Monday, 9 March 2026

ဝက်သား အချိုနှပ်

 


ဒီနေ့တော့ မာမာချက်ဖြစ်တဲ့ ဝက်သားအချိုချက် လေးကို မျှဝေလို့ ပေးချင်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ဝက်သား - ကီလိုဝက်
  2. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  3. မှိုငံပြာရည် - လက်ဖက်ရည်ဇွန်းတဝက်သာသာ
  4. ပဲငံပြာရည်အပျစ် - ထမင်းစားဇွန်း တဇွန်း
  5. နှမ်းဆီ - လက်ဖက်ရည်ဇွန်း တဝက်
  6. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  7. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တဝက်
  8. ကြက်သွန်ဖြူ - အမွှာကြီးကြီး ငါးမွှာ
  9. ချင်း - ထမင်းစားဇွန်း တဇွန်းစာ (လှီးပြီးသား)
  10. ကြက်သွန်နီ - အနေတော် နှစ်ဥ
  11. ဆီ - ထမင်းစားဇွန်း ဆယ်ဇွန်းခန့်
  12. ရေ - လိုသလောက် သုံးပေးပါ
ပြင်ဆင်ချက်ပြပ်ပုံ
  • ဝက်သားကို အတုံးလိုက် ရေဆေးပြီး အနေတော် အတုံးလေးတွေ တုံးထားပါ
  • လှီးထားသော ဝက်သားများကို အိုးတလုံးထဲမှာထည့်ပြီး နှမ်းဆီ နနွင်းမှုန့် ဆား အရသာမှုန့် မှိုငံပြာရည်တို့နဲ့ အရသာ ဝင်သွားအောင် ဆုတ်ဆုတ်ပြီး နယ်ပေးပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးက ဓါးပြားရိုက်ထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ လေးခြမ်း ခြမ်းပြီး ရှစ်စိတ်ရအာင် လှီးထားပါ
  • ချင်းကိုအခွံခွာပြီး ရေဆေးကာ ခပ်မျှင်မျှင် လေး တွေ လှီးထားပါ
  • အားလုံး အဆင်သင့် ဖြစ်တာနဲ့ ဝက်သားထဲ့ထားသော အိုးထဲမှာ ပဲငံပြာရည် အပျစ်မှ လွဲပြီး ကျန်တဲ့ပါဝင်ပစ္စည်းများကို ထည့်ပေးပါ
  • ရေကိုတော့ အနည်ငယ်လေးဘဲ ထည့်ပေးပြီး အိုးအဖုံးအုပ်ကာ တည်ပေးပါ
  • အိုးထဲမှ ရေများ ခမ်းပြီး အိုးမကပ်စရန် မကြာမကြာ မွှေမွှေပေးပါ
  • အိုးထဲမှ ရေခမ်းသွားပါ ဝက်သားမြုပ်တဲ့အထိ ရေထည့်ပြီး တည်ပေးပါ
  • ရေမခမ်းခင် ဝက်သားနူးမနူး စမ်းကြည့်ပါ
  • ဝက်သားနူးသွားပါက ရေထပ်မထည့်တော့ဘဲ ပဲငံပြာရည် အပျစ်ကိုထည့်ပြီး သမအောင် မွှေ ပေးပါ
  • ဆီပြန်လာပါက ဝက်သားနှပ် အိအိလေး ရပါပြီ။
  • ဝက်သား မနူးသေးပါက ရေထပ်ထည့်ပြီး ဝက်သား နူးတဲ့အထိ တည်ပေးပါ။

Friday, 6 March 2026

အမဲသားကြော်

 


မာမာ ဒီနေ့တော့ အမဲသားကြော်တဲ့အခါ အသားတွေ ကျစ်ပြီး မာဆတ်ဆတ်ကြီး မဖြစ်သွား အောင် အပြင်ကကျွတ်ပြီး အတွင်းက နူးအိအိလေးနဲ့ စားလို့ ကောင်းစေဖို့အတွက် မာမာ ကြော်တဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။


ပါဝင်ပစ္စည်းများ
  1. အမဲသား - တကီလို (မိုးခိုသားကို သုံးပေးပါ)
  2. ဆား - လက်ဖက်ရည်ဇွန်း တဝက်သာသာ
  3. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တဝက်
  4. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  5. ချင်း - လက်တက် လက်နှစ်ဆစ်ခန့်
  6. ကြက်သွန်ဖြူ - အမွှာ နှစ်ဆယ်ခန့်
  7. သံပုရာသီး - အနေတော် တလုံးသို့မဟုတ်) 
  8. ရှာလကာရည် - ထမင်းစားဇွန်း နှစ်ဇွန်းသာသာ
  9. ဆီ - ခပ်များများ သုံးပေးပါ
  10. ရေ - အနည်းငယ် (အသားပြုပ်ရန်)
ကြော်ရန်ပြင်ဆင်ပုံ
  • အမဲသားကို အတုံးလိုက် ရေဆေးကာ အသားရဲ့ အမျှင်လိုက်အတိုင်း လှီးပေးပါ
  • အမဲသားက အမျှင်လိုက်လေးတွေ စားရတာ စားလို့ပိုပြီး ကောင်းပါတယ်
  • ပြီးတော့မှ မိမိနှစ်သက်သလောက် အနေတော် အတုံးလေးတွ လှီးပေးထားပါ။


လှီးထားသော အသားကို အရသာနှပ်ရန်
  • ချင်းကို အခွံခွာပြီး ရေဆေးကာ ညက်နေအာင် ထောင်းထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ မညက်တညက် ထောင်းထားပါ
  • သံပုရာသီးကို ရေဆေးပြီး အနေတော် စိတ်ကာ အရည်ညှစ်ထားပါ
  • အားလုံး အဆင်သ့င် ဖြစ်တာနဲ့ လှီးထားသော အမဲသားထဲကို ဆီမှလွဲပြီး ပါဝင်ပစ္စည်းများထည့်ကာ အရသာဝင် အောင် နယ်ပေးပါ
  • အရသာ နယ်ပြီးတာနဲ့ အသားထဲ စိမ့်ဝင်ပြီး ပျော့ပြောင်းသွားစေရန် နာရီဝက်လောက် နှပ်ထားပါ။


အမဲသားကြော်ရန် ပြင်ဆင်ပုံ
  • အိုးတလုံးထဲမှာ အရသာ နယ်ထားသော အသားများကို ထည့်ကာ ရေအနည်းငယ်ကို ထည့်ပေးပါပြီးတာနဲ့ အိုးအဖုံးအုပ်ပြီး ရေခမ်းတဲ့အထိ တည်ပေးပါ 
  • ရေခမ်းပြီ ဆိုတာနဲ့ အသားများ နူးပါပြီ
  • အမဲသားကို ဆီနဲ့ တန်းမကြော်ဘဲ အိုးထဲမှာ ရေအနည်းငယ်ထည့်ကာ အဖုံးအုပ်ပြီး အသားနူးကာ ရေခန်းသည်အထိ အရင်တည်ပါမှ ကြော်တဲ့အခါ အိအိလေး ရပါလိမ့မယ်
  • ရေခန်းပြီး အသားထဲက အရည်များ ခန်းလာပါမှ ဆီထည့်ကာ အပြင်သားလေးကို ရွှေအိုရောင်သန်းလာရုံ ခဏမျှ ကြော်ပေးပါ
  • ကြော်တဲ့အခါမှာ မီးအပူချိန်ကို အလယ်အလတ်နဲ့ဘဲ ကြော်ပေးပါ
  • မီးပြင်းလွန်းရင် အပြင်သားက ချက်ချင်းတူးပြီး အတွင်းက မကျက်တာမျိုး ဖြစ်တတ်ပါတယ်
  • မီးအေးလွန်းရင်လည်း အသားထဲက အရည်တွေ ခန်းခြောက်ပြီး မာသွားနိုင်ပါတယ်
  • မီးအလယ်အလတ်နဲ့ စိတ်ရှည်ရှည် ကြော်ပေးဖို့ လိုအပ်ပါတယ်
  • ကြော်နေတဲ့ အသားလေးတွေ အရောင် ပြောင်းလာပြီ ဆိုရင် တော့ မီးပိတ်ပြီး ပန်းကန်ထဲ ပြောင်းထည့် ပေးပါ
  • အပြင်သားကြွတ်ကြွတ် အတွင်းသား အိအိလေးနဲ့အမဲသားကြော်ကို မိမိနှစ်သက်သလို စားသုံးနိူင်ပါပြီ။
  • မာမာက တော့ အမဲသားကို ပြန်ကြော်တဲ့အခါမှာ ဆီကိုပိုပြီး ထည့်ထားပါတယ်။
  • ကြော်ပြီးလို့ ပိုနေတဲ့ ဆီတွေကို အအေးခံပြီး ထမင်းပူပူလေးမှာ ဆမ်းစားလို့ ရလေအောင် အမဲသားကြော်ထဲမှာ ပြန်ထည့်ပေးထားပါတယ်။

Wednesday, 4 March 2026

ဝက်သားကြော်



မာမာ ဒီနေ့တော့ ဝက်သားကြော်ကို မာကျစ်ကျစ်ကြီး ဖြစ်မနေဘဲ အတွင်းသားလေးကို နူးညံ့အိစက်နေအောင် ကြော်နိုင်မယ့် နည်းလမ်းကောင်းကို မျှဝေပေးလိုက်ပါတယ်ရှင်။


ပါဝင်ပစ္စည်းများ

  1. ဝက်သား - ကီလိုဝက် (အသားများ သောအပိုင်း)
  2. ဆား - လက်ဖက်ရည်ဇွန်း တဝက်မရှိတရှိ
  3. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  4. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တဝက်
  5. ချင်း - လက်တစ်ဆစ်သာသာ
  6. ကြက်သွန်ဖြူ - ဆယ်မွှာခန့်
  7. သံပုရာသီး - အနေတော် တစိတ်(သို့မဟုတ်) 
  8. ရှာလကာရည် - ထမင်းစားဇွန်း တဇွန်းသာသာ
  9. ဆီ - ထမင်းစားဇွန်း ဇွန်းနှစ်ဆယ်ခန့်
  10. ရေ - အနည်းငယ် (အသားပြုပ်ရန်)
ကြော်ရန်ပြင်ဆင်ပုံ
  • ဝက်သားကို အတုံးလိုက် ရေဆေးကာ အသားရဲ့ အမျှင်လိုက်အတိုင်း မလှီးဘဲ ကန့်လန့်ဖြတ် လှီးပေးပါ
  • ပြီးတော့မှ မိမိနှစ်သက်သလောက် အနေတော် အတုံးလေးတွ လှီးပေးထားပါ။


လှီးထားသော အသားကို အရသာနှပ်ရန်

  • ချင်းကို အခွံခွာပြီး ရေဆေးကာ ညက်နေအာင် ထောင်းထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ မညက်တညက် ထောင်းထားပါ
  • သံပုရာသီးကို ရေဆေးပြီး အနေတော် တစိတ် စိတ်ကာ အရည်ညှစ်ထားပါ
  • အားလုံး အဆင်သ့င် ဖြစ်တာနဲ့ လှီးထားသော ဝက်သားထဲကို ဆီမှလွဲပြီး ပါဝင်ပစ္စည်းများထည့်ကာ အရသာဝင် အောင် နယ်ပေးပါ
  • အရသာ နယ်ပြီးတာနဲ့ အသားထဲ စိမ့်ဝင်ပြီး ပျော့ပြောင်းသွားစေရန် နာရီဝက်လောက် နှပ်ထားပါ


ဝက်သားကြော်ရန် ပြင်ဆင်ပုံ

  • အိုးတလုံးထဲမှာ အရသာ နယ်ထားသော အသားများကို ထည့်ကာ ရေအနည်းငယ်ကို ထည့်ပေးပါ
  • ပြီးတာနဲ့ အိုးအဖုံးအုပ်ပြီး ရေခမ်းတဲ့အထိ တည်ပေးပါ 
  • ရေခမ်းပြီ ဆိုတာနဲ့ အသားများ နူးပါပြီ
  • ဝက်သားကို ဆီနဲ့ တန်းမကြော်ဘဲ အိုးထဲမှာ ရေအနည်းငယ်ထည့်ကာ အဖုံးအုပ်ပြီး အသားနူးကာ ရေခန်းသည်အထိ အရင်တည်ပါမှ ကြော်တဲ့အခါ အိအိလေး ရပါလိမ့မယ်
  • ရေခန်းပြီး အသားထဲက အရည်များ ခန်းလာပါမှ  ဆီထည့်ကာ အပြင်သားလေးကို ရွှေအိုရောင်သန်းလာရုံ ခဏမျှ ကြော်ပေးပါ
  • ကြော်တဲ့အခါမှာ မီးအပူချိန်ကို အလယ်အလတ်နဲ့ဘဲ ကြော်ပေးပါ
  • မီးပြင်းလွန်းရင် အပြင်သားက ချက်ချင်းတူးပြီး အတွင်းက မကျက်တာမျိုး ဖြစ်တတ်ပါတယ်
  • မီးအေးလွန်းရင်လည်း အသားထဲက အရည်တွေ ခန်းခြောက်ပြီး မာသွားနိုင်ပါတယ်
  • မီးအလယ်အလတ် နဲ့ စိတ်ရှည်ရှည် ကြော်ပေးဖို့ လိုအပ်ပါတယ်
  • ကြော်နေတဲ့ အသားလေးတွေ အရောင် ပြောင်းလာပြီ ဆိုရင် တော့ မီးပိတ်ပြီး ပန်းကန်ထဲ ပြောင်းထည့် ပေးပါ
  • အပြင်သားကြွတ်ကြွတ် အတွင်းသား အိအိလေးနဲ့ဝက်သားကြော်ကို မိမိနှစ်သက်သလို စားသုံးနိူင်ပါပြီ။