နံနံပင်လေးတွေ ဈေးက၀ယ်လာတိုင်း စားတာကနည်းနည်း ပိုနေတာက များနေတော့ တခါတလေ အသိမ်းမတတ်ရင် ၂ရက်၃ရက်ထက် ပိုပြီးမခံဘဲ နွမ်းချင်နွမ်း မနွမ်းရင် ရော်ပြီးပုတ်ကုန်တတ်ပါတယ်။
အဲဒီလို မဖြစ်အောင်ရယ် အနည်းဆုံး ၃ပါတ်လောက်ထိ အထားခံအောင် မာမာသိမ်းတဲ့နည်းလေး ပြောပါ့မယ်။
ဈေးက၀ယ်လာတဲ့အတိုင်း နံနံပင်ကို ရေခြောက် မိုးခြောက်လေး ဖြစ်အောင် ရေခါထားပါ ရေစင်ပြီ ဆိုတာနဲ့ ဆီမပေဘဲ သန့်နေသော ကော်ဗူးထဲကိုထည့်ကာ အဖုံးဖုံးထားပါ ပြီးတာနဲ့ ရေခဲသေတ္တာ မခဲတဲ့ အကန့်ထဲမှာ ထားပေးပါ။
လိုအပ်လို့ ယူသုံးရင်လဲ ဆီမပေသောလက်နဲ့ လိုသလောက်ယူကာ ရေခဲသေတ္တာထဲမှာ အရင်ပုံစံအတိုင်း ပြန်ထားပေးပါ။
အထူးသတိပြုရမှာကတော့ မိမိသိမ်းမဲ့ နံနံပင်က ရေတွေအရမ်း မစိုစေဘဲ သန့်နေသော နံနံပင် ဖြစ်ဖို့တော့ လိုပါတယ်။
No comments:
Post a Comment