ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး သုပ်ထားတဲ့ ကြက်ခြေထောက် သုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ
- ပြုပ်ပြီးသား ကြက်ခြေထောက် - ဆယ်ချောင်း
- ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
- ယိုးဒယား ပုဇွန်ငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
- သံပုရာသီး - တစ်လုံး
- ကြက်သွန်ဖြူ - အမွှာကြီးကြီး ငါးမွှာ
- ငရုတ်သီးစိမ်း - ငါးတောင့်ခန့်
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- ပူစီနံ - မိမိနှစ်သက်သလောက်
ပြင်ဆင်ပုံ
- ပါဝင်ပစ္စည်းများ အားလုံးကို အဆင်သင့် ပြင်ထားပါ
- ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ မညက်တညက် ထောင်းထားပါ
- သံပုရာသီးကို ရေဆေးပြီး ထက်ဝက်ခြမ်း လှီးထားပါ
- ငရုတ်သီးစိမ်းကို ရေဆေးပြီး မထူမပါးလေးတွေ လှီးထားပါ
- ပူစီနံကို ရေဆေးထားပါ
- အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဇလု ခပ်ကြီးကြီးထဲမှာ အားလုံးထည့်ပြီး သံပုရာရည် ညှစ်ထည့်ကာအရသာ သမအောင် နယ်ပေးပါ
- အားလုံးအရသာ သမသွားတာနဲ့ အရသာကို မြည်းပေးပြီး ချိုချဉ်ငံစပ် အရသာကို မြည်းပေးကာ လိုအပ်တာကို မိမိစိတ်ကြိုက် အရသာ ရလာအောင် ပြင်ပေးပါ
- မိမိစိတ်ကြိုက် အရသာ ရလာပြီ ဆိုရင်တော့ ချဉ်ငံစပ် ကြက်ခြေထောက် သုပ်လေးကို စားသုံးရန် ပြင်ဆင်ပေးနိူင်ပါပြီ။
No comments:
Post a Comment