တစ်ခါတစ်ရံတော့ ချင်းသုပ်လေးဘာလေး အရမ်းစားချင်ပါတယ် အဲဒီလိုအချိန်တွေမှာ ချင်းချဉ်ကလဲ အလွယ်တစ်ကူ မရနိုင်တဲ့ နေရာ ဒေသမှာောရောက်နေရင် ကိုယ့်ဘာသာကို ချင်းချဉ်ကို တည်ရတော့တာပါဘဲ။
မာမာကတော့ မာမာ့အမေ အချဉ်တည်တဲ့ နည်းလေးနဲ့ တည်ပါတယ် အရမ်းအရမ်းကို လွယ်ပါတယ် အချဉ်တည်တဲ့ အချိန်မှာ တစ်ချက်လေးဘဲ သတိထားရမှာက ဖန်ပုလင်းနဲ့တည်တာအကောင်းဆုံးပါ။
ကြွေပန်းကန်နဲ့တည်တဲ့အခါမှာ ကြွေအကောင်းစား အရည်အသွေး ပြည့်မှီတဲ့ေ ကြွေဆိုရင် ပြသနာမရှိပေမဲ့ အရည်အသွေး မပြည့်မှီတဲ့ ကြွေဆိုရင် တည်မိတဲ့ အချဉ်ကြောင့် အဆိပ်အတောက်ကို ဖြစ်စေပါတယ်။
ပါဝင်ပစ္စည်းများ
- အခွံခွာပြီး ရေစင်အောင် ဆေးထားသော ချင်း - 100 g
- သုံပုရာသီး - အနေတော် တစ်လုံး
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
ပြင်ဆင်ပုံ
- ချင်းကို ခပ်သေးသေး အမြှောင်းလေးတွေ ရအောင်လှီးပေးပါ
- သံပုရာသီးကို ထက်ခြမ်းခြမ်းပြီး ချင်းထဲသို့အရည်ညှစ်ပေးပါ
- ထိုအထဲသို့ ဆားရောထည့်ပြီး သမအောင် မွှေပေးပါ
- အားလုံးသမသွားပါက ဖန်ပုလင်းထဲထည့်ပြီး တစ်ညသိပ် ထားပေးပါ
- နောက်တစ်နေ့မှာ ချင်းအရောင် ပြောင်းလာပါ ချင်းချဉ်မွှေးမွှေးလေး ရပါပြီ
- ချင်းသုပ် လက်ဖက်သုပ်တို့ သုပ်စားနိုင်ရန် အဆင်သင့် ရပါပြီ။
No comments:
Post a Comment