ဒီတစ်ခါတော့ မိမိအိမ်လေးထဲမှာဘဲ အလွယ်တစ်ကူ လုပ်စားနိူင်ပြီး အရသာလည်းရှိ လုပ်နည်းလေးလဲ လွယ်ကူတဲ့ ဘဲပေါင်းဆီချက် လုပ်နည်းဖြစ်တဲ့ မာမာပြင်ဆင်တဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါ၀င်ပစ္စည်းများ
- ဘဲပေါင် (သို့မဟုတ်) ရင်အုံသား - ၅ခု
- ခေါက်ဆွဲ အခြောက် - 350 g
- ကြက်သွန်ဖြူကြော် - အနည်းငယ်
- မြေပဲလှော် - လိုသလောက် သုံးပေးပါ
- နှမ်းဖြူ - ထမင်းစားဇွန်း ၃ဇွန်းခန့်
- ဆီ - လက်ဖက်ရည်အကြမ်းပန်းကန် ၂လုံးစာ
- ကြက်သွန်မြိတ် - လိုသလောက် သုံးပေးပါ
- ဟင်းခတ်မှုန့် - လိုသလောက် သုံးပေးပါ
- ပဲငံပြာရည်အကြည် - လိုသလောက် သုံးပေးပါ
- နာနတ်ပွင့် - တစ်ပွင့့်
- ချင်း ခပ်ပါးပါး - ၇ပြားခန့်
- ကြက်သွန်ဖြူ - ၄မွှာ
- ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
- ကင်းမွန် ငံပြာရည် - လိုသလောက် သုံးပေးပါ
ပြင်ဆင်ပုံ
- ခေါက်ဆွဲအခြောက်ကို သုံးမည်ဆိုပါက ပြုပ်ပြီးရေဆေးကာ ရေစစ်ထားပါ
- ဒယ်အိုးထဲကို ဆီထည့်ပြီး ဆီပူလာအောင် အပူပေးပါ
- ဆီပူလာတာနဲ့ မီးကိုပိတ်လိုက်ပြီး နှမ်းကိုထည့်ကာ မိနစ်၀က်လောက်ဘဲ ချကိပေးပြီး မီးဖိုပေါ်မှ ဖယ်ထားပါ
- ကြက်သွန်မြိတ်ကို ရေဆေးပြီး ပါးပါးလှီးထားပါ
- မြေပဲလှော်ကို အခွံချွတ်ပြီး မညက်တစ်ညက် ထောင်းထားပါ
- ကြော်ပြီးသား ကြက်သွန်ဖြူကြော်ကို မညက်တစ်ညက် ထောင်းထားပါ
- ဘဲအသားတုံးမ်ားကို ရေစင်အောင်ဆေးပြီး ဟင်းခတ်မှုန့် အနည်းငယ် ဆားတို့နှင့် နယ်ထားပါ
- ချင်းကို အခွံခွာကာ ရေဆေးပြီး ခပ်ပါးပါးလေးတွေ လှီးပေးထားပါ
- ကြက်သွန်ဖြူကို အခွံပြီး ရေဆေးကာ ဓားပြားရိုက်ပေးပါ
- အပူခံနိုင်သော ကြွေပန်းကန်လုံး တခုထဲမွာ အရသာနယ်ထားသော ဘဲသား နာနတ်ပွင့် ချင်းနှင့် ကြက်သွန်ဖြူ တို့ထည့်ပေးပါ
- ဘဲသားပန်းကန် ၀င်ဆန့်နိူင်မည့် ဇောက်နက်သော အိုးထဲမှာ ရေထည့်ပြီး ဘဲသားပန်းကန်ထည့်ပေးပါ
- ပေါင်းမည့်အိုး အောက်ခြေမှရေများ ပွက်ပွက်ဆူလာစဉ် ဘဲသားပန်းကန်ထဲ မ၀င်စေရန် ဘဲပေါင်းမည့် ပန်ကန်လုံးအောက်မှ သံဇကာခုံလေး တခုခံပေးပါ
- ပြီးတာနဲ့ အိုးကိုအဖုံးဖုံးပြီး ဘဲသားနူးအိလာတဲ့အထိ ပေါင်းပေးပါ
- ဘဲသားပေါင်းနေစဉ် အောက်ဖက်မှ ပေါင်းရည်မှာ မကြာမကြာ ခမ်းတတ်တဲ့အတွက် သတိထားပြီး ရေထပ်ထပ် ဖြည့်ပေးပါ
- ဘဲသားစပေါင်းစဉ် ပန်းကန်လုံးထဲမှာ ရေမထည့်ထားသော်လဲ ဘဲသားပေါင်းစဉ် ထွက်လာတဲ့ အရည်များ ပန်းကန်လုံးထဲမှာ ပြည့်လာပါလိမ့်မယ်
- ထိုအရည်များကို ဆီချက်ပွဲ ပြင်ဆင်ရာမှာ ပြန်သုံးပေးပါ
- ဘဲသား နူးအိလာပြီ ဆိုရင်တော့ ဆီချက်ခေါက်ဆွဲ ပြင်ဆင်နိူင်ပါပြီ။
စားပွဲပြင်ရန်
- ဇလုံပန်းကန် တစ်လုံးထဲမှာ ခေါက်ဆွဲဖတ် လက်တစ်ဆုတ်စာ ဘဲပေါင်းအသား ချက်ထားသော နှမ်းဆီချက် အနည်းငယ် ဟင်းခတ်မှုန့် အနည်းငယ် ကြက်သွန်မိတ် မြေပဲလှော်ထောင်း အနည်းငယ် ပဲငံပြာရည် အကြည်အနည်းငယ် ငံပြာရည် အနည်းငယ် ကြက်ပေါင်းရည် အနည်းငယ်ထည့်ပြီး ပြင်ဆင်ပေးပါ
- အဆင်သင့် ဖြစ်ပြီဆိုတာနဲ့ဘဲပေါင်းဆီချက် မွှေးမွှေးလေးကို မိမိနှစ်သက်ရာ အချဉ်ပွဲနှင့် စားသုံးနိူင်ပါပြီ။
No comments:
Post a Comment