မာမာဒီနေ့တော့ ကပ်ကတစ် ငါးခေါင်းခပ်ကြီးကြီး နှစ်ခုကို ဝယ်လာပြီး ငါးခေါင်းသောက်ဆမ်း ရေချိုဟင်းလေး ချက်ဖြစ်ပါတယ် အရည်သောက်ဆမ်းဟင်း ဖြစ်တဲ့အတွက် မာမာက ဆီမထည့်ဘဲ ချက်ထားပါတယ်။
ထမင်းစားလို့ မြိန်စေတဲ့ ဟင်းတစ်မယ် ဖြစ်တဲ့အတွက် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ငါးခေါင်းရေချို သောက်ဆမ်း ဟင်းချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါ၀င်ပစ္စည်းများ
- ကပ်ကတစ်ငါးခေါင်း - တစ်ကောင် (တစ်ကီလိုခန့်)
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- ကြက်သွန်နီ - အနေတော် တစ်ခြမ်း
- ကြက်သွန်ဖြူ - အမွှာကြီးကြီး လေးမွှာ
- ချင်း - လက်တစ်ဆစ်ခန့်
- ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
- ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ (ငါးအရသာနယ်ရန်)
- ဆီ - ထမင်းစားဇွန်း သုံးဇွန်း (ဆီသတ်ရန်)
- နံနံပင် - မိမိနှစ်သက်သလောက် ထည့်ပေးပါ
- ရေ - ယောက်ချိုဇွန်း လေးဇွန်း
- ဆား - ထမင်းစားဇွန်းတစ်ဇွန်း (ငါးခေါင်းဆေးရန်)
- မန်ကျည်းသီးမှည့် - ထမင်းစားဇွန်း နှစ်ဇွန်းစာ ( ငါးခေါင်းဆေးရန်)
- သံပုရာသီး - တစ်လုံး (ငါးခေါင်းဆေးရန်)
ပြင်ဆင်ပုံ
- ငါးခေါင်းများကို အကြေးခွံနှင့် မလိုတာတွေ ဖယ်ပေးပြီး မန်ကျည်းသီးမှည့် ဆား သံပုရာရည်တို့ထည့်ကာ အညှီနံ့နဲ့ အချွဲများကုန်အောင် နယ်ဖတ်ပြီး သန့်စင်ကာ ရေဆေးပေးပြီး ရေစစ်ပေးပါ
- ရေစစ်သွားတာနဲ့ အနေတော် အတုံးလေးတွေတုံးကာ ငါးငံပြာရည် ဆား နနွင်းမှုန့် အရသာမှုန့်တို့နဲ့ နယ်ပေးကာ နာရီဝက်လောက် နှပ်ထားပေးပါ
- ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ညက်နေအောင် ထောင်းထားပါ
- ကြက်သွန်ဖြူကို အခွံခွါပြီး ရေဆေးကာ ညက်နေအောင် ထောင်းထားပါ
- ချင်းကိုအခွံခွါပြီး ရေဆေးကာ ညက်နေအောင် ထောင်းထားပါ
- နံနံပင်ကို ရေဆေးပြီး အနေတော် ပိုင်းဖြတ်ထားပါ
- ဆီ ငရုတ်သီး အရောင်တင်မှုန့်နှင့် နနွင်းမှုန့်တို့ကိုအဆင်သင့် ပြင်ထားပါ
ဟင်းချက်ရန်
- အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဒယ်အိုးထဲမှာ ဆီနှင့် နနွင်းမှုန့်ထည့်ပြီး အပူပေးပါ
- ဆီ ဆူလာတာနဲ့ ကြက်သွန်ဖြူ ချင်း ကြက်သွန်များနှင့် ငရုတ်သီးအရောင်တင်မှုန့်တို့ကို ထည့်ပေးကာ မွှေးလာသည်အထိ ကြော်ပေးပါ
- ပြီးတာနဲ့ အရသာ နယ်ထားသော ငါးများကို ထည့်မွှေပေးပါ
- ငါးခေါင်းရဲ့ အသားများ မာလာပါက အရသာမြည်းပြီး လိုအပ်သော အရသာများကို ထည့်ပေးပါ
- ရေပွက်ပွက် ဆူလာပါက ငါးခေါင်း အရည်သောက်ဆမ်းဟင်း ဖြစ်တဲ့အတွက် ၁၅မိနစ်လောက် ပွက်ပွက်ဆူအောင် တည်ပေးပါ
- ပြီးတာနဲ့ မိမိစိတ်ကြိုက် အရသာ ရလာအောင် ပြင်ပေးပါ
- အရသာ ပြင်ပြီးတာနဲ့ နံနံပင် အုပ်ပေးပါ
- အရည်သောက်ဆမ်းဟင်း ဖြစ်တဲ့အတွက် ရေကိုတော့ မိမိနှစ်သက်သလောက် အနေအထားမှာ လိုတိုးပိုလျှော့ လုပ်ပေးနိူင်ပါတယ်
- ငါးခေါင်း အရည်သောက်ဆမ်း ရေချိုဟင်း ရလာတာနဲ့ မီးပိတ်ပေးပြီး ထမင်းပူပူလေးနဲ့ သုံးဆောင်နိုင်ရန် ပြင်ပေးနိူင်ပါပြီ။
No comments:
Post a Comment