေတော် တစ်ခြမ်း
- ပဲအကျက်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်းမောက်မောက်
- ပုဇွန်ခြောက်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်းမောက်မောက်
- ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
- ကြက်သွန်ဖြူဆီချက် - ထမင်းစားဇွန်း နှစ်ဇွန်း
- ကြက်သွန်နီ - အနေတော် တစ်ခြမ်း
- ငရုတ်သီး အလှော်မှုန့် - စားနိူင်သလောက်
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်
- မုံလာဥကို အပြင်ခွံများ ခွာကာ ရေစင်အောင် ဆေးပေးပါ
- ပြီးတာနဲ့ ခြစ်တံနှင့် ခြစ်ပေးပါ
- ခြစ်ပြီးသား မုံလာဥများကို ရေခဲရေထဲမှာ နာရီဝက်လောက် စိမ်ပေးကာ ရေစစ်ထားပါ
- ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
- သံပုရာသီးကို ရေဆေးပြီး အစိတ်လေးတွေ လှီးထားပါ
- ပါ၀င်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
- ဇလုံကျယ်ကျယ်ထဲမှာ ခြစ်ထားသော မုံလာဥများ ကြက်သွန်နီ မြေပဲလှော်ထောင်း ပုဇွန်ခြောက်မှုန့် ပဲမှုန့် ငရုတ်သီးမှုန့် အရသာမှုန့် ကြက်သွန်ဖြူဆီချက် ငါးငံပြာရည်နှင့် သံပုရာရည် တို့ထည့်ပြီး ခပ်ဖွဖွ နယ်ပေးပါ
- နယ်ဖတ်ပြီးပါက အရသာမြည်းပြီး လိုသလို ပြင်ပေးကာ ချဉ်ငံစပ် အရသာလေးနဲ့ မုံလာဥ အစိမ်းသုပ် အသုပ်လေးကို နှစ်သက်သလို စားသုံးနိူင်ပါပြီ။
ပြင်ဆင်ပုံ
No comments:
Post a Comment