Thursday, 8 October 2026

ကြာရိုးသုပ်


 

မာမာဒီနေ့တော့ ကြာရိုးလေးတွေ ဝယ်လာဖြစ်လို့ ချဉ်ငံစပ်လေး သုပ်ဖြစ်ပါတယ် ဒါကြောင့်မို့လို့ ထမင်းပူပူလေးနဲ့ လိုက်ဖက်ပြီး စားလို့ကောင်းလွန်းတဲ့ ကြာရိုးသုပ် သုပ် နည်းလေးကို မျှ‌ဝေပေးလိုက်ပါတယ်ရှင်။


ပါ၀င်ပစ္စည်းများ

  1. ကြာရိုး ပြုပ်ပြီးသား - 454g တပုလင်း
  2. ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  3. မျှင်ငပိထောင်းပြီးသား - အနည်းငယ်
  4. ကြက်သွန်ဖြူ - အမွှာကြီးကြီး ငါးမွှာ
  5. ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  6. ငရုတ်သီး အလှော်မှုန့် - စားနိူင်သလောက်
  7. ငရုတ်သီးစိမ်း - စားနိူင်သလောက်
  8. သံပုရာသီး - တစ်ခြမ်း (သို့မဟုတ်)မန်ကျည်းသီးမှည့်အနှစ် ထမင်းစားဇွန်း တစ်ဇွန်း
  9. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်သာသာ
  10. ပုဇွန်ခြောက်မှုန့် - ထမင်းစားဇွန်း နှစ်ဇွန်း


ကြာရိုးပြုပ်ရန် ပြင်ဆင်ပုံ

  •  ကြာရိုးမှ ရင့်နေသော အပေါ်ယံ အလွှာများနှင့် မလိုတာ‌တွေကို ဖယ်ပေးပြီး ရေစင်အောင် ဆေးထားပါ။
  • ပြီးတာနဲ့  ကြာရိုးကို ရေမြုပ်အောင်ထည့်ကာ ၁၅မိနစ်လောက်ပြုပ်ကာ စိမ်ထားပါ။
  • ရေစိမ်ပြီးတာနဲ့ ထိုအရည်များ သွန်ပေးကာ ရေစစ်ပေးပါ။

အသုပ်သုပ်ရန် ပြင်ဆင်ပုံ

  • ပြုပ်ပြီးသား ကြာရိုးများကို အနေတော်လေးတွေ လှီးထားပါ။
  • ငရုတ်သီးစိမ်းကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ။
  • သံပုရာသီးကို ရေဆေးပြီး ထက်ဝက်ခြမ်းထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ မညက်တညက်ထုကာ နုတ်နုတ်စင်းထားပါ။
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးထားပါ။
  • ကျန်သော ပါ၀င်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဇလုံ ကျယ်ကျယ်ထဲမှာ ပါဝင်ပစ္စည်းအားလုံးကို ထည့်ပေးကာ အရသာ ဝင်အောင်နယ်ပေးပါ။
  • ပြီးတာနဲ့ ကြာရိုးများ အရသာ သမသွားပါက အရသာမြည်းပြီး မိမိစိတ်ကြိုက် အရသာ ရလာ‌ေအာင် ပြင်ပေးကာ ကြာရိုးသုပ် ချဉ်ငံစပ်လေးကို မိမိနှစ်သက်သလို စားသုံးနိူင်ပါပြီ။
မှတ်ချက်။။ မာမာက ရယ်ဒီမိတ် ပုလင်းထဲက ကြာရိုးကို သုပ်တဲ့အတွက် ရေးဆးပြီးဘဲ သုပ်ပါတယ်။
လတ်လတ်ဆတ်ဆတ် ကြာရိုးနဲ့ ချက်မယ်ဆိုရင်တော့ အထက်ပါ နည်းအတိုင်း လုပ်ပေးရပါမယ်ရှင်။

No comments:

Post a Comment