ပါဝင်ပစ္စည်းများ
- ဒညင်းသီး - ၂၅လုံးခန့်
- ထန်းလျှက်ခဲ - သုံးခဲ
- အုန်းနို့ - 400ml
- ဆား - အနည်းငယ်
ပြင်ဆင်ပြုလုပ်ပုံ
- ဒညင်းသီးများကို ရေဆေးပြီး အိုးထဲကို ထည့်ပေးပါ
- ဒညင်းသီး အိုးထဲမှာ ထန်းလျှက်ခဲ ထည့်ပေးကာ ရေခပ်များများ ထည့်ပြီး ပြုပ်ပေးပါ
- အရင်ဆုံး ထည့်ပြီးပြုပ်ထားတဲ့ ရေမခမ်းခင် နောက်ထပ်တစ်ရည် ထပ်ထည့်ပြီး ပြုပ်ပေးပါ
- ဒုတိယတရည် ခမ်းကာနီးတာနဲ့ ဒညင်းသီး နူးမနူး စမ်းကြည့်ပါ
- ဒညင်းသီးများ မနူးသေးပါက ရေထပ်ထည့်ပြီး ပြုပ်ပေးပါ
- ဒညင်သီးများ နူးရင်မီးပိတ်ပြီး အအေးခံကာ အခွံများခွါကာ ရေဆေးထားပါ
- အိုးတစ်လုံးထဲမှာ ဒညင်းသီး ဆားနှင့် အုန်းနို့တို့ထည့်ကာ တည်ပေးပါ
- အုန်းနို့များ မခမ်းခင် အရသာ သမအောင် မွှေပေးပါ
- အုန်းနို့များ ခမ်းလာပြီး ဥလာပါက မီးပိတ်ပေးပါ
- ပြီးတာနဲ့ အုန်းနို့ဒညင်းသီးဟင်း စိမ့်စိမ့်မွှေးမွှေးလေးကို စားသုံးရန် ပြင်ပေးနိူင်ပါပြီ။
No comments:
Post a Comment