မာမာ ဒီနေ့တော့ အရင်ရက်က ချဉ်ပေါင်ကြော်ထားတာလေးတွေ ကျန်နေသေးတာနဲ့ ထမင်းပူပူလေးနဲ့ ရောပြီး သုပ်စားဖြစ်ပါတယ်။
ချဉ်ပေါင်ကြော်နဲ့ ထမင်းကို သုပ်စားရတာ အရသာ ရှိလွန်းတဲ့အတွက် မာမာပြင်ဆင်ပြီး သုပ်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ
- ထမင်း - ဟင်းပြင်ပန်းကန် တစ်လုံးစာ
- ချဉ်ပေါင်ကြော် - ထမင်းစားဇွန်း ခပ်မောက်မောက် သုံးဇွန်းသာသာ
- ငါးပိရည် ကျိုပြီးသား - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
- ငရုတ်သီးအလှော်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- ဆီ - ထမင်းစားဇွန်း တစ်ဇွန်း
ပြင်ဆင်ပုံ
- ဇလုံတစ်လုံးထဲမှာ ပါဝင်ပစ္စည်းများ အားလုံးကို ရောထည့်ပေးပါ
- ပြီးတာနဲ့ အရသာ သမသွားအောင် ခပ်ဖွဖွ နယ်ပေးပါ
- အရသာ သမသွားတာနဲ့ အရသာကို မြည်းပေးပါ
- မိမိစိတ်ကြိုက် အရသာ ရလာအောင် လိုသလို ပြင်ပေးပြီးပါက ချဉ်ငံစပ် ချဉ်ပေါင်ကြော် ထမင်းသုပ်ကို စားသုံးနိူင်ပါပြီ။
No comments:
Post a Comment