ဒီနေ့တော့ ကြက်တောင်ပံ လေးတွေကို မွှေးပြီးမွနေအောင် ကြော်ထားပါတယ် ကြော်ပြီးတဲ့အခါ ပျားရည်နံ့လေး သင်းနေတဲ့အတွက် ထမင်းပူပူလေးနဲ့ လိုက်ဖက်လွန်းပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ
- ကြက်တောင်ပံ - ခြောက်ခု
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
- ပျားရည် - ထမင်းစားဇွန်း နှစ်ဇွန်း
- ဆီ - လိုသလောက် သုံးပေးပါ
ပြင်ဆင်ပုံ
- ကြက်တောင်ပံများကို အတုံးလိုက် ရေဆေးပြီး ရေစစ်ထားပါ
- ရေစစ်သွားတာနဲ့ ကြက်တောင်ပံများကို ဆား နနွင်းမှုန့်နှင့် အရသာမှုန့်တို့ထည့်ကာ အရသာဝင်အောက် နယ်ပေးပါ
- ပြီးတာနဲ့ အရသာဝင်အောင် ဆယ်မိနစ်လောက် နှပ်ထားပေးပါ
- ကြက်သားများ အရသာဝင်အောင် နှပ်ထားတာ ရတာနဲ့ ကြော်ဖို့ ပြင်ဆင်ပေးပါ
- ပြီးတာနဲ့ ဇောက်နက်သော အနေတော် အိုးထဲကို ဆီကို အိုးတစ်ဝက်နီးပါးလောက် ထည့်ပြီး အပူပေးပါ
- ဆီပူလာတာနဲ့ မီးကိုအနေတော် လျှော့ပေးပြီးမှ ကြက်သားကို အိုးဆန့်သလောက် ထည့်ကြော်ပါ
- ကြော်နေစဉ် မီးအရမ်း မပြင်းဖို့ သတိထားကာ အထက်အောက် မကြာမကြာ လှန်ပေးကာ အပြင်ခွံလေး ကြွတ်လာပြီ ဆိုတာနဲ့ ဆယ်ထားပါ
- အထက်ပါ နည်းအတိုင်း ကြက်သားများ ကုန်အောင် ကြော်ပေးပါ
- ပြီးတာနဲ့ ကြက်သားများကို ဆယ်ပြီးဆီစစ်ပေးပါ
- ပျားရည်နံ့ သင်းသင်းလေးနဲ့ ကြက်သားကြော် အပြင်ခွံ မွှေးမွှေးကြွတ်ကြွတ်လေးကို ထမင်းပူပူလေးနဲ့ စားသုံးရန် ပြင်ပေးနိူင်ပါပြီ။
No comments:
Post a Comment