အိမ်မှာစိုက်ထားတဲ့ ငရုတ်သီးစိမ်းပင်တွေ သီးလွန်းတော့ စားလို့လဲ မကုန်ဖြစ်နေပြီး ခဲပြီးသိမ်းထားတာတွေလဲ အများကြီး ဖြစ်နေတော့ အစပ်အရမ်းစားတဲ့ မာမာ့အတွက် ဒီနေတော့့ သတ်သတ်လွတ် ဆားထောင်းလေး ထောင်းလိုက်ပါတယ်။
အစပ်လေးပါမှ ထမင်းစားလို့ မိန်တတ်တဲ့ သူတွေအတွက် မာမာပြင်ဆင်ပြီး ထောင်းထားတဲ့ သတ်သတ်လွတ် ငရုတ်သီးစိမ်း ဆားထောင်း ထောင်းနည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ
- ငရုတ်သီးစိမ်း - တစ်ဆယ်သား
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
- အချိုမှုန့်မစားပါက ကြက်သားမှုန့် အစားထိုးပြီး ထောင်းနိုင်ပါတယ်။
ပြင်ဆင်ပုံ
- ငရုတ်သီးစိမ်းကို ရေဆေးပြီး အညှာခြွေထားပါ
- ရေဆေးထားသော ငရုတ်သီးစိမ်းကို မွှေးသွားအောင် ဒယ်အိုဲးမှာ ထည့်လှော်ထားပါ
- လှော်ထားသော ငရုတ်သီးစိမ်းကို ဆားနှင့် အချိုမှုန့်တို့ထည့်ကာ ငရုတ်ဆုံထဲမှာ မညက်တညက် ထောင်းပေးပါ
- ပြီးတာနဲ့ ပန်းကန်ထဲ ပြောင်းထည့်ပေးပြီးပါက ငရုတ်သီးစိမ်း ဆားထောင်းစပ်စပ်လေးကို မိမိနှစ်သက်ရာ ဟင်းပွဲများနှင့်တွဲဖက်ကာ စားပွဲပြင်ပေးနိုင်ပါပြီ။
မမ ငရုတ်သီးစိမ်းကို ကြာရှည်ခံအောင် ဘယ်လိုခဲရသလဲရှင့်။
ReplyDelete