Saturday 7 May 2016

မှိုအစပ်ဟင်း




ဒီတခါတော့ မှိုအစပ်ချက်နည်းလေး ပြောချင်ပါတယ် မြန်မာပြည်မှာ ရောင်းတဲ့မှိုတွေလို အရသာ သိပ်မတူပေမဲ့ မရှိတဲ့ အရပ်ဒေသမှာ ရှိတာကိုဘဲ ဖြစ်အောင် ချက်ဖြစ်ပြီး အင်မတန်မှ စားကောင်းလွန်းလို့ မှိုနှစ်သက်သူတို့ ချက်စားကြည့်စေချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ကြယ်သီးမှို - 500 g
  2. ငရုတ်သီးစိမ်း - အစပ်စားနိုင်သလောက်
  3. ငရုတ်သီး လုံးခြမ်းကွဲ - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  4. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  5. ဆီ - ထမင်းစားဇွန်း ၃ဇွန်း
  6. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  7. ကြက်သွန်ဖြူ -၂မွှာ
  8. ကြက်သွန်နီ - တခြမ်း

ပြင်ဆင်ပုံ
  1. မှိုကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  2. ကြက်သွန်နီကို အခွံခွာပြီး ရေဆေးပြီးမှ ခပ်ပါးပါးလှီးပါ
  3. ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
  4. ဒယ်အိုးတလုံးကို အပူပေးပါ ဆီပူလာပါက နနွင်းမှုန့်ထည့်ပါ
  5. ပြီးတာနဲ့ ကြက်သွန်နီ ကြက်သွန်ဖြူကို နွမ်းရုံလေး ဆီသတ်ပါ
  6. ကြက်သွန်များ နွမ်းတာနဲ့ ငရုတ်သီးစိမ်းနှင့်ငရုတ်သီးမှုန့်ကိုထည့်ကြော်ပါ
  7. ငရုတ်သီးနံ့ သင်းလာတာနဲ့ ဆားနှင့် မှိုကိုထည့်ကြော်ပါ
  8. မှိုများနွမ်းတာနဲ့ အရည်အနည်းငယ်ထည့်ကာ ရေဆူအောင် တည်ပေးပြီး အရသာမြည်း၍ လိုသလိုပြင်ကာ မှိုအစပ်ဟင်းကို သုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment