ဒါကြောင့်မို့လို့ ကြည့်ရင်တော့ လွယ်လွယ်လေးပါဘဲ တစ်ကယ်တမ်း လုပ်ကြည့်တော့မှ ချိန်ရဆရတာ အနည်းငယ်လေး ခက်ခဲတဲ့အတွက် မာမာပြင်ဆင်ပြီး လုပ်ထားတဲ့ ပဲရေပွ လုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပဲပြုပ်ရန် ပါဝင်ပစ္စည်းများ
- ပဲ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူး
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- ရေ - လိုသလောက်သုံးပေးပါ
- ကြက်သွန်ဖြူ - အမွှာကြီးကြီး ဆယ်မွှာခန့်
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း - တစ်ဇွန်း
- ဆီ - ထမင်းစားဇွန်း ဆယ်ဇွန်းခန့်
ပြင်ဆင်ပုံ
- ပဲကို ရေတစ်ထပ်ဆေးပြီး နာရီဝက်လောက် ရေစိမ်ပေးပါ
- ရေစိမ်ပြီးတာနဲ့ အိုးအသားထူသော ဒယ်အိုးထဲကို ထည့်ပေးပါ
- ပြီးတာနဲ့ မီးအနေတော်နဲ့ အပူပေးပြီး လှော်ပေးပါ
- လှော်နေစဉ်အကျက်ညီအောင် မွှေမွှေပေးပါ
- ပဲသားလေးတွေ ပြောင်းတင်းလာပြီ ဆိုရင်တော့ ပြုပ်မည့်အိုးထဲကို ပြောင်းထည့်ပေးပါ
- ပဲမြုပ်ရုံလောက် ရေထည့်ပြီး ပြုပ်ပေးပါ
- ပြုပ်တဲ့နေရာမှာ ပဲများ ပျော့အိသွားတဲ့ထိ ပြုပ်စရာ မလိုပါ
- ရေမခမ်းခင် ပဲသားလေးတွေကို ဖိကြည့်လို့ ခပ်အိအိလေး ဖြစ်သွားပြီ ဆိုရင်တော့ ပဲများကို ဆယ်ပြီးရေစစ်ပေးပါ
- ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ မညက်တစ်ညက် ထောင်းထားပါ
- ပဲရေပွ ကြော်ရန်အတွက် ပါဝင်ပစ္စည်းများကို ပြင်ထားပါ
- ပဲများရေစစ်သွားတာနဲ့ အိုးအသားထူသော ဒယ်အိုးထဲကို ဆီထည့်ပြီး အပူပေးပါ
- ဆီပူလာတာနဲ့ ကြက်သွန်ဖြူကို ရွှေဝါရောင် သန်းတယ်ဆိုရုံလေး ကြော်ပေးပါ
- ပြီးတာနဲ့ ပဲများကို ထည့်ပေးပြီး မီးကို အနည်းငယ် လျှော့ပေးကာ အဖုံးခန အုပ်ထားပေးပါ
- အိုးကပ်ပြီး ပဲများမတူးစေရန် မွှေမွှေပေးပြီး ပဲကြော်အိုးထဲသို့ ဆားနှင့် အရသာမှုန့်တို့ ထည့်ပေးပါ
- မီးအေးအေးနဲ့ ကြော်ပေးရင်း ပဲများကြွတ်ရွလာပါက မီးပိတ်ပြီး အအေးခံထားပါ
- ပဲများအေးသွားပြီ ဆိုတာနဲ့ ပဲရေပွ ကြွတ်ကြွတ်ရွရွလေးကို စားသုံးနိူင်ပါပြီရှင်။
No comments:
Post a Comment