ဒါကြောင့်မို့လို့ အရမ်းစပ်ပြီး စားလို့အရမ်းကောင်းတဲ့အတွက် မာမာပြင်ဆင်ပြီး သုပ်ထားတဲ့ အသုပ်သုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ
- ဝက်သားချဉ် - အနေတော် တစ်တုံး
- သံပုရာရည် - ထမင်းစားဇွန်း တစ်ဇွန်း
- ငါးငံပြာရည် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းသာသာ
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
- ငရုတ်သီး အလှော်မှုန့် - မိမိနှစ်သက်သလောက်
- သခွားသီး - မိမိနှစ်သက်သလောက်
- နံနံပင် - မိမနှစ်သက်သလောက်
- ငရုတ်သီးစိမ်း - မိမိနှစ်သလောက်
- ကြက်သွန်နီ - မိမိနှစ်သက်သလောက်
ဝက်သားပြုပ်ပုံ
- ဝက်သားချဉ်ကို အဆင်သင့် ပြင်ထားပါ
- ဆား အရသာမှုန့်နှင့် ဗီနီကာတို့ထည့်ကာ နယ်ထားပါ
- ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
- နံနံပင်ကို ရေဆေးပြီး မထူမပါး လှီးထားပါ
- ငရုတ်သီးစိမ်းကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
- သခွားသီးကို ရေဆေးပြီး မထူမပါးလေးတွေ လှီးထားပါ
- သံပုရာသီးကို ရေဆေးပြီး အဆင်သင့် ပြင်ထားပါ
- ပါဝင်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
အသုပ်သုပ်ပုံ
- ဇလုံတစ်လုံးထဲမှာ ဝက်သားချဉ် ကြက်သွန်နီ ငရုတ်သီး အလှော်မှုန့် သခွားသီး နံနံပင်နှင့် ငရုတ်သီးစိမ်းတို့ ထည့်ပေးပါ
- ပြီးတာနဲ့ ငါးငံပြာရည်နှင့် အရသာမှုန့်တို့ထည့်ကာ သံပုရာရည်ညှစ်ပြီး နယ်ပေးပါ
- အရသာ သမအောင် နယ်ပြီးတာနဲ့ အရသာ မြည်းပေးကာ မိမိနှစ်သက်တဲ့ အရသာ ရလာအောင် ပြင်ပေးပါ
- အရသာ သမသွားတာနဲ့ အရမ်းစပ်ပြီး စားလို့ကောင်းလွန်းတဲ့ ဝက်သားချဉ်သုပ်ကို စားသုံးရန် ပြင်ပေးနိူင်ပါပြီ။
No comments:
Post a Comment