သံပုယိုသီးကို အောက်ခြေထိ မပြတ်အောင်
လေးစိတ်စိတ်ပြီး ဆားသိပ်ကာ လေလုံသော
ပုလင်းမှာ ထည့်ထားပါ
၂ရက်မြောက်နေ့မှာ ဆားရည်ပျော်ပြီး
အရည်များ စပြီးထွက်လာပါလိမ့်မယ်
၆ရက်မြောက်နေ့မှာ ဆားအရည်တော်တော်
များများ ထွက်လာကာ အသီးများတော်တော်
လေးအိလာပါပြီ
စမုံစပါး လေးညှင်း ဖာလာစေ့
ကြက်သွန်ဖြူ စမုံစပါးကို အနည်းငယ်လှော်ကာ
ထေားင်းထားပါ ဖာလာစေ့ကို အခွံချွတ်ထားပါ
ဆားရည်စိမ်ပြီး အိနေသော သံပုယိုသီးကို
အရည်စစ်ပြီး သနပ်တည်ရန် ပြင်ထားပါ
ဆီချက်ပြီး အဆင်သင့်ဖြစ်ပါက
သံပုယိုသီးပေါ်လောင်းချပေးပါ
အားလုံးပြီးပါက ပုလင်းသန့်သန့်ထဲ့ပြီး
စားသုံးနိုင်ပါပြီ
ဒီနေ့တော့ သံပုယိုသီးသနပ်လေး လုပ်ဖြစ်ပါတယ် သတ်သတ်လွတ် စားတဲ့ရက်တွေမှာ တော်တော်လေး အသုံးတည့်တဲ့ သီးစုံသနပ်လေးမို့ စိတ်ဝင်စားရင် လုပ်ကြည့်နိုင်အောင် မာမာပြင်ဆင်တဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
- သံပုယိုသီး - ၄လုံး
- ဆား - ထမင်းစားဇွန်း ၃ဇွန်းခန့်
- ဆီ - 300 ml
- ဇီယာစေ့(Cumin Seeds ) - လက်ဖက်ရည်ဇွန်း တဇွန်းမောက်မောက်
- လေးညှင်း(Clove ) - ၃ပွင့်
- ဖာလာ(Cardamom ) - ၃စေ့
- ကြက်သွန်ဖြူ - အမွှာကြီးကြီး ၆မွှာ
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
- ငရုတ်သီးအရောင်တင်မှုန့် - ထမင်းစားဇွန်း တဇွန်းခွဲ
သံပုယိုသီး ဆားရည်စိမ်ရန်
- သံပုယိုသီးကို အလုံးလိုက် ရေဆေးပြီး ရေစင်အောင်သုပ်ကာ အောက်ခြေမပြတ်အောင် ၄စိတ်လှီးပေးပါ
- စိတ်ထားသော အစိတ်ထဲသို့ ဆား လက်ဖက်ရည်ဇွန်း တဇွန်း ကျော်ကျော် သိပ်ပေးပါ
- အားလုံးပြီးလျှင် လေလုံပြီး သန့်နေသော ပုလင်းထဲ သံပုယိုသီး အစိတ်များကို အပေါ်မှာထားပြီး စီထည့်ပေးပါ
- အဖုံးလေလုံအောင်ပိတ်ပြီး အခန်းအပူချိန်နှင့် အနည်းဆုံး ၅ရက်၆ရက်လောက် ထားပေးပါ
- ရေထည့်စရာမလိုဘဲ ဆားရည်များပျော်ပြီး အရည်များထွက်လာပြီး သံပုယိုသီးများ အိလာရင် ရပါပြီ
ပြင်ဆင်ပုံ
- ဆားရည်ပျော်ကာ အိလာသော သံပုယိုသီးကို အရည်စစ်ကာ ဆယ်ထားပြီး ဇလုံအနေတော်မှာ စီပြီးထည့်ထားပါ
- ကြက်သွန်ဖြူကို အခွံခွာထားပါ
- စမုံစပါးကို အနည်းငယ်ချန်ကာ မီးအနေတော်နှင့် မိနစ်ဝက်လောက် လှော်ထားပြီး ညက်အောင်ထောင်းထားပါ
- ဖာလာစေ့ကို အခွံချွတ်ထားပါ
- အားလုံးအဆင်သင့်ဖြစ်ပါက သံပုယိုသီး ဇလုံထဲကို ကြက်သွန်ဖြူ ဖာလာစေ့ စမုံစပါးထောင်းတို့ထည့်ပြီး ပြင်ထားပါ
- ဆီကို မီးအနေတော်နှင့် အပူပေးပါ
- ဆီပူလာပါက စမုံစပါးစေ့ကိုထည့်ကာ အချိန်မကြာစေဘဲ နနွင့်မှုန့်ကို ဆက်ထည့်ပြီး မီးဖိုပေါ်က ချပေးပါ
- တမိနစ်လောက် အအေးခံပြီး ငရုတ်သီးမှုန့်ထဲ့ကာ မွှေပေးပါ
- ဆီမအေးခင် သံပုယိုသီး ထည့်ထားသော ဇလုံထဲ လောင်းချပေးပါ
- အားလုံးပြီးပါက လေလုံပြီးသန့်သော ပုလင်းထဲထည့်ပြီးထားကာ စားသုံးနိုင်ပါပြီ
- ဆီမြုပ်အောင်ထည့်ပြီး ရေခဲသေတ္တာထဲ ထည့်ထားပါက နှစ်ပေါက်အောင် ထားပြီးစားလို့ရပါတယ်
ကုလားလေး သနပ်မဆလာရှိပါက စမုံစပါး လေးညှင်း ဖာလာစေ့တို့ ထည့်စရာမလိုဘဲ မဆလာ တမျိုးထဲ သုံးနိုင်ပါတယ်။
သံပုယိုသီးဆားရည်စိမ်စဉ် ထွက်လာသော အရည်များကို အခါးမနှစ်သက်သောသူများ ပြန်သုံးရန် မလိုပါ
မာမာလဲ ပြန်မသုံးပါဘူးရှင်။
fb မှာဖတ်ပြီးသွားပြီ ဒီမှာတခါထပ်လေ့လာခဲ့တယ်မမာရေ
ReplyDeleteဖြစ်အောင်လုပ်အုန်းမယ် ကျေးဇူးပါရှင်
ထမင်းစားလို့ မိန်တယ် စံပယ်ချိုရေ
ReplyDeleteလုပ်စားကြည့်နော်