Tuesday, 11 August 2020

ရေဘဝဲထောင်း (Octopus)




ဒီနေ့တော့ Octopus လေးတွေ ဝယ်လာပြီး ထောင်းဖြစ်ပါတယ် ထောင်းတဲ့အထဲမှာ ချိုချဉ်ငံစပ် အရသာ အစုံပါတဲ့အတွက် ရေနွေးကြမ်းလေးနဲ့ လိုက္ဖက္စြာ စားသုံးနိူင်ဖို့ရာ  မာမာပြင်ဆင်ပြီး ထောင်းထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. Octopus - 400 g
  2. ငရုတ္သီး အခြောက်တောင့် - ငါးတောင့်
  3. ပဲတောင့်ရှည် - လေးတောင့်
  4. ခရမ်းချဉ်သီး - အနေတော် နှစ်လုံး
  5. အရသာမှုန့် - လက်ဖက်ဇွန်း တစ်ဝက်သာသာ
  6. ကြက်သွန်ဖြူ-  အမွှာကြီးကြီး ၃မွှာ
  7. ငါးငံပြာရည်အနောက် -ထမင်းစားဇွန်း တစ်ဇွန်း
  8. ငါးငံပြာရည်အကြည် - ထမင်းစားဇွန်း တစ်ဇွန်း 
  9. ဂဏန်းငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  10. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ Octopus  ပြုပ်ရန်)
  11. ဆား ထမင်းစားဇွန်း တစ်ဇွန်း (Octopus ဆေးရန်)
  12. ဗီနီကာ - ထမင်းစားဇွန်း တစ်ဇွန်း (Octopus ဆေးရန်)
  13. သံပုရာသီး - တစ်လုံး (ဗီနီကာ မရွိပါက ထဲ့ရန်)
  14. သံပုရာသီး - တစ်ခြမ်း (အချဉ်ကြိုက်ပါက ပိုထည့်ပါ )
Octopus ပြုပ်ရန်
  • ဇလုံတစ်လုံးထဲမှာ ဆား ဗီနီကာနှင့် Octopus မ်ားကို ထဲ့ပေးကာ မလိုတာတွေ ဖယ်ပေးပါ
  • ပြီးတာနဲ့ အချွဲများ ထွက်သွားစေရန် ခပ္နာနာ နယ်ပေးပါ
  • ဗီနီကာ မရွိပါက သံပုရာရည်ထဲ့ပြီး နယ်ပေးပါ
  • အချွဲများ ထွက်သွားပါက ရေများများနှင့် ၆ထပ်လောက် ဆေးပေးပါ
  • ရေစင်သွားတာနဲ့ ဇောက်နက်သော အိုးတစ်လုံးထဲမှာ ရေသင့်ရုံနှင့် ဆားထဲ့ပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ
  • ရေဆူလာတာနဲ့ Octopus မ်ားကို ထဲ့ပေးပြီး ပြုပ်ပေးပါ
  • ပြုပ်ချိန် သုံးမိနစ်လောက်ဘဲ ပြုပ်ပေးပါ
  • ပြီးတာနဲ့ ရေနွေးများ သွန်ပေးကာ ရေအေးနှင့် ထပ်ဆေးပေးပါ
  • ရေစစ်ပြီးတာနဲ့ မိမိနှစ်သက်တဲ့ အနေအထားရအောင် ကပ်ကြေးနှင့် ညှပ်ပေးထားပါ
ပြင်ဆင်ပုံ
  • ဇလုံတစ်လုံးထဲမှာ ကပ်ကျေးနှင့် ညှပ်ထားသော Octopus ကို ပြင်ထားပါ
  • ပဲတောင့်ရှည်ကို ရေဆေးပြီး အနေတော် ပိုင်းဖြတ်ထားပါ
  • ခရမ်းချဉ်သီးကို ရေဆေးပြီးမထူမပါး အနေတော်လေးတွေ လှီးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးထားပါ
  • သံပုရာသီးကို ရေဆေးပြီး ထက်ခြမ်း ခြမ်းပေးထားပါ
  • ပါ၀င်ပစ္စည်းများကို ပြင်ထားပါ
ထောင်းရန်ပြင်ဆင်ပုံ
  1. ငရုတ်ဆုံ ခပ်ကြီးကြီးထဲမှာ ကြက်သွန်ဖြူနှင့် ငရုတ်သီး အခြောက်တောင့်တို့ကိုထည့်ပြီး မညက်တစ်ညက် ထည့်ထောင်းပါ
  2. အနည်းငယ် ညက်သွားတာနဲ့ ငံပြာရည် သုံးမျိုးလုံးနှင့် အရသာမှုန့်တို့ကို ထည့်ထောင်းပေးပါ
  3. ထောင်းနေစဉ် အရသာ သမသွားအောင် ဇွန်းအရိုးရှည်ရှည်နှင့် မွှေမွှေပေးပါ
  4. မိမိအသုံးပြုပြီး ထောင်းသော ကျည်ပွေ့ပေါ် မူတည်ပြီး ကြည့်ထောင်းပါ
  5. ကျောက်ကျည်ပွေ့ဆိုပါက ၅ချက်မှ ၁၀ချက်လောက် ခပ်ဖွဖွလေး ထောင်းပေးပါ 
  6. သစ်သားကျည်ပွေ့ဆိုပါက အချက် ၁၅ချက် လောက် ခပ်ဖွဖွလေး ထောင်းပေးမှ အရသာ ၀ငျပါတယျ
  7. အရသာ သမလောက်ပြီ ဆိုတာနဲ့ Octopus နှင့် သံပုရာရည်တို့ကို ထည့်ပြီး ခပ်ဖွဖွလေး ၄ချက်လောက် ထောင်းပေးကာ ပဲသီးနှင့် ခရမ်းချဉ်သီးတို့ကို ထည့်ပေးပြီး လေးငါးချက်လောက် ထည့်ထောင်းပြီး  မွှေပေးပါ
  8. ထောင်းနေစဉ် အရသာ မြည်းပေးပြီး မိမိနှစ်သက်တဲ့ အရသာ ရတဲ့အထိ ပြင်ပေးပါ
  9. ပြီးတာနဲ့ Octopus ထောင်း ချိုချဉ်ငံစပ်လေးကို မိမိနှစ်သက်သလို သုံးဆောင်နိူင်ပါပြီ။

Saturday, 8 August 2020

သီးရွက်စုံ ခေါက်ဆွဲကြော်


ဒီတစ်ခါတော့ အသားမပါပေမဲ့ အရမ်းစားလို့ကောင်းလွန်းတဲ့ ခေါက်ဆွဲကြော်လေး ကြော်စားဖြစ်ပါတယ် တရုတ်ဆိုင်က အရသာအတိုင်း အရသာမွှေးမွှေး ချိုချိုလေးရတဲ့အတွက် ကြော်စားချင်တဲ့သူတွေ ကြော်စားနိူင်အောင် မာမာကြော်တဲ့နည်းလေး မျှဝေလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ကြက်ဥခေါက်ဆွဲအစို - လေးဆယ်သား
  2. ဘရော့ကိုလီ - အခက်ကြီးကြီး သုံးခက်
  3. ဂေါ်ဖီ - အနေတော် တစ်စိတ်
  4. ပဲတောင့်ရှည် - ငါးတောင့်
  5. မုံလာဥနီ - အနေတော် တစ်ဥ
  6. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  7. ပဲငံပြာရည် အပျစ် - ထမင်းစားဇွန်း တစ်ဇွန်း
  8. ပဲငံပြာရည် အကျဲ - ထမင်းစားဇွန်း တစ်ဇွန်း
  9. သကြား - ထမင်းစားဇွန်း တစ်ဇွန်း
  10. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  11. ဆီ - ထမင်းစားဇွန်း ရှစ်ဇွန်းခန့်
  12. ကြက်ပြုပ်ရည် - ထမင်းစားဇွန်း ရှစ်ဇွန်း
  13. တရုတ်နံနံ - မိမိနှစ်သက်သလောက်
  14. ကြက်ဥ - တစ်လုံး

ပြင်ဆင်ချက်ပြုပ်ပုံ
  • ေါက်ဆွဲကို ဇလုံတစ်လုံးထဲထည့်ကာ ဆား ပဲငံပြာရည်အပျစ်တို့နဲ့နယ်ပေးထားပါ
  • ဘရော့ကိုလီကို ရေဆေးကာ အခက်သေးလေးတွေရအောင် လှီးထားပါ
  • ပဲတောင့်ရှည်ကို ရေဆေးပြီး အနေတော်လေးတွေ လှီးထားပါ
  • မုံလာဥနီကို အခွံခွာပြီး ရေဆေးပြီး မိမိနှစ်သက်သလို လှီးထားပါ
  • ဂေါ်ဖီကို ရေဆေးကာ ခပ်ထူထူလေးတွေ လှီးထားပါ
  • တရုတ်နံနံကို ရေဆေးပြီး အနေတော် လှီးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
  • ပါ၀င်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
  • အောက်ခြေမကပ်သော ဒယ်အိုးကို အပူပေးပါ အိုးပူလာပါက ဆီထည့်ပေးပါ
  • ဆီပူလာတာနဲ့ သကြားကို အရင်ထည့်ကြော်ပါ
  • သကြားပျော်လာပြီး အညိုရောင် ပြောင်းလာတာနဲ့ကြက်သွန်ဖြူကို အရင်ထည့်ကြော်ပါ
  • ကြက်သွန်ဖြူ မွှေးလာတာနဲ့ ပဲသီး ဂေါ်ဖီ ဘလိုကိုလီနှင့် မုံလာဥနီတို့ကို ထည့်ကြော်ပေးပါ
  • ပြီးတာနဲ့ ပဲငံပြာရည်အကျဲနှင့် ကြက်ပြုပ်ရည်တို့ကို ထည့်ကြော်ပေးပါ
  • အသီးအရွက်များ အရမ်းနူးမသွားစေရန် ၂မိနစ်လောက် ကြော်ပြီးတာနဲ့ အရသာနယ်ထားသော ခေါက်ဆွဲကို ထည့်ကြော်ပါ
  • အသီးအရွက်များနှင့် သမသွားအောင် မွှေပေးပြီး တမိနစ်လောက် မွှေပြီးတာနဲ့ ကျန်နေသော ကြက်ပြုပ်ရည်ကို ထည့်ကြော်ကာ အရသာမြည်းပေးကာ လိုသလို ပြင်ပေးပါ
  • ပြီးတာနဲ့ ခေါက်ဆွဲကြော်ကို ဘေးဖက်မှာ ခနတွန်းထားပြီး ကြက်ဥကို ဖောက်ထည့်ပြီး မွှေပေးပါ
  • ကြက်ဥ ကျက်တာနဲ့ ခေါက်ဆွဲကြော်ကို ရောမွှေပေးကာ အားလုံးသမသွားတာနဲ့ တရုတ်နံနံကိုထည့်မွှေပေးပြီးပါက ခေါက်ဆွဲကြော်မွှေးမွှေးလေးကို သုံးဆောင်နိူင်ပါပြီ။

Friday, 7 August 2020

ကြက်သားပြုပ်ကြော်


လူရောစိတ်ပါ ပင်ပန်းလွန်းတဲ့အခါ ဟင်းချက်ရတာ အချိန်မပေးချင်တော့တဲ့ အခါတို့ ငရုတ်သီးပါတဲ့ ဟင်းတွေစားရတာ ရိုးသလိုလို ဖြစ်လာတဲ့ အခါတို့မှာ လွယ်ကူမြန်ဆန် ဟင်းတစ်မယ်ကို ဖန်တီးရတတ်ပါတယ်။ 

ဒီနေ့တော့ ကြက်သားပြုပ်ကြော် အိအိလေးချက်ကာ အိုးကပ်ဆီ မွှေးမွှေးလေးနဲ့ ထမင်းပူပူလေးကို နယ်စားလို့ ရနိုင်အောင် အလွယ်တစ်ကူ ချက်နည်းလေး မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ 
  1. ကြက်တောင်ပံ - လေးဆယ်သား
  2. ချင်း - ခပ်ပါးပါး ငါးပြား 
  3. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  4. ခနော ကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  5. ဆား - အနည်းငယ်
  6. ဆီ - ထမင်းစားဇွန်း ဆယ်ဇွန်း
ပြင်ဆင်ချက်ပြုပ်ပုံ
  • ကြက်သားကို ရေဆေးပြီး အနေတော်တုံးကာ ဆား ကြက်သားမှုန့် နနွင်းမှုန့် တို့နှင့် နယ်ပြီး ဆယ့်ငါးမိနစ်လောက် နှပ်ထားပါ                  
  • ဇောက်နက်သော အနေတော် အိုးထဲမှာ ကြက်သားနှင့် ချင်းပြားကိုထည့်ပေးကာ ရေအနည်းငယ်ထည့်ပြီး ပြုပ်ပေးပါ
  • အပေါ်ယံအသား နည်းနည်းမာလာတာနဲ့ အထက်အောက် သမအောင် လှန်ပေးပြီး  ရေမြုပ်အောင်ထည့်ကာ ပြုပ်ပါ
  • ပြုပ်နေသောရေ မခမ်းခင်လေးမှာ ဆီထည့်ပြီး မွှေပေးကာ မီးလျှော့ပြီး ဆက်တည်ပေးပါ
  • ကြက်သားအိုးထဲမှာ ရေခမ်းပြီး ဆီကျွတ်ကျွတ် မြည်လာပါက အထက်အောက် သမအောင် မွှေပေးပြီး မီးပိတ်ပေးပါ
  • ကြက်သားပြုပ်ကြော် မွှေးမွှေးလေးကို ပန်းကန်ထဲ ထည့်ပြီး အိုးထဲမှာ ကျန်နေသော ဆီမွှေးမွှေးလေးကို ထမင်းပူပူနှင့် နယ်ကာ စားသုံးရန် ပြင်ပေးနီူင်ပါပြီ။

Monday, 3 August 2020

ကြက်တောင်ပံ အကြွတ်ကြော်


ဒီနေ့တော့ စားလို့ အရမ်းကောင်းလွန်းတဲ့ ကြက်တောင်ပံ အကြွတ်ကြော်လေး ကြော်ဖြစ်လို့ မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ ကြော်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ကြက်တောင်ပံ - လေးခု
  2. ကြက်ဥ - တစ်လုံး
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး လေးမွှာ
  4. ချင်း - ခပ်ပါးပါး သုံးပြား
  5. ငရုတ်ကောင်းစေ့ - ဆယ်စေ့ခန့်
  6. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  7. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်
  8. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  9. သံပုရာရည် - ထမင်းစားဇွန်းတစ်၀က်
  10. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  11. ဆီ - လိုသလောက် 
  12. ဂျုံမှုန့် - ထမင်းစားဇွန်း လေးဇွန်းမောက်မောက်
ပြင်ဆင်ပုံ
  • ကြက်တောင်ပံများကို ရေဆေးပြီး ရေခြောက်အောင် Paper Towelနှင့် ခပ်ဖွဖွ သုတ်ပေးပါ
  • ချင်းကိုအခွံခွာပြီး ရေဆေးထားပါ
  • ကြက်သွန်ဖြူကိုအခွံခွာပြီး ရေဆေးထားပါ
  • ချင်း ကြက်သွန်ဖြူနှင့် ငရုတ်ကောင်းစေ့တို့ကို ညက်နေအောင် ထောင်းထားပါ
  • ကြက်သားများကို နနွင်းမှုန့် ဆား အရသာမှုန့် သံပုရာရည်တို့နဲ့အရသာ၀င်အောင် ဆုတ်ဆုတ်ပြီး နယ်ပေးပါ
  • အရသာ နယ်ပြီးပါက ကြက်ဥအကာနှင့် ထောင်းထားတာတွေကိုထည့်ပြီး အရသာ သမအောင် နယ်ပေးကာ တစ်နာရီလောက် နှပ်ထားပေးပါ
  • အရသာ နှပ်ပြီးသွားပါက ဂျုံမှုန့်နဲ့ ကြက်တောင်ပံ တစ်ခုလုံး အပေါ်ကို ဖြူ းပြီး ခပ်ဖွဖွ လူးပေးပါ
  • အောက်ချေ မကပ်သော ဒယ်အိုးတစ်လုံးထဲမှာ ဆီကိုခပ်များများထည့်ပြီး အပူပေးပါ
  • ဆီပူလာပါက မီးကိုအနေတော်မှာ ထားပေးပြီး ကြက်ဆေတာင်ပံများကို အိုးဆန့်သလောက် ထည့်ကြော်ပေးပါ
  • ကြက်တောင်ပံ တစ်ဖက်ရွှေဝါရောင် သန်းလာရင် နောက်တစ်ဖက် လှန်ပေးပြီး နောက်တစ်ဖက် ရွှေဝါရောင် သန်းလာပါက ဆယ်ပြီး ဆီစစ်ပေးပါ
  • ဆီစစ်သွားပါက ကြက်သားကြော် ကြွတ်ကြွတ်မွှေးမွှေးလေးကို မိမိနှစ်သက်သလို စားသုံရန် ပြင်ပေးနိုင်ပါပြီ။

Saturday, 25 July 2020

ဆန်ပြားခေါက်ဆွဲကြော်


ဒီနေ့တော့ အိမ်မှာ မကြာမကြာ ကြော်စားဖြစ်တဲ့ ဆန်ပြားခေါက်ဆွဲကို စားတော်ပဲ ပဲပြုပ်လေးနဲ့ ခပ်စိမ့်စိမ့် အရသာလေး ရအောင်လို့ ကြော်စားဖြစ်ပါတယ် စားလို့ကောင်းလွန်းတဲ့အတွက် မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ ကြော်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ဆန်ပြားခေါက်ဆွဲ - 500 g
  2. ကြက်သွန်ဖြူ  - အမွှာကြီးကြီး သုံးမွှာ
  3. မုံလာဥနီ - အနေတော် တစ်ဥ
  4. တရုတ်ကန်စွန်းရွက် - အနေတော် သုံးပင်
  5. ပဲတောင့်ရှည် - ငါးတောင့်
  6. ကြက်သွန်မိတ် - အနေတော်နှစ်ပင်
  7. တရုတ်နံနံ - အခက်ကြီးကြီး သုံးခက်
  8. ဘဲဥ - နှစ်လုံး
  9. စားတော်ပဲပြုပ် - မိမိနှစ်သက်သလောက်
  10. ဗနီကာ - ထမင်းစားဇွန်း တစ်ဇွန်း
  11. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  12. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  13. ပဲငံပြာရည်အနောက် - ထမင်းစားဇွန်း တစ်ဇွန်း
  14. ပဲငံပြာရည်အကြည် - ထမင်းစားဇွန်း တစ်ဇွန်း
  15. ခရုဆီ - ထမင်းစားဇွန်း တစ်ဇွန်း
  16. နှမ်းဆီ - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  17. ဆီ - ထမင်းစားဇွန်း ခြောက်ဇွန်း 
ပြင်ဆင်ပုံ
  • ဆန်ပြားခေါက်ဆွဲနှင့် ပါ၀င်ပစ္စည်းများကို ပြင်ထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ပြီး ခပ်သေးသေးလေးတွေ လှီးထားပါ
  • စားတော်ပဲပြုပ် ပြုပ်ပြီးသားကို အဆင်သင့် ပြင်ထားပါ
  • မုံလာဥနီကို အခွံခွာပြီး မိမိနှစ်သက်သည့်ပုံစံ လှီးထားပါ
  • ပဲသီးကို အတောင့်လိုက် ရေဆေးကာ အနေတော် လှီးထားပါ
  • ကန်စွန်းရွက်ကို ထက်ဝက်ခြမ်းကာ အနေတော် လှီးပေးပြီး ရေဆေးထားပါ
  • တရုတ်နံနံကို ရေဆေးပြီး အနေတော် ပိုင်းဖြတ်ထားပါ
  • ကြက်သွန်မိတ်ကို အပင်လိုက် ရေဆေးပေးပြီး အနေတော်လေးတွေ လှီးပေးထားပါ
  • ဇလုံတစ်လုံးထဲမှာ ဗနီကာ ဆား အရသာမှုန့် ပဲငံပြာရည်အကြည် ပဲငံပြာရည်အနောက် ခရုဆီနှင့် နှမ်းဆီတို့ကို အရသာ သမအောင် မွှေပေးထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဒယ်အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ
  • ဆီပူလာလျှင် ကြက်သွန်ဖြူကို မွှေးလာရုံလေး ထည့်ကြော်ပေးပါ
  • ပဲပြုပ် တရုတ်နံနံနှင့် ကြက်သွန်မိတ်မှလွဲပြီး ကျန်နေသော အသီးအရွက်များတို့ကို ထည့်ကြော်ပေးပါ
  • အသီးအရွက်များ အနည်းငယ် နွမ်းသွားပါက ဆန်ပြားခေါက်ဆွဲနှင့် အရသာ စပ်ထားသော အရည်ကို ထည့်ကြော်ပေးပါ
  • ပြီးတာနဲ့ အရသာ သမသွားအောင် မွှေပေးပါ
  • အသီးအရွက်ကို အရမ်းနွမ်းပြီး အသီးအရွက်များ အရောင်ပြောင်းတဲ့အထိ ကြော်စရာ မလိုတဲ့အတွက် ခနဘဲကြော်ပေးပါ
  • အရသာ သမလောက်ပြီ ဆိုတာနဲ့ ပဲပြုပ် တရုတ်နံနံနှင့် ကြက်သွန်မိတ်တို့ကို ထဲ့ပေးပြီး သမသွားအောင် မွှေပေးပါ
  • ပြီးတာနဲ့ အရသာ မြည်းပေးကာ မိမိစိတ်ကြိုက် အရသာ ရလာအောင် လိုသလို ပြင်ပေးပါ
  • မိမိစိတ်ကြိုက် အရသာ ရပြီဆိုတာနဲ့ ပန်းကန်ထဲ ပြောင်းထည့်ပေးပါ
  • ကြော်ပြီးတာနဲ့ ပူပူလူလူလေး သုံးဆောင်ပါက အရမ်းကို ကောင်းလွန်းတဲ့ ဆန်ပြားခေါက်ဆွဲကြော်ကို စားသုံးရန် ပြင်ပေးနိူင်ပါပြီ။

Thursday, 23 July 2020

မန်ကျည်းသီးစိမ်း ငပိချက်









မန်ကျည်းသီးစိမ်းလေးတွေ ပေါ်လာတဲ့ ရာသီရောက်လာပြီမို့လို့ ထမင်းမြိန်မြိန် စားရလေအောင် ပုဇွန်ခေါင်းချိုးလေးတွေနဲ့ ငါးပိချက်လေး ချက်ပါတယ် ရာသီစာလေး ဖြစ်တဲ့အတွက် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါ၀င်ပစ္စည်းများ
  1. မန်ကျည်းသီးစိမ်း - အနေတော် ၁၅တောင့်ခန့်
  2. ပုဇွန်ခေါင်းချိုး - နှစ်ဆယ်သား
  3. ကြက်သွန်နီ - အလုံးကြီးကြီး နှစ်လုံး (ခပ်ပါးပါး လှီးရန်)
  4. ကြက်သွန်နီ - အနေတော် နှစ်လုံး (ထောင်းရန်)
  5. ကြက်သွန်ဖြူ  အမွှာကြီးကြီး - ငါးမွှာ (ထောင်းရန်)
  6. ကြက်သွန်ဖြူ   အမွှာသေးသေး - ဆယ်မွှာ (ငါးပိချက်ထဲထည့်ရန်)
  7. ငရုတ်သီး အရောင်တင်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်း
  8. ငရုတ်သီး လုံးကြမ်းခွဲ - ထမင်းစားဇွန်း လေးဇွန်း
  9. ငရုတ်သီးစိမ်း - စားနိူင်သလောက်
  10. ငါးငံပြာရည် - ထမင်းစားဇွန်း ခြောက်ဇွန်း
  11. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  12. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  13. ဆီ - ထမင်းစားဇွန်း ဆယ်ဇွန်း 
ပြင်ဆင်ပုံ
  • မန်ကျည်းသီးစိမ်း အခွံမှာ ကပ်နေသော အညိုရောင် အပေါ်ယံများ ကျွတ်သွားအောင် ဓါးနှင့် ခြစ်ပေးပါ။
  • မန်ကျည်းသီးစိမ်းက အနည်းငယ် ရင့်တဲ့အတွက် အစေ့များထုတ်ရန် ထက်ခြမ်းခြမ်းကာ အစေ့များ ထုတ်ပေးပါ။
  • ပြီးတာနဲ့ ရေသုံးထပ်လောက်ဆေးပြီး ရေစစ်ကာ မညက်တစ်ညက် ထောင်းပေးထားပါ။
  • ပုဇွန်ကို ရေဆေးပြီး ခေါင်းဖြုတ်ကာ ကြောဖက်မှ အမည်းကြောင်းကို ဖယ်းထားပေးပါ။
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးထားပါ။
  • ငရုတ်သီးစိမ်းကို အညှာခြွေပြီး ရဆေးထားပါ။
  • ကြက်သွန်နီ နှစ်လုံးကို ထောင်းရန်အတွက် အခွံခွာပြီး ရေဆေးထားပါ။
  • ကြက်သွန်ဖြူ  အမွှာကြီးများကို ထောင်းရန်အတွက် အခွံခွာပြီး ရေဆေးထားပါ။
  • ကြက်သွန်ဖြူ  အမွှာသေးများကို အခွံခွာပြီး ရေဆေးထားပါ
  • ငရုတ်သီး အကြမ်းမှုန့်ကို ပြင်ထားပါ။
  • ပြီးတာနဲ့ ကြက်သွန်ဖြူ  ကြက်သွန်နီနှင့် ငရုတ်သီး အရောင်တင်မှုန့်တို့ကို ရောပြီး ထောင်းပေးပါ။
  • နနွင်းမှုန့် ဆီ ငံပြာရည် အရသာမှုန့်တို့ကို ပြင်ထားပါ။
ငါးပိချက်ချက်ရန် ပြင်ဆင်ပုံ
  • ဒယ်အိုးကို အပူပေးပြီး ဆီနှင့်နနွင်းမှုန့် ထည့်ပေးပါ။
  • ဆီပူလာတာနဲ့ လှီးထားသော ကြက်သွန်နီကို နွမ်းအောင်ထည့်ပြီး ကြော်ပေးပါ။
  • ကြက်သွန်နီ နွမ်းလာတာနဲ့ ငရုတ်သီးထောင်းကို ထည့်ကြော်ပေးပါ။
  • ငရုတ်သီးနံ့သင်းလာတာနဲ့ ငရုတ်သီး အကြမ်းမှုန့်နှင့် ပုဇွန်များကို ထည့်မွှေပေးပါ။
  • ပုဇွန်များ မာလာတာနဲ့ ငံပြာရည်နှင့် အရသာမှုန့်ကိုထည့်မွှေပေးပါ။
  • ပြီးတာနဲ့ ထောင်းထားသော မန်ကျည်းသီးစိမ်းကို ထည့်မွှေပေးပြီး ၅မိနစ်လောက် ကြော်ပေးပြီး ရေမြုပ်အောင်ထည့်ကာ ရေခမ်းတဲ့အထိ တည်ပေးပါ။
  • ရေခမ်းပြီး ဆီမပြန်ခင်မှာ အရသာမြည်းပြီး လိုသလို ပြင်ပေးပါ။
  • အရသာ မြည်းပြီးတာနဲ့ဆီပြန်ပြီး အနည်းငယ် ခြောက်လာအောင် မီးအေးအေးနဲ့ တည်ပေးပါ။
  • ပြီးတာနဲ့ ကြက်သွန်ဖြူ အမွှာသေးများနှင့် ငရုတ်သီးစိမ်းလေးတွေ ထည့်မွှေပေးကာ မီးပိတ်ပေးပါ။
  • ချဉ်ငံစပ်မွှေး မန်ကျည်းသီးစိမ်း ငါးပိချက်လေးကို ထမင်းပူပူလေးနဲ့ စားသုံးရန် ပြင်ပေးနိူင်ပါပြီ။

Saturday, 18 July 2020

ကောက်ညှင်းဖြူ လှော်စာ
















လှော်စာဆိုတာ မာမာ အရမ်းကြိုက်တဲ့ အစာတစ်ခုပါ မမွားပါဘူး နာဂတောင်တန်းမှာ နေစဉ်တုန်းက ဒေသအစာ တစ်ခုဖြစ်ပေမဲ့ ရာသီဥတု အေးတဲ့အတွက် ခက်ခက်ခဲခဲလေး လုပ်ကြရပြီး ရာသီဥတုပူတဲ့ မြေပြန့်မှာဆိုရင်တော့ လုပ်ရတာ ပိုပြီးလွယ်ပါတယ်။

ယူကျူ့မှာ ဗီယက်နမ်တွေ လုပ်တဲ့နည်းကတော့ dried yeast ball ကို သုံးပါတယ် မာမာကေတာ့ dried yeast cake ကို သုံးထားပါတယ် ဆိုင်မှာမေးတော့ အတူတူဘဲလို့ ပြောပါတယ် အေးရှန်းဆိုင်မှာ ၀ယ်လို့ရပါတယ် မြန်မာပြည်မှာဆိုရင်တော့ လှော်စာ ဆေးလုံးဆိုပြီး ပရဆေးဆိုင်တွေမှာ မေးပြီး၀ယ်လို့ရပါတယ်။

ဒီတစ်ခေါက်လုပ်တဲ့ လှော်စာကိုတော့ ခပ်ပျင်းပျင်း သျှတတလေး သောက်ချင်တာနဲ့ သကြားရည် မထည့်ဘဲ ဒီအတိုင်း သောက်ကြပါမယ်။

လှော်စာလုပ်တဲ့နေရာမှာ သုံးတဲ့အိုးခွက်တွေနဲ့ ကောက်ညှင်းကို ကိုင်တဲ့အခါမှာ လက်ကိုတော့ အရမ်းသန့်ရပါတယ် ဆီတွေပေနေတဲ့ လက် အိုးခွက်ပန်းကန်တွေနဲ့ လုပ်ရင်တော့ လှော်စာမဖြစ်ဘဲ လှော်စာက ပျက်သွားတတ်ပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး လုပ်ထားတဲ့ လှော်စာလုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။


ပါ၀င်ပစ္စည်းများ

  1. ကောက်ညှင်းဆန် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး သုံးဗူး
  2. လှော်စာဆေးလုံး - 22 g တစ်လုံး (dried yeast ball)
  3. ပေါင်းအိုး - တစ်လုံး
  4. လှော်စာဖောက်ရန်ဇလုံ - တစ်လုံး
  5. လက်သုတ်ပုဝါ - ခပ်ထူထူ တစ်ထည်G
  6. Glad wrap - လိုသလောက် သုံးပေးရန်


ပြင်ဆင်ပုံ

  • လှော်စာဖောက်ရန် လိုအပ်တာတွေကို အဆင်သင့် ပြင်ထားပေးပါ
  • ကောက်ညှင်းဆန်ကို ရေဆေးပြီး ရေနှစ်နာရီလောက် စိမ်ပေးကာ ရေစစ်ထားပါ
  • ရေစစ်ထားသော ကောက်ညှင်းဆန်ကို ဇကာပေါ်မှာ ပိတ်စသန့်သန့် တစ်ခုခင်းပြီး ထည့်ပေးပါ
  • ပြီးတာနဲ့ ပေါင်းအိုးအောက်ခံအိုးထဲကို အောက်ခံခုံ ထိတယ်ဆိုရုံလေး ရေထည့်ပေးပါ
  • ခုံအပေါ်ကို ကောက်ညှင်းဆန် ထည့်ထားသော ဇကာကို တင်ပေးပါ
  • ကောက်ညှင်းဆန်များ အကျက်ညီစေရန် ပိတ်စကို အုပ်ပေးပါ
  • ပြီးတာနဲ့ ပေါင်းအိုးအဖုံးကို လေလုံအောင် ပိတ်ပေးပြီး steam ခလုတ်ကို နှိပ်ပေးပါ
  • နာရီခလုတ်ကိုနှိပ်ပြီး ဆယ်မိနစ်ချိန်ပေးကာ စတင်ပေါင်းပေးပါ
  • ပေါင်းချိန်ပြည့်တာနဲ့ အိုးထဲမှ လေများကုန်အောင် ထုတ်ပေးပြီးမှ အိုးအဖုံးကို ဖွင့်ပေးပါ
  • ကောက်ညှင်းပေါင်းဇကာကို အပြင်ထုတ်ပေးပြီး ကောက်ညှင်းများကို ဇလုံထဲ ထည့်ပေးပါ
  • ပြီးတာနဲ့ ရေကိုခပ်ဖြေးဖြေးထည့်ပြီး ကောက်ညှင်းများကို အသာလေး နှစ်ချက်လောက် ဝေ့ပြီး ပထမတစ်ထပ် ဆေးပေးပါ
  • ဆေးပြီးသားရေကို သွန်ပေးပြီး ဒုတိယတစ်ကြိမ်လဲ ပထမတစ်ကြိမ်လိုဘဲ ဆေးပေးပါ
  • ပြီးတာနဲ့ ဇကာသန့်သန့်ထဲထည့်ပြီး ရေစစ်ထားပါ
  • လှော်စာဆေးလုံးကို ညက်ပြီးမှုန့်နေအောင် ထောင်းထားပါ
  • ကောက်ညှင်းဆန်များ ရေစစ်သွားတာနဲ့ ဇလုံတစ်လုံးထဲမှာထည့်ပြီး ထောင်းထားသော လှော်စာဆေးမှုန့်များကို ဖြန့်ထည့်ပေးပါ
  • ပြီးတာနဲ့ ဇွန်းသန့်သန့်ဖြင့် သမအောင် မွှေပေးပါ
  • လှော်စာဖောက်မည့် ဇလုံကို သန့်နေအောင် ဆေးပေးပြီး အခြောက်ခံထားပါ
  • ပြီးတာနဲ့ အလုံးလေးတွေ လုံးပေးပါ
  • အခြောက်ခံထားသော ဇလုံထဲကို ကောက်ညှင်းလုံးများ ထည့်ပေးပါ
  • အရင်လှော်စာဆေးမှုန့် နယ်ထားသော ဇလုံကို ရေ ထမင်းစားဇွန်း နှစ်ဇွန်းလောက်နှင့် ကျင်းပေးပြီး ကောက်ညှင်းအပေါ်မှာ ဖြန့်ပြီးထည့်ပေးပါ
  • ပြီးတာနဲ့ လေလုံစေရန် glad wrap ဖြင့် လုံနေအောင် အုပ်ပေးပါ
  • မာမာက ရာသီဥတု အေးတဲ့အချိန်မှာ လှော်စာလုပ်တဲ့အတွက် မီးဖိုခန်းရဲ့ အပူဆုံး နေရာဖြစ်တဲ့ oven ထဲမှာ ထည့်ထားလိုက်ပါတယ်
  • ရာသီဥတုအပေါ် မူတည်ပြီး လှော်စာအချဉ်ဖောက်တဲ့ရက် ရက်အတိုးအလျှော့ ရှိနိူင်ပေမဲ့ ပုံမှန်အပူချိန်ဆိုရင် နှစ်ရက်လောက်နေရင် ကစော်ဖောက်လာပါပြီ
  • လှော်စာထည့်ထားသော ဇလုံအဖုံးကို ဖွင့်လိုက်တာနဲ့ လှော်စာနံ့သင်းသင်းလေး ရပြီဆိုရင် စားဖို့ပြင်နိူင်ပါပြီ။
  • မိမိစားလို့ ပိုနေသော လှော်စာကို ရေခဲသေတ္တာထဲမှာ ၅ရက်လောက်အထိ ထားပြီး စားနိူင်ပါတယ်။
  • လှော်စာလုပ်ရာမှာ အသုံးပြုသော ပစ္စည်းများ လက်နှင့် လှော်စာထည့်မည့် ဇလုံတို့မှာ သန့်ပြန့်သော ပစ္စည်းများ ဖြစ်ရပါမယ်ရှင်