Saturday 22 June 2024

ဘရော့ကိုလီကြော်




ဒီနေ့တော့ အခုရက်ထဲ အရမ်းစားချင်နေတဲ့ အကြော်လေးတွေထဲက ဘရော့ကိုလီလေးတွေကို တန်ပူရာမှုန့် မုန့်နှစ်လေးလူးကာ ကြော်ဖြစ်သွားပါတယ်။ ဒါကြောင့်မို့လို့ ဒီတစ်ခါတော့ ဘရော့ကိုလီ ကြော်နည်းလေး မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ဘရော့ကိုလီ - အနေတော် တစ်ပွင့်
  2. တန်ပူရာမှုန့် - ထမင်းပေါင်းအိုး ဆန်ချင်ခွက် တစ်၀က်
  3. ရေ - ထမင်းပေါင်းအိုး ဆန်ချင်ခွက် တစ်၀က်
  4. ဆီ - လက်ဖက်ရည် အကြမ်းပန်းကန် နှစ်လုံးစာ

ပြင်ဆင်ပုံ
  • တန်ပူရာမှုန့်ကို ရေနဲ့ရောပြီး သမအောင်မွှေကာ ခပ်ပျစ်ပျစ် ဖျော်ထားပါ
  • ဘရော့ကိုလီကို အပွင့်လိုက် ရေဆေးပြီး ပုံပါအတိုင်း အခက်လေးတွေ လှီးပေးပါ
  • ရေနှင့် ဖျော်ထားသော မုန့်နှစ်ထဲမှာ ဘရော့ကိုလီကိုထည့်ပြီး နယ်ထားပါ
  • ဒယ်အိုးထဲမှာ ဆီထည့်ပြီး ဆီကိုမီးအပူပေးပါ
  • ဆီပူပြီး ကျက်လာပါက မီးကိုအနေတော် လျှော့ပေးကာ မုန့်နှစ်လူးထားသော ဘရော့ကိုလီကို ဇွန်းနှင့်တခုခြင်းခပ်ကာ ဆီအိုးထဲထည့်ပြီး ကြော်ပေးပါ
  • မီးအရမ်း မများစေရန် သတိထားပြီး ကြော်ပေးပါ 
  • တစ်ဖက်ရွှေဝါရောင် သန်းလာပါက နောက်တစ်ဖက်ကို လှန်ပေးပါ
  • နှစ်ဖက်လုံး ရွှေဝါရောင် သန်းလာပါက ဆယ်ပြီးဆီစစ်ပေးပါ
  • ဆီစစ်သွားပါက ဘရော့ကိုလီကြော် ကြွတ်ကြွတ်လေးကို အချဉ်ရည်နှင့်တွဲဖက်ပြီး စားနိူင်ပါပြီ။

No comments:

Post a Comment