Monday, 9 March 2026

ဝက်သား အချိုနှပ်

 


ဒီနေ့တော့ မာမာချက်ဖြစ်တဲ့ ဝက်သားအချိုချက် လေးကို မျှဝေလို့ ပေးချင်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ဝက်သား - ကီလိုဝက်
  2. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  3. မှိုငံပြာရည် - လက်ဖက်ရည်ဇွန်းတဝက်သာသာ
  4. ပဲငံပြာရည်အပျစ် - ထမင်းစားဇွန်း တဇွန်း
  5. နှမ်းဆီ - လက်ဖက်ရည်ဇွန်း တဝက်
  6. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  7. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တဝက်
  8. ကြက်သွန်ဖြူ - အမွှာကြီးကြီး ငါးမွှာ
  9. ချင်း - ထမင်းစားဇွန်း တဇွန်းစာ (လှီးပြီးသား)
  10. ကြက်သွန်နီ - အနေတော် နှစ်ဥ
  11. ဆီ - ထမင်းစားဇွန်း ဆယ်ဇွန်းခန့်
  12. ရေ - လိုသလောက် သုံးပေးပါ
ပြင်ဆင်ချက်ပြပ်ပုံ
  • ဝက်သားကို အတုံးလိုက် ရေဆေးပြီး အနေတော် အတုံးလေးတွေ တုံးထားပါ
  • လှီးထားသော ဝက်သားများကို အိုးတလုံးထဲမှာထည့်ပြီး နှမ်းဆီ နနွင်းမှုန့် ဆား အရသာမှုန့် မှိုငံပြာရည်တို့နဲ့ အရသာ ဝင်သွားအောင် ဆုတ်ဆုတ်ပြီး နယ်ပေးပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးက ဓါးပြားရိုက်ထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ လေးခြမ်း ခြမ်းပြီး ရှစ်စိတ်ရအာင် လှီးထားပါ
  • ချင်းကိုအခွံခွာပြီး ရေဆေးကာ ခပ်မျှင်မျှင် လေး တွေ လှီးထားပါ
  • အားလုံး အဆင်သင့် ဖြစ်တာနဲ့ ဝက်သားထဲ့ထားသော အိုးထဲမှာ ပဲငံပြာရည် အပျစ်မှ လွဲပြီး ကျန်တဲ့ပါဝင်ပစ္စည်းများကို ထည့်ပေးပါ
  • ရေကိုတော့ အနည်ငယ်လေးဘဲ ထည့်ပေးပြီး အိုးအဖုံးအုပ်ကာ တည်ပေးပါ
  • အိုးထဲမှ ရေများ ခမ်းပြီး အိုးမကပ်စရန် မကြာမကြာ မွှေမွှေပေးပါ
  • အိုးထဲမှ ရေခမ်းသွားပါ ဝက်သားမြုပ်တဲ့အထိ ရေထည့်ပြီး တည်ပေးပါ
  • ရေမခမ်းခင် ဝက်သားနူးမနူး စမ်းကြည့်ပါ
  • ဝက်သားနူးသွားပါက ရေထပ်မထည့်တော့ဘဲ ပဲငံပြာရည် အပျစ်ကိုထည့်ပြီး သမအောင် မွှေ ပေးပါ
  • ဆီပြန်လာပါက ဝက်သားနှပ် အိအိလေး ရပါပြီ။
  • ဝက်သား မနူးသေးပါက ရေထပ်ထည့်ပြီး ဝက်သား နူးတဲ့အထိ တည်ပေးပါ။

No comments:

Post a Comment