ဒီနေ့တော့ ဆန်ကြာဇံနဲ့ ဆီချက်ခေါက်ဆွဲလေး လုပ်စားဖြစ်ပါတယ် ကြက်သားလေးနဲ့ဘဲ လုပ်စားဖြစ်ပြီး ထမင်းလွတ် စားမှာမို့ ၃ယောက်စာကို ကြာဇံ တစ်ထုတ် ပြုပ်ပြီး ပြင်လိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
- ကြက်ရင်ပုံသား - 150 g
- ကြာဇံ - 200 g
- ဆီ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူးသာသာ
- နှမ်းဖြူ - ထမင်းစားဇွန် သုံးဇွန်း
- ကြက်သွန်ဖြူကြော် - ထမင်းစားဇွန်း ၃ဇွန်း
- ပဲငံပြာရည်အကြည် - လဖက်ရည် အကြမ်းပန်းကန် တစ်လုံး
- အရသာမှုန့် - အနည်းငယ်ဲ
- မြေပဲလှော် - ထမင်းပေါင်းအိုး ဆန်ချင်ခွက် တစ်ဗူး
- ကြက်သွန်မိတ် - အနည်းငယ်
- နာနတ်ပွင့် - တစ်ပွင့်
- ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်
ပြင်ဆင်ပုံ
- ကြက်သားကို ရေဆေးပြီး ဆားနှင့်နယ်ကာ ရေမြုပ်အောင်ထည့်ပြီး နာနတ်ပွင့်ထည့်ကာ ရေခမ်းအောင် ပြုပ်ပေးပါ
- ကြက်သားကျက်သွားပါက ခပ်သေးသေးမွမွလေးတွေ လှီးထားပါ
- ကြာဇံကို ရေနွေးဆူဆူမှာ နူးအောင်ပြုပ်ပေးပြီး ရေနွေးကို ဇကာထဲသွန်ပြီး ရေလေးထပ်လောက်ဆေးပြီး ရေစစ်ထားပါ
- မြေပဲကိုလှော်ပြီး အခွံခြွတ်ကာ မညက်တစ်ညက် ထောင်းထားပါ
- ကြက်သွန်ဖြူ ကြော်ပြီးသားကို မညက်တစ်ညက် ချေထားပါ (လဖက်ထဲထည့်တဲ့ ကြက်သွန်ဖြူဆိုရင် ပိုကောင်းပါတယ် )
- ဆီကို အပူပေးပြီး ဆီပူလာပါက မီးကိုလျှော့လိုက်ပြီး နှမ်းကိုထည့်ကြော်လိုက်ပါ ထည့်ကြော်ပြီးတာနဲ့ မီးဖိုပေါ်က ချပေးပါ
- ကြက်သွန်မိတ်ကို ရေဆေးပြီး ခပ်သေးသေး လှီးထားပါ
- ပဲငံပြာရည်နှင့် အရသာမှုန့်ကို အဆင်သင့် ပြင်ထားပါ
တစ်ပွဲစာပြင်ရန်
- ပြုပ်ထားသော ကြာဇံတစ်ပွဲစာယူပြီး ဇကာထဲထည့်ကာ ရေနွေးထဲ ခနလေးစိမ်ပြီး ပြန်ဆည်ကာ ရေစစ်ပြီး ပန်းကန်ထဲထည့်ပေးပါ
- ကြက်သားထမင်းစားဇွန်း တစ်ဇွန်း အရသာမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက် မြေပဲမှုန့် ထမင်းစားဇွန်း တစ်ဇွန်း ဆီချက် ထမ်းစားဇွန်း တစ်ဇွန်းခွဲ ငံပြာရည် လက်ဖက်ရယ်ဇွန် တ၀က္်သာသာ ကြက်သွန်ဖြူဆီချက် လက်ဖက်ရည်ဇွန်း တစ်ဇွန်းနှင့် ကြက်သွန်မိတ်တို့ထည့်ကာ ကြက်ရိုးဟင်းခါး ကြက်သွန်ချဉ်လေးတို့ နှင့်တွဲဖက်ကာ သုံးဆောင်နိုင်ပါပြီ။
No comments:
Post a Comment