Wednesday 15 May 2024

ဘဲဥ ချဉ်ရည်ဟင်း

 


ဒီနေ့တော့ ဘဲဥချဉ်ရည်ဟင်း စားချင်စိတ် ပေါ်လာတာနဲ့ ဘဲဥချဉ်ရည်ဟင်း ချက်ဖြစ်ခဲ့ပါတယ် ချက်နည်းလေးကတော့ မကြာမကြာ ချက်ဖြစ်တဲ့ ချက်နည်းလေး အတိုင်းဘဲ ချက်ထားတဲ့အတွက် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ချက်နည်းလေးကို ထပ်မံပြီးတော့ မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ဘဲဥ - ရှစ်လုံး
  2. ကြက်သွန်နီ - အနေတော် တစ်ဥ
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  4. ချင်း - လက်တစ်ဆစ်
  5. မန်ကျည်းသီးမှည့်အနှစ် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  6. မဆလာ - လက်ဖက်ရည်ဇွန်း တစ်ဝက်
  7. ငါးငံပြာရည် - ထမင်းစားဇွန်း သုံးဇွန်း
  8. ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်
  9. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  10. ငရုတ်သီးအရောင်တင်မှုန့်. - လက်ဖက်ရည်ဇွန်းတစ်ဇွန်းခွဲ
  11. အရသာမှုန့် - လက်ဖက်ရည်ဇွန်းတစ်ဇွန်း
  12. ဆီ - ထမင်းစားဇွန်း ရှစ်ဇွန်း

ပြင်ဆင်ပုံ
  • ဘဲဥကို ကျက်အောင် ပြုပ်ပေးပြီး အခွံခွာကာ ဓါးနှင့်အရှည်လိုက်လေးတွေ လိုက်လှီးပေးပါ
  • ကြက်သွန်နီ ကြက်သွန်ဖြူ  ချင်းတို့ကို အခွံခွာပြီး ရေဆေးကာ ငရုတ်သီး အရောင်တင်မှုန့်နှင့် ရောပြီး ညက်နေအောင် ထောင်းပေးပါ
  • ပါ၀င်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
  • ဒယ်အိုးတစ်လုံးထဲမှာ ဆီနှင့်နနွင်းမှုန့်ထည့်ပေးကာ အပူပေးပါ
  • ဆီပူလာပါက ထောင်းထားသော ကြက်သွန်နီ ကြက်သွန်ဖြူ  ချင်း ငရုတ်သီးမှုန့်ထောင်းတို့ကို ထည့်ပေးကာ မွှေးလာတဲ့အထိ ဆီသတ်ပေးပါ
  • ငရုတ်သီးနံ့ မွှေးလာတာနဲ့ ငါးငံပြာရည်ကိုပါ တစ်ခါထဲ ထည့်ပေးကာ ဆီသတ်ပေးပါ
  • ငံပြာရည်နံ့ သင်းလာတာနဲ့ ရေထည့်ကာ တည်ပေးပါ
  • ပြီးတာနဲ့ အရသာမှုန့်နှင့် ဆားထည့်ကာ တည်ပေးပါ
  • မန်ကျည်းသီးမှည့် အနှစ်ထည့်ပေးကာ ဟင်းရည်ကို အရသာမြည်းပြီး လိုသလို ပြင်ပေးပါ
  • ဟင်းရည်အရသာ အနေတော် ရလာတာနဲ့  ဘဲဥကို ထက်ခြမ်းခြမ်းကာ ထည့်ပေးပြီး တည်ပေးပါ
  • ဆီကျန်ရေကျန် အနေအထားလေး ရလာတာနဲ့ မဆလာအုပ်ပေးကာ မီးပိတ်ပေးပါ
  • ပြီးတာနဲ့ မဆလာနံ့ သင်းနေတဲ့ ဘဲဥချဉ်ရည်ဟင်းကို စားသုံးရန် ပြင်ပေးနိူင်ပါပြီ။

No comments:

Post a Comment