မာမာဒီနေ့တော့ ကလေးတွေ အိမ်ပြန်ရောက်တုန်း ဝက်သားနဲ့ ကောက်ညှင်းကို ချက်ဖြစ်ပါတယ် စားလို့အရမ်း ကောင်းတယ်ပြောကြလို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ
- ကောက်ညှင်းဆန် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး လေးဗူး
- ဝက်သား သုံးထပ်သား - 500 g
- ဆီ - ထမင်းစားဇွန်း သုံးဇွန်း
- ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
- မှိုအခြောက် - ၇ခု
- နှစ်တစ်ရာစေ့ - မိမိနှစ်သက်သလောက်
- ကြက်အူချောင်း - သုံးချောင်း
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (ကောက်ညှင်းပြန်ပေါင်းထဲထည့်ရန်)
- အရသာမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက် (ကောက်ညှင်းပြန်ပေါင်းထဲထည့်ရန်)
- ပဲငံပြာရည်အပျစ် ထမင်းစားဇွန်း တစ်ဇွန်း (ကောက်ညှင်းပြန်ပေါင်းထဲထည့်ရန်)
- ပဲငံပြာရည်အကြည် - ထမင်းစားဇွန်း တစ်ဇွန်း (ကောက်ညှင်းပြန်ပေါင်းထဲထည့်ရန်)
- နှမ်းဆီ - လက်ဖက်ရည်ရည်ဇွန်း တစ်ဇွန်း (ကောပ်ညှင်းပြန်ပေါင်းထဲထည့်ရန်)
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက် (ဝက်သား အရသာနယ်ရန်)
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက် (ဝက်သား အရသာနယ်ရန် )
- ပဲငံပြာရည်အပျစ် - ထမင်းစားဇွန်း တစ်ဇွန်း (ဝက်သားအရသာနယ်ရန်)
- ပဲငံပြာရည်အကြည် ထမင်းစားဇွန်း တစ်ဇွန်း ( ဝက်သားအရသာနယ်ရန်)
ကောက်ညှင်းပေါင်းရန်
- ကောက်ညှင်းကို ရေနှစ်ထပ်ဆေးကာ ဇလုံထဲမှာ ရေမြုပ်အောင်ထည့်ပြီး ခြောက်နာရီလောက် ရေစိမ်ထားပါ
- ကောက်ညှင်းဆန် ရေစိမ်ချိန် ပြည့်တာနဲ့ ကောက်ညှင်းဆန်များ ပျော့ပျောင်း လာတဲ့အထိ ပေါင်းပေးပါ
ဝက်အူချောင်းကြော်ရန်
- ဝက်အူချောင်းကို ဒယ်အိုးထဲမှာထည့်ပြီး ရေအနည်းငယ်ထည့်ကာ အိုးအဖုံးအုပ်ပေးပါ
- ပြီးတာနဲ့ မီးအနေတော်နဲ့ တည်ပေးပါ
- ရေများခမ်းလာပါက ဝက်အူချောင်းထဲမှ ဆီများထွက်လာတာနဲ့ ထိုဆီထဲမှာ လှိမ့်ပေးပြီး မီးပိတ်ကာ အနေတော် အတုံးလေးတွေ လှီးထားပါ
ဝက်သားချက်ရန်
- ဝက်သားကို ရေဆေးပြီး အနေတော် အတုံးလေးတွေ တုံးပေးပါ
- ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
- ပြီးတာနဲ့ ဝက်သားကို ကြက်သွန်ဖြူ နနွင်းမှုန့် ဆား အသာမှုန့် ဆီ ပဲငံပြာရည်အကြည် ပဲငံပြာရည်အနောက် တို့ထည့်ကာ အရသာဝင်အောင် နယ်ပေးပါ
- အရသာ နယ်ပြီးတာနဲ့ ရေအနည်းငယ်ထည့်ကာ မီးအနေတော်နဲ့ တည်ပေးပါ
- ရေမခမ်းခင် အထက်အောက် မွှေပေးပြီး ရေခမ်းကာနီးပါက နောက်ထပ်တစ်ရည် ထပ်ထည့်ကာ ဆက်တည်ပေးပါ
- ထိုရေခမ်းပါက မီးပိတ်ထားပါ
မှိုကိုရေစိမ်ရန်
- မှိုကို ရေနှင့် သုံထပ်လောက်ဆေးပြီး ရေမြုပ်အောင်ထည့်ကာ ငါးနာရီလောက် စိမ်ထားပါ
- မှိုများ ရေဝပြီး နူးလာပါက မှိုများကို ဆယ်ထားကာ ထိုရေများကို ပြန်သုံးဖို့အတွက် မသွန်ဘဲ ထားပါ
ဝက်ကောက်ညှင်းပေါင်းရန်
- အားလုံး အဆင်သင့် ဖြစ်တာနဲ့ ဇလုံတစ်လုံးထဲမှာ ပေါင်းထားသော ကောက်ညှင်းများ ချက်ထားသော ဝက်သားများ ဝက်အူချောင်းများ နှစ်တရာစေ့ မှိုများ ပဲငံပြာရည်အပျစ် ပဲငံပြာရည်အကြည် ဆားနှင့် နှမ်းဆီတို့ထည့်ကာ အရသာ သမအောင် နယ်ပေးပါ
- အရသာ သမသွားတာနဲ့ မိမိအသုံးပြုမည့် ပေါင်းအိုးနှင့် သင့်တော်သည့် ကြွေပန်းကန်ထဲမှာ ကောက်ညှင်းများကို ထည့်ပေးပါ
- ပြီးတာနဲ့ အပေါ်မှ ပန်းကန်ပြားတစ်ချပ်ကို မှောက်ပြီးအုပ်ပေးပါ
- ပေါင်းအိုးထဲမှာ ရေထည့်ပြီး ထိုအထဲမှာ ပေါင်းခံခုံလေး တင်ပေးပါ
- ထိုပေါင်းခံခုံပေါ်မှာ ကောက်ညှင်းပန်းကန်ကို တင်ပေးကာ အိုးအဖုံးအုပ်ပြီး တည်ပေးပါ
- ကောက်ညှင်းပေါင်းချိန်ကို မိမိအသုံးပြုမည့် ပေါင်းအိုးအပေါ် မူတည်ကာ ပေါင်းချိန်ကို ချိန်ပေးပါ
- မာမာကတော့ pressure cooker နဲ့ ပေါင်းတဲ့အတွက် ပေါင်းချိန်ကို ဆယ်မိနစ်လောက်ဘဲ ပေါင်းပေးပါတယ်
- ကောက်ညှင်းပေါင်းချိန် ပြည့်တာနဲ့ မီးပိတ်ပေးပြီး ဝက်ကောက်ညှင်း အိအိမွှေးမွှေးလေးကို စားသုံးရန် ပြင်ပေးနိူင်ပါပြီ။
No comments:
Post a Comment