Thursday, 6 November 2014

သခွားသီးထောင်း


သခွားသီးထောင်းသုပ် ချဉ်ငံစပ်လေး ထောင်းထားပါတယ် သခွားသီးထောင်းသုပ်လို့ပြောရင် ငါးငပိရည်ကျိုလေးပါမှ ပြည့်စုံပါတယ်။

ငါးငပိရည်ကျို မပါရင် သခွားသီး အရသာက ပေါ့လျှံလျှံနဲ့မို့ စားလို့မကောင်းပါဘူး အိမ်မှာက မာမာတယောက်ထဲ စားတာမို့ သခွားသီးတခြမ်းကို ခြစ်ပြီး ထောင်းသုပ်လေး သုပ်ထားပါတယ် ထမင်းနဲ့စားတာထက် ဒီအတိုင်းစားရတာကို ပိုပြီးနှစ်သက်မိပါတယ် ။

ပါဝင်ပစ္စည်းများ

  1. သခွားသီးခြစ်ပြီးသား ဟင်းပြင်ပန်းကန် - တစ်လုံးစာ
  2. ပါးပါးလှီးထားသော ကြက်သွန်နီအနေတော် - တစ်ခြမ်း
  3. လှော်ပြီး အခွံခွာကာထောင်းထားသော ပုဇွန်ထုတ်ကြီးကြီး - ၂ထုတ်
  4. ကျိုထားသော ငါးငပိရည် ထမင်းစားဇွန်း - ၂ဇွန်း
  5. ကြက်သွန်နီ( သို့)ကြက်သွန်ဖြူဆီချက် ထမင်းစားဇွန်း - တစ်ဇွန်း
  6. အရသာမှုန့် လက်ဖက်ရည်ဇွန်း - တစ်ဝက်သာသာ
  7. လှော်ပြီးထောင်းထားသော ငရုတ်သီးစိမ်း - စားနိုင်သလောက်
  8. သံပုရာသီး - တစ်စိတ်
  9. ပင်စိမ်းရွက် - စားနိုင်သလောက်



သခွားသီးသုပ်ဖို့ လိုအပ်တာတွေကို ပြင်ပါမယ်

အားလုံးအဆင်သင့်ဖြစ်ပါက အားလုံးအရသာ
သမအောင် ငရုတ်ဆုံထဲမှာ ထည့်ကာ ၅ချက်
လောက် ထောင်းပေးပြီး ဇွန်းနှင့်မွှေပေးပါ
အရသာ အပေါ့အငံကို လိုအပ်သလို
 ပြင်ပေးပြီး သုံးဆောင်နိုင်ပါပြီ။

ကြက်ဥ အာလူးကတ်တလိတ်ကြော်


ဒီနေ့တော့ ကြက်ဥ အာလူးကတ်တလိတ် လုပ်နည်းလေးကိုပြောပါမယ် စားရတာပိုပြီး အရသာရှိသလို ကြော်ရတာလဲ ပိုပြီးကောင်းပါတယ် ကြက်ဥကို တစ်ခါထဲ ရောနယ်လိုက်တဲ့အတွက် ကြော်တဲ့အခါမှာ အာလူးတွေ ဖွာထွက်သွားတာမျိုး မဖြစ်တော့ပါဘူး သူ့ဘာသာသူ စေးပိုင်ပိုင်လေးဖြစ်နေပါတယ် ကြော်ပြီးရင်လဲ အပြင်ခွံက ပိုပြီးမွှေးပါတယ်။

ပါဝင်ပစ္စည်းများ
  1. အားလူး - 700 g 
  2. တန်ပူရာအကြော်မှုန့် - 100 g
  3. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  4. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက် 
  5. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  6. ဆီ - လိုသလောက်
  7. ကြက်ဥ - တစ်လုံး
  8. ဆီ - အနည်းငယ် (လက်ကိုသုတ်ရန်)

ပြင်ဆင်ပုံ
  • မြေနီအာလူး အာလူးအစေးသီးကို ရေစင်အောင်ဆေးပြီး အခွံမခွာဘဲ နူးနေအောင် ပြုပ်ပေးပါ
  • မိုက်ခဝေ့ မီးဖိုနှင့်ပြုပ်ပါက ရေ အနည်းငယ်ထည့်ပြီး ၁၂မိနစ်နစ်ခန့် ပြုပ်ပေးပါ
  • အာလူးနူးပါက အအေးခံပြီး အခွံခွာပေးပါ
  • အခွံခွာပြီးသား အာလူးကို စတီးဇလုံ တစ်လုံးထဲထည့်ပြီး ဆား အရသာမှုန့် တန်ပူရာမှုန့် နနွင်းမှုန့်တို့ထည့်ပြီး အာလူးကျေအောင်ချေကာ နယ်ပေးပါ
  • အာလူးကျေသွားပါက ငရုတ်ကျီပွေ့နှင့် ငရုတ်ဆုံ မရှိက ဇလုံထဲမှာဘဲ စေးပိုင်လာတဲ့ထိ ထောင်းပေးပါ
  • အာလူးများ စေးပိုင်လာပါက ကြက်ဥအကာကို ထည့်ပေးကာသမသွားအောင် ထည့်နယ်ပေးပါ
  • ပြီးတာနဲ့ ထမင်းစားဇွန်း တစ်ဇွန်းစာယူပြီး လက်နှင့်ဆုတ်လုံးပေးပါ
  • အားလုံးဆုတ်လုံးပေးပြီးပါက လက်ဝါးနှစ်ဖက်ကို ဆီသုတ်ပေးကာ အာလူးလုံး တစ်လုံးချင်းယူကာ လက်ဝါးနှစ်ဖက်ကြားထည့်ပြီး ခပ်ရှည်ရှည်လေးတွေ ရသွားအောင် သွားအောင် လုံးပေးပါ
  • အာလူးလုံးလေးများ အဆင်သင့်ဖြစ်ပါက ဆီကို ဒယ်အိုးထဲထည့်ပြီး အပူပေးပါ
  • ဆီပူလာပါက အာလူးလုံးလေးများ မထည့်ခင် မီးကို အလယ်လောက်ထိ လျော့ပေးပါ
  • မီးလျော့ပြီးမှ အာလူးလုံးများကို တစ်လုံးခြင်းထည့်ပြီ ကြော်ပေးပါ
  • တစ်ဖက်ရွှေဝါရောင် သန်းလာပါက နောက်တစ်ဖက်ကို လှန်ပေးပါ
  • အာလူးကတ်တလိတ်ကြော် တစ်လုံးလုံး ရွှေဝါရောင်သန်းလာပါက ဆယ်ပြီး ဆီစစ်ပေးပါ
  • ဆီစစ်သွားပါက နံနံပင်နံ့မွှေးမွှေးလေးနဲ့ သတ်သတ်လွတ်အာလူး ကတ်တလိတ်လေးကို စားသုံးနိုင်ပါပြီ။

Wednesday, 29 October 2014

သတ်သတ်လွတ် ကော်ပြန့်စိမ်း


ဒီနေ့လုပ်စားဖြစ်တဲ့ သတ်သတ်လွတ် ကော်ပြန့်စိမ်းလေးပေါ့ ကော်ပြန့်စိမ်းဆိုရင် ဘာပါရမယ် ညာပါရမယ် ဘာပါမှပြည့်စုံမယ် ညာပါမှ ပြည့်စုံမယ်ဆိုတဲ့ သတ်မှတ်ချက်တွေ မရှိပါဘူး။

စားတဲ့အခါ ခံတွင်းတွေ့ဖို့သာ အဓိကမို့ ဒီနေ့အိမ်မှာရှိတဲ့ အသီးအရွက်လေးနဲ့ သမီးအတွက် ကော်ပြန့်စိမ်းလေး လုပ်ပေးဖြစ်ပါတယ်။

ကော်ပြန့်စိမ်းလေး မကြာမကြာ လုပ်စားဖြစ်သလို အိမ်မှာရှိတဲ့ အသီးအရွက်တွေနဲ့အဆင်ပြေအောင် လုပ်နိုင်တာမို့ အရသာရှိရှိနဲ့ စားသုံးနိုင်အောင် မာမာပြင်ဆင်တဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်။

ပါဝင်​ပစ္စည်းများ

  1. အနေတော်အရွယ် လှီးထားသော ဂေါ်ဖီ - တရုတ်ဟင်းပြင်ပန်းကန် တစ်လုံးမောက်မောက်
  2. အနေတော်အရွယ် လှီးထားသော တရုတ်မုန့်ညှင်း - တရုတ်ဟင်းပြင်ပန်းကန် တလုံးမောက်မောက်
  3. လက်တစ်ဆစ်ခန့်အနေလှီးထားသော ကြက်သွန်မိတ် - တရုတ်ဟင်းပြင်ပန်းကန် တစ်လုံးမောက်မောက်
  4. တစ်လက်မသာသာအရှည် အချောင်းလေးများရအောင် လှီးထားသော မုံလာဥနီ - တရုတ်ဟင်းပြင်ပန်းကန် တစ်လုံးမောက်မောက်
  5. လက်တစ်ဆစ်ခန့်အရွယ်လှီးထားသော တရုတ်နံနံ - လက်ဖက်ရည်ကြမ်းပန်းကန် တစ်လုံးမောက်မာက်ေ
  6. သေးသေးနုတ်နုတ်လှီးထားသော ကြက်သွန်နီ - တရုတ်ဟင်းပြင်ပန်းကန် တစ်လုံးစာ
  7. ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
  8. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  9. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  10. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်မရှိတစ်ရှိ
  11. နှမ်းဆီ - လက်ဖက်ရည်ဇွန်း တစ်ဝက်
  12. ဆီ - ထမင်းစားဇွန်း ၃ဇွန်း
  13. ပဲငံပြာရည်အပြစ် - ထမင်းစားဇွန်း ၂ဇွန်း
  14. Rice paper - ၁၂ရွက်

ပြင်ဆင်ပုံ
  • လှီးထားသော အသီးအရွက် အားလုံးကို ရေဆေးပြီး ရေစစ်ထားပါ
  • ဆီကိုအပူပေးပြီး ကြက်သွန်ဖြူကို နီညိုရောင် သန်းလာတဲ့ထိ ကြော်လိုက်ပါ
  • ပြီးတာနဲ့ကြက်သွန်နီကို မိနစ်ဝက်လောက် ထဲ့မွှေပါ
  • မုံလာဥနီ ဂေါ်ဖီ တရုတ်မုန့်ညှင်းတို့ကို မိနစ်ဝက်လောက် ထဲ့မွှေပါ
  • ဆား အရသာမှုန့်ထဲ့ပြီးတာနဲ့ ကြက်သွန်မိတ် တရုတ်နံနံ ငရုတ်ကောင်းမှုန့် နှမ်းဆီတို့ကို ထဲ့မွှေပါ
  • တမိနစ်လောက်မွှေပြီးတာနဲ့ မီးပိတ်ပြီး ကြော်ထားသောအိုးကို တခြမ်းစောင်းကာ အအေးခံပြီး အရည်စစ်ပေးထားပါ။
  • အသီးအရွက်များအေးတာနဲ့ ဆန်ပြားရွက်ကို ရေနွေးနွေးလေးနဲ့ ပန်းကန်ပြားတချပ်ထဲ ထဲ့ပြီး မိနစ်ဝက်လောက်ဘဲ ပျော့လာတဲ့ထိစိမ်လိုက်ပါ
  • စိမ်ပြီးတာနဲ့ ပန်းကန်ပြားအခြောက်တချပ်ပေါ်ဖြန့်တင်ပြီး ခင်းပေးပါ
  • ကြော်ထားသောအစာကို ထမင်းစားဇွန်း သုံးဇွန်းလောက်ကို အောက်ဖက်နားမှာ ပုံပြီးထဲ့ပေးပါ
  • ပုံထားသော အောက်ဖက်မှ အစာကိုအုပ်ပြီး စလိပ်ပေးပါ
  • ဘေးနှစ်ဖက်ကို အစာအပေါ်ကို တစ်စဆီ ခေါက်ပေးပါ
  • နောက်ထပ်အောက်ဖက်မှ အလိပ်ပုံစံရတဲ့အထိ ဆက်တိုက်လိပ်ပေးသွားပြီးရင် ရပါပြီ
  • ကော်ပြန့်စိမ်းအပြင်သား ထူထူလေးရအောင် လိပ်ပြီးသား အလိပ်များကို နောက်ထပ်ဆန်ပြားဖတ် တရွက်ဆီကို ရေစိမ်ပြီး ထပ်လိပ်ပေးပါက လှီးတဲ့အခါလှီးလို့ကောင်းသလို စားလို့လဲ ပိုပြီးကောင်းပါတယ်။
အချဉ်ရည်အတွက်ပြင်ပါမယ်
  • Tomato sauce ထမင်းစားဇွန်း ၂ဇွန်း
  • Chili sauce ထမင်းစားဇွန်း ၂ဇွန်း 
  • ရေနွေး ထမင်းစားဇွန်း ၄ဇွန်း တို့ကိုရောမွှေပေးပါ

Saturday, 25 October 2014

မုန့်လက်ကောက်ကြော်




မုန့်သားသေစေရန်ဆန်မှုန့် ကောက်ညှင်းမှုန့် 
ဆား ဆိုဒါ အားလုံးရောနယ်ပြီး နှပ်ထားပေးပါ


မုန့်သားကို ကွင်းပြီးတာနဲ့ နှမ်းစေ့နှင့်လူးပေးပါ


ကြော်ပြီးပါက တခုခြင်းကို Paper Towels


ကြော်ပြီး ဆီစစ်ထားတဲ့ နှမ်းကပ် 
မုန့်လက်ကောက်လေးရပါပြီ


ကျိုပြီးအအေးခံထားသော ထန်းလျှက်ရည်ထဲမှာ 
စိမ်ထားပေးပါ


နှမ်းကပ်ကြော် မွှေးမွှေးလေးနဲ့ မုန့်လက်ကောက် 
ချိုစိမ့်စိမ့်လေးရပါပြီ။

နေ့ လည်နေ့ခင်း မုန့်အချိုစိမ့်စိမ့်လေး စားရအောင် မာမာ မုန့်လက်ကောက်လေး ကြော်ပါတယ် ရိုးရိုးမုန့်လက်ကောက်လေးထက် စားရတာ အရသာပိုကောင်းပြီး မွှေးစိမ့်နေအောင် နှမ်းစိမ်းလေးနဲ့ လှိမ့်ကာ ကြော်ထားပါတယ်။

မုန့်လက်ကောက်က ကြော်တတ်ပြီး ကြော်နည်းလေးသိရင် စားလို့အရမ်းကောင်းသလို ကြော်လို့လဲ လွယ်ပါတယ် မုန့်စပ်နည်းနဲ့ကြော်နည်းမကျွမ်းကျင်ရင်တော့ ကြော်တဲ့အခါ အန္တရာယ် နည်းနည်းများပါတယ်။

မကြော်ခင် မုန့်သားစပ်ပြီး အနည်းဆုံ ၂နာရီ၃နာရီလောက် မုန့်သားသေအောင် ထားပေးရပါတယ် မုန့်သားမသေရင် ကြော်တဲ့အခါမှာ မုန့်သားက ဆီပေါက်ပြီး ဆီရော မုန့်သားတွေပါ တော်တော် ခပ်ဝေးထိ လွင့်စင်ပြီး ပေါက်တတ်ပါတယ်။

ဒါကြောင့်မို့ ဆီပူမထိရလေအောင် မုန့်သားသေအောင်ထားပြီးမှ ကြော်တာအကောင်းဆုံးပါ မုန့်သားသေသွားရင်တော့ ကြော်နေစဉ် ဆီပူပေါက်ပြီးမှန်မှာ မကြောက်ရတော့ ဘူးပေါ့နော်။

ပါ၀င်ပစ္စည်းများ

ကောက်ညှင်းမှုန့်. - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၃ဗူး
ဆန်မှုန့် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၁ဗူး
ရနွေး - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၁ဗူးသာသာ
ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်မရှိတရှိ
ဆိုဒါ - လက်ဖက်ရည်ဇွန်း တစ်၀က်မရှိတရှိ
နှမ်းဖြူ - လက်ဖက်ရည် အကြမ်းပန်းကန် တစ်၀က်သာသာ
ဆီ - လိုသလောက် သုံးပါ
ထန်းလျှက်ခဲ - 200 g
ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၃ဗူး

ထန်းလျှက်ရည်ကျိုရန်
အိုးတလုံးထဲမှာ ထန်းလျှက်ခဲနှင့် ရေကိုထည့်ပြီး မီးဖိုပေါ်တင်ကာ ကျိုပေးပါ
ထန်းလျှက်ခဲများ အရည်ပျော်လာပါက အရည်ကို ပျစ်လာတဲ့အထိ ဆက်တိုက်မွှေပေးပါ
မွှေနေစဉ် ထန်းလျှက်ရည် ကြွက်မြှီးတန်း အနေအထား ရမရသိစေရန် ထန်းလျှက်ရည်ကို ယောင်းမနှင့် ဆယ်ပြီး အိုးထဲမှာဘဲ ပြန်လောင်းချကြည့်ပါ
ကြွက်မြှီးတန်း အနေအထားလောက် ရလာပါက အအေးခံပေးထားပါ
ပြင်ဆင်ပုံ
ဇလုံတစ်လုံးထဲမှာ ကောက်ညှင်းမှုန့် ဆန်မှုန့် ဆား ဆိုဒါတို့ကို ရေနွေးနည်းနည်းချင်းထည့်ကာ နယ်ပေးပါ
ကောက်ညှင်းမှုန့်အပေါ်မူတည်ပြီး ရေကို နည်းနည်းချင်းထည့်ပြီး နယ်ပေးပါ
မုန့်သားပျော့ပြီး စေးလာပြီဆိုရင် မုန့်သားအရမ်း မပျော့စေရန် ရေအကုန်မထည့်ဘဲ ရေကိုချန်ထားလိုက်ပါ
မုန့်သားပျော့လာပါက အ၀တ်စသန့်သန့်ကို ရေစွတ်ပြီး ရေညှစ်ကာ မုန့်သားအပေါ် အုပ်ထားပေးပါ
မုန့်သားသေပြီး ကြော်လို့ကောင်းစေရန် မုန့်သားကို အနည်းဆုံး ၂နာရီကျော် ၃နာရီလောက် နှပ်ထားပေးပါ
မုန့်သားနှပ်ပြီးတာနဲ့ လက်တဖျစ်စာသာသာ  အနေတော်မုန့်သားကိုယူကာ လက်ဖဝါး နှစ်ဖက်နဲ့ ပွတ်ပြီး မုန့်သားရှည်ရှည်လေးရတာနဲ့ ထိပ်စ၂ဖက်ကို အဝိုင်းလေးလုပ်ကာ ဖိပြီးဆက်လိုက်ပါ
ပြီးတာနဲ့ နှမ်းထည့်ထားသော ပန်းကန်ထဲမှာ နှမ်းစေ့များ ကပ်အောင် လူးလိုက်ပါ
ဒယ်အိုးထဲ ဆီထည့်ပြီး ဆီကိုမီးအပူပေးပါ
ဆီပူလာတာနဲ့ မီးကို အနေတော်သို့ လျှော့ပြီးမှ ကွင်းထားသော မုန့်သားကို ထည့်ကြော်ပေးပါ
မီးပြင်းလွန်းရင် အတွင်းသားတွေ မကျက်ဘဲ အပြင်သားလဲ ကျွမ်းလွယ်ပါတယ်
မီးအနေတော်နဲ့ကြော်နေစဉ် တဖက်ရွှေဝါရောင် သန်းလာပြီး ကျက်လာရင် တဖက်ကို လှန်ပေးပါ
၂ဖက်လုံး မုန့်သားအရောင် ပြောင်းသွားပြီး ကျွတ်သွားပါက ဆယ်ပြီး Paper Towels ပေါ်တင်ပြီး ဆီစစ်ပေးထားပါ
မုန့်လက်ကောက် ၁၅ခုစာ ရပါမယ်
ထန်းလျှက်ရည် ကျိုပြီးပါက နှမ်းကပ်မုန့်လက်ကောက်ကို ထန်းလျှက်ရည် ချိုချိုလေးနှင့် တွဲဖက်ပြီး စားသုံးရန် ပြင်ပေးနိူင်ပါပြီရှင်။

Wednesday, 22 October 2014

(Black Fungus) ကော်ပြန့်ကြော်


သတ်သတ်လွတ် ကြွက်နားရွက်မှို ကော်ပြန့်လိပ်ကြော်လေး ကြော်စားဖြစ်ပါတယ် အသားဆို ညင်းတတ်တဲ့ သမီးငယ်လေးက အသားမပါရင်တော့ မြိန်ရည်ယှက်ရည် စားသုံးတတ်ပါတယ်။

ဒါကြောင့်မို့လဲ တနေ့တမျိုးမရိုးရအောင်လို့ သူ့အတွက် မာမာ စိတ်ကူးပြီး ကြော်ပေးထားတဲ့ ကော်ပြန့်ကြော်လေးမို့ မြည်းစမ်းဖို့အတွက် ကြော်ကြည့်စေချင်ပါတယ်။

ပါ၀င်ပစ္စည်းများ

ကော်ပြန့်ရွက် - ၁၂ရွက်
ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူ - ၃မွှာ
ခပ်သေးသေး နုတ်နုတ်လှီးထားသော ကြက်သွန်နီ - တရုတ်ဟင်းပြင်ပန်းကန် တစ်လုံးစာ
အနေတော်လှီးထားသော တရုတ်မုန့်ညှင်း - တရုတ်ဟင်းပြင်ပန်းကန် တစ်လုံးမောက်မောက်
လက်တစ်ဆစ်ခန့်လှီးထားသော ကြက်သွန်မ်ိတ် - တရုတ်ဟင်းပြင်ပန်းကန် တစ်လုံးမောက်မောက်
ခပ်ကြမ်းကြမ်းလှီးထားသော ဂေါ်ဖီ - တရုတ်ဟင်းပြင်ပန်းကန် တစ်လုံးမောက်မောက်
တစ်လက်မသာသာ ရှည်ရှည်အမြှောင်းလေးတွေလှီးထားသော မုံလာဥနီ - တရုတ်ဟင်းပြင်ပန်းကန် တစ်လုံးစာ
ရေစိမ်ပြီး အနေတော် လှီးထားသောBlack Fungus - တရုတ်ဟင်းပြင်ပန်းကန် တစလုံးမောက်မောက်
ခပ်ကြမ်းကြမ်း လှီးထားသော တရုတ်နံနံ - လက်ဖက်ရည်အကြမ်းပန်းကန် တစ်လုံးမောက်မောက်
ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်းသာသာ
အရသာမှုန့်. - လက်ဖက်ရည်ဇွန်း တစ်၀က်သာသာ
ပဲငံပြာရည်အပြစ် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်
နှမ်းဆီ - လက်ဖက်ရည်ဇွန်း လေးပုံ တစ်ပုံ
ဆီ - လက်ဖက်ရည် အကြမ်းပန်းကန် တစ်၀က်

အစာအတွက်ကြော်ပါမယ်
ဆီကိုအပူပေးပြီး ကြက်သွန်ဖြူကို အရင်မွှေးလာအောင်ကြော်ပေးပါ
ပြီးတာနဲ့ကြက်သွန်နီကိုနဲနဲနွမ်းအောင်ကြော်ပေးပါ
ကြက်သွန်နီနွမ်းလာတာနဲ့ black fungus ကို တစ်မိနစ်လောက်ထဲ့ကြော်ပါ
လှီးထားသော အရွက်များထဲမှတရုတ်နံနံနှင့်ကြက်သွန်မိတ်ကိုချန်ထားပြီး ဆား အရသာမှုန့် တို့ထဲ့ပြီး အရွက်များနွမ်းအောင်ကြော်ပေးပါ
အားလုံးနွမ်းလာတာနဲ့ တရုတ်နံနံ ကြက်သွန်မိတ် ပဲငံပြာရည် ငရုတ်ကောင်းမှုန့် နှမ်းဆီတို့ထဲ့မွှေပြီး တမိနစ်လောက် ကြော်ပြီးတာနဲ့မီးပိတ်ပေးပါ။

ကော်ပြန့်လိပ်ရန်အတွက်ပြင်ပါမယ်
ကြော်ထားသော အစာကို အအေးခံပြီး အရည်များ စစ်ထားပေးပါ
ကော်ပြန့်ရွက်ကို ထောင့်ချွန်းခင်းပြီး အောက်နားမှာ အစာကို ထမင်းစားဇွန်း နှစ်ဇွန်းလောက်ပုံပေးပါ
အစာအောက်ဖက်မှ အစကို စပြီးလိပ်ပေးကာ ဘေး၂ဖက်ကိုပါ ခေါက်ပေးပြီး ဆက်လိပ်ပေးပါ
လိပ်လာသော အစဆုံးကာနီးပါက ဂျုံမှုန့်ဖျော်ထားသော အရည်နှင့် အနားစကိုကပ်ပြီး ဆက်လိပ်ပေးပါ
ကော်ပြန့်လိပ်များ လိပ်လို့ပြီးပါက ဆီလက်ဖက်ရည်ပန်းကန်လုံး တစ်လုံးခွဲကို ဒယ်အိုးထဲထည့်ပြီး မီးအပူပေးပါ
ဆီပူလာပါက မီးကို အလယ်လောက်ထိ လျော့ချပြီးမှ ကော်ပြန့်လိပ်ကို တလိပ်ခြင်း ထဲ့ကြော်ပေးပါ
ကော်ပြန့်လိတ် တလိတ်လံ ေးရွှေဝါရောင် သန်းလာပါက ဆယ်ပြီး ဆီစ်ပေးပါ။
ကော်ပြန့်လိပ်နှင့်စားရန် အချဉ်စပ်ပါမယ်
Tomato sauce ထမင်းစားဇွန်း တစ်ဇွန်း
Chili sauce ထမင်းစားဇွန်း တစ်ဇွန်း
ဆား လက်ဖက်ရည်ဇွန်း တစ်၀က်
သကြား လက်ဖက်ရည်ဇွန်း တစ်ဇွန်းသာသာ
ရေနွေးနွေးရုံလေး ထမင်းစားဇွန်း သုံးဇွန်း တို့ကိုရောမွှေပေးပါ

Monday, 20 October 2014

My Little Garden

မြန်မာပြည်က မာမာ့သပြေခြံလေးရယ် အခုလက်ရှိနေနေတဲ့ နိုင်ငံက ဥယျာဉ်လေးထဲက စားပင် အချို့ရယ်ပါ ၀ါသနာစုံတယ်လို့တော့ ထင်ကြမှာဘဲနော်။

ထမင်းချက် ဟင်းချက် မုန့်လုပ်တာတွေအပြင် စာရေး ကဗျာစပ်ဆိုတဲ့ တောက်တိုမယ်ရလေးက စပ်စပ်စုစုလုပ်တတ်သလို အိမ်မှာ အပင်စိုက် အင်္ကျံချုပ် သိုးမွှေးထိုးတာလေး တွေကလဲ တောက်တိုမယ်ရ လုပ်တတ်ပါသေးတယ်။

ဒီနေ့တော့ ခြံထဲက အပင်လေးတွေ ပွင့်နေတာလေးတွေ တင်ပေးမယ်နော် ၀ါသနာတူရင် မျှဝေခံစားလို့ ရအောင်ပေါ့နော်။

ဒါကတော့ မြန်မာပြည်က မာမာ့ရဲ့ 
အာဆီယံ သပြေခြံလေးပါ

ဒါကတော့ မာမာအခုနေတဲ့ အိမ်မှာစိုက်ထားတဲ့ 
ကန်စွန်းပင်က အပွင့်လေးပါ

ဒါကတော့ ရေခဲသေတ္တာထဲမှာ မစားဖြစ်ဘဲ 
ကျန်နေတဲ့ကန်ဇွန်းဥကနေ အပင်လေးတွေ
ပေါက်နေတာပါ

ဒါကတော့ ပျိုးပင်လေးဘ၀နဲ့ ပန်းအိုးထဲမှာဘဲ 
ပွင့်တော့မဲ့ ဘူးပင်လေးပါ

ဒါကတော့ မုံလာပွင့်လေးပါ

ဒါလေးကတော့ ရွှေဖရုံပွင့်လေးတွေပါ

ဘေဘီ ဘလိုကိုလီကြော်



ဒီနေ့တော့ သတ်သတ်လွတ် ဘေဘီဘရိုကိုလီ ကြော်ပါတယ် လတ်လတ်ဆတ်ဆတ် စိမ်းစိမ်းစိုစိုလေးမို့ စားလို့လဲ အရမ်းကောင်းပါတယ် အသားငါး စိမ်းစိမ်းစိုစိုတွေ မစားတဲ့ သမီးလေးအတွက်မို့ မာမာ့ရဲ့စိတ်ကူးနဲ့ ချက်ခဲ့တဲ့ ဟင်းလေးတစ်မျိုးပါ။

မာမာ့သမီးလေးကတော့ မာမာချက်သမျှ သတ်သတ်လွတ်ဟင်းလေးတွေက သူ့အဖို့တော့ နတ်သုဒ္ဓါဟင်းလေးတွေမို့ ချက်ပြုပ်ကျွေးရတဲ့ ဟင်းလေးတွေအတွက် မာမာ့ပီတိလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ရေစင်အောင် ဆေးထားသော ဘေဘီဘလိုကိုလီ - ခွန်နှစ်ပင်
  2. ဆီ ထမင်းစားဇွန်း - နှစ်ဇွန်း
  3. နနွင်းမှုန့်-  လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  4. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်မရှိတစ်ရှိ
  5. အရသာမှုန့်-  လက်ဖက်ရည်ဇွန်း တစ်ဝက်
  6. ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူ - လေးမွှာ
  7. ရေ - အနည်းငယ်
  8. ငရုတ်ကောင်းမှုန့်-  လက်ဖက်ရည်ဇွန်း တစ်ဝက်



ဆီကိုအပူပေးပြီးနနွင်းမှုန့်ထဲ့ကာ 
ကြက်သွန်ဖြူကို ညိုလာတဲ့ထိကြော်ပေးပါ


ကြက်သွန်ဖြူညိုလာတာနဲ့ ဘေဘီဘလိုကိုလီ 
ဆားနဲ့ အရသာမှုန့်ထဲ့ပြီး ကြော်ပေးပါ


မိနစ်ဝက်လောက်ကြော်ပြီးတာနဲ့ရေထဲ့ပြီး
 ရေပွက်ပွက်ဆူလာအောင် တည်ပေးပါ

ရေခမ်းပြီဆိုတာနဲ့ ငရုတ်ကောင်းမှုန့်ဖြူးကာ 
စားသုံးနိုင်ပါပြီ