ဒါကြောင့်မို့လို့ ထမင်းစားလို့ မြိန်စေမဲ့ ထောင်းနည်းစုံတွေထဲက မာမာပြင်ဆင်ပြီး ထောင်းထားတဲ့ ချင်းအမြှစ် ထောင်းနည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ
- ချင်းအမြှစ်
- ရှမ်းပဲပုတ်
- ကြက်သွန်ဖြူ
- ငရုတ်သီးစိမ်း
- ဆား
- အရသာမှုန့်
ပြင်ဆင်ပြုလုပ်ပုံ
- ချင်းအမြှစ်များကို ရေစင်အောင် ဆေးထားပါ
- ရှမ်းပဲပုတ်ကို မီးကင်ထားပါ
- ကြက်သွန်ဖြူကို အခွံခွါပြီး ရေဆေးထားပါ
- ငရုတ်သီးစိမ်းကို အညှာခြွေပြီး ရေဆေးထားပါ
- အားလုံးအဆင်သင့် ဖြစ်တာနဲ့ ငရုတ်ဆုံထဲမှာ ပါဝင်ပစ္စည်း အားလုံးကို ထည့်ထောင်းပေးပါ
- မိမိစိတ်ကြိုက် အရသာ ရလာအောင် ထောင်းပေးပြီးတာနဲ့ ချဉ်မြှစ်ထောင်း ပူပူစပ်စပ်လေး ရပါပြီ။
No comments:
Post a Comment