မာမာ ဒီနေ့တော့ ဆန်ခေါက်ဆွဲကို ကြက်ဥနဲ့ ဝက်အူချောင်းထည့်ကာ ကြော်စားဖြစ်ပါတယ် မာမာက အသားသိပ်မစားတဲ့အတွက် အသားကို အထူးတလည် မထည့်ဖြစ်ပေမဲ့ မိမိတို့က အသားပါမှ ကြိုက်တယ်ဆိုရင်တော့ မိမိနှစ်သက်ရာ အသားကို ထည့်ကြော်လို့ရပါတယ်။
ဒါကြောင့်မို့လို့ မာမာကြော်သလိုလေး ကြော်စားချင်တဲ့သူတွေ ကြော်စားနိူင်အောင် မာမာကြော်တဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါ၀င်ပစ္စည်းများ
- ဆန်ခေါက်ဆွဲအစို - လေးဆယ်သား
- တရုတ်မုန့်ညှင်းဖြူ - လေးရွက်ခန့်
- ဂေါ်ဖီ - အနေတော် တစ်စိတ်
- ဝက်အူချောင်း - အနေတော် နှစ်ခု
- ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
- ပဲငံပြာရည် အပျစ် - ထမင်းစားဇွန်း တစ်ဇွန်း
- ပဲငံပြာရည် အကျဲ - ထမင်းစားဇွန်း တစ်ဇွန်း
- နှမ်းဆီမွှေး - လက်ဖက်ရည်ဇွန်း တစ်ဝက်
- သကြား - ထမင်းစားဇွန်း တစ်ဇွန်း
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- ဆီ - ထမင်းစားဇွန်း ရှစ်ဇွန်းခန့်
- ကြက်ဥ - နှစ်လုံး
- ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ (ကြက်ဥကြော်ထဲထည့်ရန်)
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ ( )
ကြက်ဥကြော်နည်း
- ကြက်ဥကို ဆားနှင့်အရသာမှုန့်ထည့်ပြီး ခလောက်ထားပါ
- ဒယ်အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ
- ဆီပူလာတာနဲ့ ကြက်ဥကို ဖြန့်ထည့်ပြီး ကြော််ပေးပါ
- ကြက်ဥကြော် တဖက်ကျက်တာနဲ့ နောက်တဖက်ကို လှန်ပြီးကြော်ပေးပါ
- ကြက်ဥကြော် ကျက်သွားပါက မီးပိတ်ပေးပြီး မထူမပါးလေးတွေ လှီးထားပေးပါ
ဝက်အူချောင်းပြုပ်နည်း
- ဒယ်အိုးထဲမှာ ဝက်အူချောင်းကို ရေမြုပ်အောင်ထည့်ပြီး ပြုပ်ပေးပါ
- ရေခမ်းသွားပါ ဝက်အူချောင်းများကို မိမိနှစ်သက်သလို မထူမပါးလေးတွေ လှီးထားပါ
ပြင်ဆင်ချက်ပြုပ်ပုံ
- ခေါက်ဆွဲကို ဇလုံတစ်လုံးထဲထည့်ကာ နှမ်းဆီမွှေး ဆား ပဲငံပြာရည် အပျစ်တို့နဲ့ နယ်ပေးထားပါ
- တရုတ်မုန့်ညှင်းကို ရေဆေးကာ ခပ်ကြမ်းကြမ်း လှီးထားပါ
- ဝက်အူချောင်းကို မိမိနှစ်သက်သလို လှီးထားပါ
- ဂေါ်ဖီကို ရေဆေးကာ ခပ်ထူထူလေးတွေ လှီးထားပါ
- ကြက်သွန်မိတ်ကို ရေဆေးပြီး အနေတော် မထူမပါးလေးတွေ လှီးထားပါ
- ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
- ပါ၀င်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
- အောက်ခြေမကပ်သော ဒယ်အိုးကို အပူပေးပါ အိုးပူလာပါက ဆီထည့်ပေးပါ
- ဆီပူလာတာနဲ့ သကြားကို အရင်ထည့်ကြော်ပါ
- သကြားပျော်လာပြီး အညိုရောင် ပြောင်းလာတာနဲ့ကြက်သွန်ဖြူကို အရင်ထည့်ကြော်ပါ
- ကြက်သွန်ဖြူ အနံ့လေး မွှေးလာတာနဲ့ ဂေါ်ဖီနှင့် တရုတ်မုန့်ညှင်းတို့ကို ထည့်ကြော်ပေးပါ
- ပြီးတာနဲ့ ပဲငံပြာရည်အကျဲကို ထည့်ကြော်ပေးပါ
- အသီးအရွက်များ အရမ်းနူးမသွားစေရန် ၂မိနစ်လောက် ကြော်ပြီးတာနဲ့ အရသာ နယ်ထားသော ခေါက်ဆွဲကို ထည့်ကြော်ပါ
- အသီးအရွက်များနှင့် သမသွားအောင် မွှေပေးပြီး တစ်မိနစ်လောက် မွှေပြီးတာနဲ့ အရသာ မြည်းပေးကာ မိမိစိတ်ကြိုက် အရသာ ရလာအောင် လိုသလို ပြင်ပေးပါ
- ဆန်ခေါက်ဆွဲကြော် မွှေးမွှေးလေးကို ကြက်ဥကြော် ဖြူးပြီးတင်ပေးကာ သုံးဆောင်နိူင်ပါပြီ။

No comments:
Post a Comment