Tuesday, 14 May 2019

ဂုံးထောင်း











ဒီနေ့တော့ ဂုံးလေးတွေ ဝယ်လာပြီး သငေ်္ဘာသီးနဲ့ ထောင်းပါတယ် ဂုံးကပွုပျပွီးသားလေးေှ ဖြစ်တဲ့အတွက် ထပ်ပြုပ်စရာ မလိုဘဲ ရေနွေးပူပူလေးနဲ့ ဆေးပေးရင်ရပါတယ် ဂုံးအစိမ်းကို သုံးမယ်ဆိုရင်တော့ ပြုပ်ပေးရန် လိုပါတယ်။

အားလုံးပြင်ဆင်ပြီးပြီဆိုတာနဲ့ ရာသီဥတုနဲ့ လိုက်ဖက်ပြီး အင်မတန်မှ စားလို့ကောင်းလွန်းတဲ့အတွက် မာမာပြင်ဆင်ပြီး ထောင်တဲ့ းနည်းလေး တစ်မျိုးကို ထပ်မံပြီး မ်ွဝေလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. သင်္ဘောသီးစိမ်း - အနေတော် တစ်ခြမ်း
  2. ဂုံး - အကောင် ၅၀ခန့်
  3. ငရုတ်သီး အခြောက်တောင့် - ၅တောင့်
  4. ထန်းလျှက်ခဲ - ကွမ်းသီးဆံ အလုံးလောက် တစ်ခဲ
  5. အရသာမှုန့် - လက်ဖက်ဇွန်း တစ်ဝက်သာသာ
  6. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  7. ကြက်သွန်ဖြူ-  အမွှာကြီးကြီး ၃မွှာ
  8. ငါးငံပြာရည်အနောက် -ထမင်းစားဇွန်း တစ်ဇွန်း
  9. ငါးငံပြာရည်အကြည် - ထမင်းစားဇွန်း တစ်ဇွန်း 
  10. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ (ဂဏန်းပြုပ်ရန်)
  11. ချယ်ရီခရမ်းချဉ်သီး - ၁၀လုံးခန့်(သို့ ) အလုံးကြီးကြီး တလုံး
  12. သံပုရာသီး - တစ်လုံး (အချဉ်ကြိုက်ပါက ပိုထည့်ပါ )
ပြင်ဆင်ပုံ
  • သင်္ဘောသီးကို အခွံခွာပြီး အမြှောင်းရှည်ရှည်လေးတွေ ရအောင်ခြစ်ထားပါ။
  • ခြစ်ပြီးသော သင်္ဘောသီး သီးများကို သင်္ဘောသီး အစိမ်းနံ့မနံအောင် ရေများများနဲ့ ဆေးပြီးရေစစ်ထားပါ။
  • ခရမ်းချဉ်သီးကို ရေဆေးပြီး တ၀က်ဝက် ခြမ်းထားပါ။
  • ခရမ်းချဉ်သီး အလုံးကြီးကို သုံးပါက ခပ်ထူထူလေး လှီးထားပါ။
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးထားပါ။
  • သံပုရာသီးကို ရေဆေးပြီး ထက်ခြမ်း ခြမ်းပေးထားပါ။
  • ဂုံးကိုရေစင်အောင် ဆေးထားပါ။
  • ရေဆေးပြီးတာနဲ့ အိုးတစ်လုံးထဲမှာ ဂုံးနှင့် ရေအနည်းငယ်နှင့် ထည့်ပြီး ဆားအနည်းငယ်ထည့်ကာ ရေခမ်းအောင် ပြုပ်ပေးပါ။
  • ပြုပ်ထားသော ဂုံးပြုပ်ရေခမ်းတာနဲ့ အအေးခံပေးထားပါ။
ထောင်းရန်ပြင်ဆင်ပုံ
  • ငရုတ်ဆုံ ခပ်ကြီးကြီးထဲမှာ ထန်းလျှက်ခဲ ကြက်သွန်ဖြူ ငရုတ်သီးအခြောက်တောင့်တို့ကိုထည့်ပြီး မညက်တညက် ထည့်ထောင်းပါ။
  • ပြီးတာနဲ့ သင်္ဘောသီးနှင့် ခရမ်းချဉ်သီးတို့ကို ထည့်ထောင်းပေးပါ။
  • အနည်းငယ် သမသွားတာနဲ့ ငံပြာရည်နှစ်မျိုးလုံးနှင့် အရသာမှုန့်တို့ကို ထည့်ထောင်းပေးပါ။
  • ထောင်းနေစဉ် အရသာ သမသွားအောင် ဇွန်းအရိုးရှည်ရှည်နှင့် မွှေမွှေပေးပါ။
  • မိမိအသုံးပြုပြီး ထောင်းသော ကျည်ပွေ့ပေါ် မူတည်ပြီး သင်္ဘောသီးကို ကြည့်ထောင်းပါ။
  • ကျောက်ကျည်ပွေ့ဆိုပါက ၅ချက်မှ ၁၀ချက်လောက် ခပ်ဖွဖွလေး ထောင်းပေးပါ။ 
  • သစ်သားကျည်ပွေ့ဆိုပါက အချက် ၁၅ချက် လောက် ခပ်ဖွဖွလေး ထောင်းပေးမှ အရသာ ၀င်ပါတယျ။
  • သင်္ဘောသီး ထောင်းတယ်ဆိုပေမဲ့ အရမ်းညက်နေအောင် ထောင်းစရာမလိုဘဲ ခပ်ဖွဖွထောင်းလိုက် ဇွန်းနဲ့မွှေလိုက် လုပ်ပေးရပါတယ်။
  • အရသာ သမလောက်ပြီ ဆိုတာနဲ့ ဂုံးနှင့် သံပုရာရည်တို့ကို ထည့်ပြီး ဇွန်းနှင့် ခပ်ဖွဖွလေး ၄ချက်လောက် မွှေပေးပါ။
  • မွှေနေစဉ် အရသာ မြည်းပေးပြီး မိမိနှစ်သက်တဲ့ အရသာ ရတဲ့အထိ ပြင်ပေးပါ။
  • ပြီးတာနဲ့ ဂုံး သင်္ဘောသီးထောင်း ချိုချဉ်ငံစပ်လေးကို စားသုံးရန် ပြင်ပေးနိူင်ပါပြီ။

Monday, 13 May 2019

ငရုတ်သီးစိမ်း ငါးကင်ထောင်း



ဒီနေ့တော့ ရာသီဥတုကလဲ အရမ်းအေးပြီး ရေတွေလဲ စခဲပါလာပါပြီ ဒီတော့လဲ အချမ်းဒဏ်ကို အံတုနိူင်ဖို့အတွက် စပ်ပြီးချဉ်ပေ့ဆိုတဲ့ ငရုတ်သီးစိမ်း ငါးကင်ထောင်းတဲ့ ထောင်းနည်းလေး မျှဝေလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ငရုတ်သီးစိမ်း - မိမိစားနိူင်သလောက်
  2. ငါး - တစ်ဆယ်သား (မိမိနှစ်သက်ရာငါးကိုသုံးပါ)
  3. ငရုတ်သီးစိမ်း အလှော်မှုန့် - စားနိူင်သလောက်
  4. ကြက်သွန်ဖြူ - အမွှာကြီးကြီး လေးမွှာ
  5. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  6. အရသာမှုန့် - ထက်ဖက်ရည်ဇွန်း တစ်ဇွန်း
  7. ငံပြာရည် - ထမင်းစားဇွန်း နှစ်ဇွန်း
  8. သံပုရာသီး - အနေတော် တစ်လုံး
ပြင်ဆင်ပုံ
  • မိမိနှစ်သက်ရာငါးကို မလိုတာတွေဖယ်ပြီး ရေစင်အောင်ဆေးကာ ဆားအနည်းငယ်လူးပြီး ၁၅မိနစ်လောက် ကင်ပေးထားပါ
  • ငရုတ်သီးစိမ်းကို အညှာခြွေပြီး ရေဆေးကာ မွှေးသွားအောင် လှော်ပေးပါ
  • သုံပုရာသီးကို ရေဆေးပြီး ထက်ဝက်ခြမ်းပေးပါ
  • ငါးကင်ကို အရိုးအသား သတ်သတ်စီ ထွင်ပေးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးထားပါ
ငါးကင်ထောင်းရန်
  • ကြက်သွန်ဖြူနှင့် ငရုတ်သီးစိမ်းကို ငရုတ်ဆုံထဲထည့်ပြီး အရင်ဆုံး မညက်တညက် ထောင်းပေးပါ
  • ထိုအထဲသို့ အသားထွင်ထားသောငါး ငရုတ်သီး အလှော်မှုန့် ဆား ငံပြာရည်နှင့် အရသာမှုန့်တို့ကို ထည့်ပြီး ခပ်ဖွဖွ ထည့်ထောင်းပါ
  • အားလုံး သမသွားပြီဆိုတာနဲ့ သံပုရာရည် ညှစ်ထည့်ကာ ဇွန်းနှင့် သမအောင်မွှေပေးပြီး အရသာ မြည်းပေးပါ
  • အရသာကို လိုသလို ပြင်ပေးပြီးတာနဲ့ စားပွဲပြင်ရန် ပန်းကန်ထဲသို့ ပြောင်းထည့်ပေးပါ။

Friday, 10 May 2019

ဂဏန်း သင်္ဘောသီးထောင်း










ဒီနေ့လဲ အရင်နေ့ကထက် အအေးပိုလာပြန်ပါတယ် ဒီတော့လဲ ထုံးစံအတိုင်း  စားချင်တာတွေက ချဉ်ငံစပ်လေးတွေပါဘဲ ဒါကြောင့်မို့လို့ ဒီနေ့တော့ သင်္ဘောသီးနဲ့ ဂဏန်းကို ချိုချဉ်ငံစပ်လေး ထောင်းဖြစ်ပြန်ပါတယ်။

ရာသီဥတုနဲ့ လိုက်ဖက်ပြီး အင်မတန်မှ စားလို့ကောင်းလွန်းတဲ့အတွက် မာမာပြင်ဆင်ပြီး ထောင်တဲ့နည်းလေး နောက်တစ်မျိုးကို ထပ်မံပြီး မျှဝေပေးလိုက် ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. သင်္ဘောသီးစိမ်း - အနေတော် တခြမ်း
  2. ဂဏန်း - အနေတော် ၅ကောင်
  3. ငရုတ်သီး အခြောက်တောင့် - ၅တောင့်
  4. ထန်းလျှက်ခဲ - ကွမ်းသီးဆံ အလုံးလောက် တစ်ခဲ
  5. အရသာမှုန့် - လက်ဖက်ဇွန်း တစ်ဝက်သာသာ
  6. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  7. ကြက်သွန်ဖြူ-  အမွှာကြီးကြီး ၃မွှာ
  8. ငါးငံပြာရည်အနောက် -ထမင်းစားဇွန်း တစ်ဇွန်း
  9. ငါးငံပြာရည်အကြည် - ထမင်းစားဇွန်း တစ်ဇွန်း 
  10. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ (ဂဏန်းပြုပ်ရန်)
  11. ချယ်ရီခရမ်းချဉ်သီး - ၁၀လုံးခန့်(သို့ ) ခရမ်းချဉ်သီး အလုံးကြီးကြီး တစ်လုံး
  12. သံပုရာသီး - တစ်လုံး (အချဉ်ကြိုက်ပါက ပိုထည့်ပါ )
ပြင်ဆင်ပုံ
  • သင်္ဘောသီးကို  အခွံခွာပြီး အမြှောင်းရှည်ရှည်လေးတွေ ရအောင်ခြစ်ထားပါ
  • ခြစ်ပြီးသော သင်္ဘောသီးများကို သင်္ဘောသီး အစိမ်းနံ့မနံအောင် ရေများများနဲ့ ဆေးပြီးရေစစ်ထားပါ
  • ခရမ်းချဉ်သီးကို ရေဆေးပြီး တ၀က်ဝက် ခြမ်းထားပါ
  • ခရမ်းချဉ်သီး အလုံးကြီးကို သုံးပါက ခပ်ထူထူလေး လှီးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးထားပါ
  • သံပုရာသီးကို ရေဆေးပြီး ထက်ခြမ်း ခြမ်းပေးထားပါ
  • ဂဏန်းကို မလိုတာတွေဖယ်ပြီး ရေဆေးထားပါ
  • ရေဆေးပြီးတာနဲ့ အိုးတစ်လုံးထဲမှာ ဂဏန်း ရေအနည်းငယ်နှင့် ထည့်ပြီး ဆားအနည်းငယ်နှင့်နယ်ကာ ရေခမ်းအောင် ပြုပ်ပေးပါ
  • ပြုပ်ထားသော ဂဏန်း ရေခမ်းတာနဲ့ အအေးခံပေးထားပါ 
ထောင်းရန်ပြင်ဆင်ပုံ
  • ငရုတ်ဆုံ ခပ်ကြီးကြီးထဲမှာ ထန်းလျှက်ခဲ ကြက်သွန်ဖြူ ငရုတ်သီးအခြောက်တောင့်နှင့် ဆားတို့ကိုထည့်ပြီး မညက်တညက် ထည့်ထောင်းပါ
  • ပြီးတာနဲ့ သင်္ဘောသီးနှင့် ခရမ်းချဉ်သီးတို့ကို ထည့်ထောင်းပေးပါ
  • အနည်းငယ် သမသွားတာနဲ့ ငံပြာရည်နှစ်မျိုးလုံးနှင့် အရသာမှုန့်တို့ကို ထည့်ထောင်းပေးပါ
  • ထောင်းနေစဉ် အရသာ သမသွားအောင် ဇွန်းအရိုးရှည်ရှည်နှင့် မွှေမွှေပေးပါ
  • မိမိအသုံးပြုပြီး ထောင်းသော ကျည်ပွေ့ပေါ် မူတည်ပြီး သင်္ဘောသီးကို ကြည့်ထောင်းပါ
  • ကျောက်ကျည်ပွေ့ဆိုပါက ၅ချက်မှ ၁၀ချက်လောက် ခပ်ဖွဖွလေး ထောင်းပေးပါ 
  • သစ်သားကျည်ပွေ့ဆိုပါက အချက် ၁၅ချက် လောက် ခပ်ဖွဖွလေး ထောင်းပေးမှ အရသာ၀င်ပါတယ်
  • သင်္ဘောသီး ထောင်းတယ်ဆိုပေမဲ့ အရမ်းညက်နေအောင် ထောင်းစရာမလိုဘဲ ခပ်ဖွဖွထောင်းလိုက် ဇွန်းနဲ့မွှေလိုက် လုပ်ပေးရပါတယ်
  • အေရသာ သမလောက်ပြီဆိုတာနဲ့ ဂဏန်းနှင့် သံပုရာရည်တို့ကို ထည့်ပြီး ခပ်ဖွဖွလေး ၄ချက်လောက် ထောင်းပေးပါ
  • ထာင်းနေစဉ် အရသာ မြည်းပေးပြီး မိမိနှစ်သက်တဲ့ အရာ ရတဲ့အထိ ပြင်ပေးပါ
  • ပြိးတာနဲ့ ဂဏန်း သင်္ဘောသီးထောင်း  ချိုချဉ်ငံစပ်လေးကို စားသုံးရန် ပြင်ပေးနိူင်ပါပြီ။

Thursday, 9 May 2019

ပြည်ကြီးငါး သင်္ဘောသီးထောင်း










ရာသီဥတုလေး အေအးက ပိုလာလေလေ စားချင်တာတွေက ချဉ်ငံစပ်လေးတွေပါဘဲ ဒါကြောင့်မို့လို့ ဒီနေ့တော့ သင်္ဘောသီးနဲ့ ပြည်ကြီးငါးကို ချိုချဉ်ငံစပ်လေး ထောင်းဖြစ်ပြန်ပါတယ်။

ရာသီဥတုနဲ့ လိုက်ဖက်ပြီး အင်မတန်မှ ဟစားလို့ကောင်းလွန်းတဲ့အတွက် မာမာပြင်ဆင်ပြီး ထောင်းနည်းလေး တစ်မျိုးကို ထပ်မံပြီး မျှဝေပေး လိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. သင်္ဘောသီးသိမ်း - အနေတော် တစ်ခြမ်း
  2. ပြည်ကြီးငါး - 0.324 kg
  3. ငရုတ်သီး အခြောက်တောင့် - ၅တောင့်
  4. ထန်းလျှက်ခဲ - ကွမ်းသီးဆံ အလုံးလောက် တစ်ခဲ
  5. အရသာမှုန့် - လက်ဖက်ဇွန်း တစ်ဝက်သာသာ
  6. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  7. ကြက်သွန်ဖြူ-  အမွှာကြီးကြီး ၃မွှာ
  8. ငါးငံပြာရည်အနောက် -ထမင်းစားဇွန်း တစ်ဇွန်း
  9. ငါးငံပြာရည်အကြည် - ထမင်းစားဇွန်း တစ်ဇွန်း 
  10. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ (ပြည်ကြီးငါးပြုပ်ရန်)
  11. ကြက်သွန်မိတ် - မိမိစားနိူင်သလောက်
  12. ချယ်ရီခရမ်းချဉ်သီး - ၁၀လုံးခန့်(သို့ ) အလုံးကြီးကြီး တစ်လုံး
  13. သံပုရာသီး - တစ်လုံး (အချဉ်ကြိုက်ပါက ပိုထည့်ပါ )
ပြင်ဆင်ပုံ
  • သင်္ဘောသီးကို အခွံခွာပြီး အမြှောင်းရှည်ရှည်လေးတွေ ရအောင်ခြစ်ထားပါ
  • ခြစ်ပြီးသော သင်္ဘောသီးကို သင်္ဘောသီး အစိမ်းနံ့ မနံအောင် ရေများများနဲ့ ဆေးပြီးရေစစ်ထားပါ
  • ခရမ်းချဉ်သီးကို ရေဆေးပြီး တစ်ဝက် ခြမ်းထားပါ
  • ခရမ်းချဉ်သီး အလုံးကြီးကို သုံးပါက ခပ်ထူထူလေး လှီးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးထားပါ
  • သံပုရာသီးကို ရေဆေးပြီး ထက်ခြမ်း ခြမ်းပေးထားပါ
  • ပြည်ကြီးငါးကို မလိုတာတွေဖယ်ပြီး ရေဆေးထားပါ
  • ရေဆေးပြီးတာနဲ့ အိုးတစ်လုံးထဲမှာ ပြည်ကြီးငါး ရေအနည်းငယ်နှင့် ထည့်ပြီး ဆားအနည်းငယ်နှင့်နယ်ကာ ရေခမ်းအောင် ပြုပ်ပေးပါ
  • ပြုပ်ထားသော ရေခမ်းတာနဲ့ မိမိနှစ်သက်သလို ပုံစံလေးတွေ လှီးပေးထားပါ 
ထောင်းရန်ပြင်ဆင်ပုံ
  • ငရုတ်ဆုံ ခပ်ကြီးကြီးထဲမှာ ထန်းလျှက်ခဲ ကြက်သွန်ဖြူ ငရုတ်သီးအခြောက်တောင့်နှင့် ဆားတို့ကိုထည့်ပြီး မညက်တညက် ထည့်ထောင်းပါ
  • ပြီးတာနဲ့ သင်္ဘောသီးနှင့် ခရမ်းချဉ်သီးတို့ကို ထည့်ထောင်းပေးပါ
  • အနည်းငယ် သမသွားတာနဲ့ ငံပြာရည်နှစ်မျိုးလုံးနှင့် အရသာမှုန့်တို့ကို ထည့်ထောင်းပေးပါ
  • ထောင်းနေစဉ် အရသာ သမသွားအောင် ဇွန်းအရိုးရှည်ရှည်နှင့် မွှေမွှေပေးပါ
  • မိမိအသုံးပြုပြီး ထောင်းသော ကျည်ပွေ့ပေါ် မူတည်ပြီး သင်္ဘောသီးကို ကြည့်ထောင်းပါ
  • ကျောက်ကျည်ပွေ့ဆိုပါက ၅ချက်မှ ၁၀ချက်လောက် ခပ်ဖွဖွလေး ထောင်းပေးပါ 
  • သစ်သားကျည်ပွေ့ဆိုပါက အချက် ၁၅ချက် လောက် ခပ်ဖွဖွလေး ထောင်းပေးမှ အရသာ၀င်ပါတယ်
  • သင်္ဘောသီး ထောင်းတယ်ဆိုပေမဲ့ အရမ်းညက်နေအောင် ထောင်းစရာမလိုဘဲ ခပ်ဖွဖွထောင်းလိုက် ဇွန်းနဲ့မွှေလိုက် လုပ်ပေးရပါတယ်
  • အေရသာ သမလောက်ပြီဆိုတာနဲ့ ပြည်ကြီးငါးနှင့် သံပုရာရည်တို့ကို ထည့်ပြီး ခပ်ဖွဖွလေး ၄ချက်လောက် ထောင်းပေးပါ
  • ​ေထာင်းနေစဉ် အရသာ မြည်းပေးပြီး မိမိနှစ်သက်တဲ့ အရာ ရတဲ့အထိ ပြင်ပေးပါ
  • ပြိးတာနဲ့ ပြည်ကြီးငါး သင်္ဘောသီးထောင်း ချိုချဉ်ငံစပ်လေးကို ကြက်သွန်မိတ်နှင့် တွဲဖက်ကာ စားသုံးနိူင်ပါပြီ။

Tuesday, 7 May 2019

ငရုတ်သီးစိမ်း ဆားထောင်း





ဒီနေ့တော့ မာမာတို့နေတဲ့ မြို့လေးမှာ ဆောင်းတွင်းပိုင်း အချိန်လေး ဖြစ်လို့သွားပါပြီ နေ့စဉ်ရေတွေလဲ ခဲနေပြီမို့လို့ အရမ်းအေးပြီး ချမ်းလွန်းတဲ့ အချိန်တွေ ဖြစ်သွားခဲ့ပါပြီ။

ဒါကြောင့်မို့လို့ ပူပူစပ်စပ်လေးတွေဘဲ စားချင်တာနဲ့ ငရုတ်သီးစိမ်း ဆားထောင်းလေး ထောင်းဖြစ်တဲ့အတွက် မာမာပြင်ဆင်ပြီး ထောင်းထားတဲ့နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ငရုတ်သီးစိမ်း - အတောင့် ၄၀ခန့်
  2. ပုဇွန်ခြောက် - အကောင်ကြီးကြီး အကောင် ၃၀ခန့်
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၇မွှာ
  4. ကြက်သွန်နီ - အနေတော် ၂ဥ
  5. သံပုရာသီး - အနေတော် ၂လုံး
  6. ဆား - လက်ဖက်ရည်ဇွန်း နှစ်ဇွန်း
  7. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းခွဲ
  8. ပဲဆီစိမ်း - လက်ဖက်ရည် အကြမ်းပန်းကန်လုံး တစ်လုံးစာ

ပြင်ဆင်ပုံ
  1. ငရုတ်သီးစိမ်းကို အညှာခြွေပြီး ရေဆေးကာ ဒယ်အိုးထဲထည့်ပြီး အပြင်ခွံ အနည်းငယ် ကျွမ်းတဲ့အထိ လှော်ပေးပါ
  2. ကြက်သွန်နီနှင့် ကြက်သွန်ဖြူကို ဒယ်အိုးထဲထည့်ပြီး မီးအနေတော်နှင့် အပြင်ခွံများ ကျွမ်းတဲ့အထိ လှော်ပေးပါ
  3. ကြက်သွန်များ အေးသွားတာနဲ့ ရေနှင့်ဆေးကာ အခွံများ ခွာထားပေးပါ
  4. ပုဇွန်ခြောက်ကို ရေနှစ်ထပ်လောက်ဆေးပြီး ရေမြုပ်အောင်ထည့်ကာ နာရီဝက်လောက် စိမ်ထားပေးပါ
  5. ပါဝင်ပစ္စည်းများကို ပြင်ထားပါ
  6. အားလုံး အဆင်သင့် ဖြစ်တာနဲ့ ငရုတ်ဆုံထဲမှာ အခွံခွာထားသော ကြက်သွန်ဖြူ ကြက်သွန်နီ ငရုတ်သီးစိမ်း ဆား အရသာမှုန့်နှင့် ပုဇွန်ခြောက်တို့ကိုထည့်ပြီး မိမိနှစ်သက်သလောက် အနေအထားရအောင် ထောင်းပေးပါ
  7. မာမာကတော့ လေးစိတ်ကွဲ အနေအထားလေး ကြိုက်တာနဲ့ လေးစိတ်ကွဲ အနေအထားလောက်မှာဘဲ ထောင်းတာကို ရပ်လိုက်ပါတယ်
  8. အားလုံး လေးစိတ်ကွဲ အနေအထား ရတာနဲ့ ပန်းကန်ထဲ ပြောင်းထည့်ကာ သံပုရာရည် ညှစ်ပြီး ဆမ်းပေးပါ
  9. ပြီးတာနဲ့ ငရုတ်သီးစိမ်း ဆားထောင်း ပန်းကန်ထဲကို ပဲဆီစိမ်း ဆမ်းပေးပါ
  10. စပ်ပြီးမွှေးကာ ချဉ်ငံစပ်နေတဲ့ ငရုတ်သီးစိမ်းဆားထောင်းကို မိမိနှစ်သက်ရာ ဟင်းတို့နဲ့ တွဲဖက်ကာ စားပွဲပြင်ပေးလို့ ရပါပြီ။

Monday, 6 May 2019

ငရုတ်ရွက်သုပ်





ဒီနေ့တော့ အိမ်မှာစိုက်ထားတဲ့ ငရုတ်ပင်တွေက ငရုတ်ရွက်တွေခူးပြီးတော့ ချဉ်ငံစပ် အသုပ်လေး သုပ်စားဖြစ်ပါတယ် ငရုတ်ရွက်ကလက်ဖက်ရွက်ထက် စားလို့ကောင်းလွန်းတဲ့အတွက်  ငရုတ်ရွက်လေးတွေ အဆင်သင့်ရှိနေရင် သုပ်စားနိူင်အောင် မာမာသုပ်တဲ့နည်းလေး မျှဝေပေးလိုက်ပါတယ်ရှင်။

နူးညံ့ပြီး စားလို့လဲ အရမ်းကောင်းပါတယ် မာမာကတော့ ထမင်းနဲ့မစားဘဲ ရေနွေးကြမ်းလေးနဲ့ အမြည်းလုပ်လိုက်ပါတယ် အိမ်မှာငရုတ်ပင်လေးလဲရှိနေမယ် အရွက်တွေလဲ လှိုင်နေမယ်ဆိုရင်တော့ အရွက်အနုရော ခပ်ထွေထွေ အရွက်လေးတွေပါခူးပြီး နှစ်ရည်လောက်ပြုပ်ပြီး သုပ်စားကြည့်စေချင်ပါတယ်။

ပါ၀င်ပစ္စည်းများ

အရွက်များ ခြွေထားသော ငရုတ်ရွက် - အနေတော် ဇကာတစ်လုံး
နှမ်းလှော် - ထမင်းစားဇွန်း တစ်ဇွန်း
ပဲအကျက်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်းမောက်မောက်
ပုဇွန်ခြောက်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်းမောက်မောက်
ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
ကြက်သွန်နီဆီချက် - ထမင်းစားဇွန်း နှစ်ဇွန်း
ကြက်သွန်နီ - အနေတော် တစ်ခြမ်း
ငရုတ်သီး အလှော်မှုန့် - စားနိူင်သလောက်
သံပုရာရည် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းသာသာ
အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်

ပြင်ဆင်ပုံ
ငရုတ်ရွက်ကို ရေစင်အောင်ဆေးပြီး နှစ်မိနစ်ပြုပ်ကာ ရေသွန်ပေးပါ
နောက်တစ်ကြိမ် ရေမြုပ်အောင် ထပ်ထည့်ပေးပြီး နောက်ထပ်နှစ်မိနစ် ထပ်ပြုပ်ပေးပါ
ပြုပ်ပြီးပါက ရေအေးနဲ့ဆေးပြီး ရေများကို လက်နှင့်ဆုတ်ပြီး ညှစ်ပေးပါ
ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
ပါ၀င်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
ဇလုံကျယ်ကျယ်ထဲမှာ ငရုတ်ရွက်ပြုပ် ကြက်သွန်နီ နှမ်းလှော် ပုဇွန်ခြောက်မှုန့် ပဲမှုန့် ငရုတ်သီးမှုန့် အရသာမှုန့် ကြက်သွန်ဖြူဆီချက် ငါးငံပြာရည်နှင့် သံပုရာရည်တို့ထည့်ပြီး ခပ်ဖွဖွနယ်ပေးပါ
နယ်ဖတ်ပြီးပါက အရသာမြည်းပြီး လိုသလို ပြင်ပေးကာ သံပုရာသီးနံ့မွှေးမွှေးလေးနဲ့ ငရုတ်ရွက်သုပ်လေးကို နှစ်သက်သလို စားသုံးနိူင်ပါပြီ။

Wednesday, 1 May 2019

ပဲကောက်ညှင်းပေါင်း


တစ်နေ့တစ်နေ့ မနက်စောစောစာ ဘာလုပ်စားရင် ကောင်းမလဲ စဉ်းစားနေရင်းက ကုလားပဲခြမ်းထုတ်လေး တွေ့တာနဲ့ ကောက်ညှင်းပြန်ပေါင်းလေး ပေါင်းစားချင်စိတ် ပေါက်သွားမိတယ်။

ဒီတော့လဲ နောက်နေ့မနက်အတွက် လိုတာတွေ ပြင်ဆင်ပြီး ညအိပ်ယာ မဝင်ခင် ကောက်ညှင်းဆန်နဲ့ပဲကို ရေစိမ်ပြီး နောက်နေ့မနက်မှာ ပြန်ပေါင်လေးပေါင်းဖို့ ပြင်ရပါတယ် ပေါင်းတယ်ဆိုပေမဲ့ မာမာကတော့ ထမင်းပေါင်းအိုးနဲ့ဘဲ ချက်ထားပါတယ်ရှင်။

ကောက်ညှင်းပေါင်းနည်း ပုံလေးတွေကိုတော့ အရင်မာမာ့ရဲ့  blog mmlazp.blogspot.com မှာ တင်ဖို့လုပ်ထားပေမဲ့ blog ထဲ ဝင်လို့မရတော့အတွက် အခု marmarskitchen.blogspot.com အသစ်မှာဘဲ တင်လိုက်ပါတယ်ရှင်။

ငှက်ပျောရွက်ရှိရင် ငှက်ပျောရွက်နဲ့ ပေါင်းနိုင်သလို မာမာကတော့ ဆွမ်းမွှေးရွက်တွေ ရှိနေတာနဲ့ ဆွမ်းမွှေးရွက်လေးတွေရယ် အုန်းသီးဖတ်လေးတွေရယ်နဲ့ ပေါင်းတဲ့အတွက် အရမ်းကို စားလို့ကောင်းလွန်းလို့ ကောက်ညှင်းပြန်ပေါင်း ပေါင်းနည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ


  1. ကောက်ညှင်းဆန် - ၃ ဗူး (ထမင်းပေါင်းအိုး ဆန်ချင်ဗူး)
  2. ကုလားပဲခြမ်း - ၁ ဗူး (ထမင်းပေါင်းအိုး ဆန်ချင်ဗူး)
  3. ပဲဆီစိမ်း - လိုသလောက် (ငါးခြောက်ဆီစိမ်ရန်)
  4. အုန်းသီးခြစ်ပြီးသား - မိမိနှစ်သက်သလောက်
  5. ငါးခြောက် - မိမိ နှစ်သက်သလောက်
  6. သကြား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  7. ဆား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  8. ဆီ - ထမင်းစားဇွန်း ၂ ဇွန်း ခွဲ
  9. ဆွမ်းမွှေးရွက် - ၂ရွက်
ပြင်ဆင်ပုံ

  1. ကောက်ညှင်းဆန်ကို ဇလုံတလုံးထဲမှာထည့်ပြီး ရေမြုပ်အောင်ထည့်ကာ ရေ၉နာရီခန့် ရေစိမ်ထားပါ
  2. ကုလားပဲခြမ်းကိုလဲ ဇလုံတလုံးထဲမှာထည့်ပြီး ရေမြုပ်အောင်ထည့်ကာ ၉နာရီခန့် ရေစိမ်ထားပါ 
  3. အုန်းသီးခြစ်ပြီးသားကို ပြင်ထားပါ (မာမာကတော့ အုန်းသီးမှုန့် အခြောက်ကို သုံးပါတယ်)
  4. ဆွမ်းမွှေးရွက်ကို ရေဆေးပြီး ထက်ဝက်ပိုင်းထားပါ
  5. ပါဝင်ပစ္စည်းများကို ပြင်ထားပါ
  6. ငါးခြောက်ကို ပဲဆီစိမ်းနှင့် စိမ်ထားပါ
  7. ရေစိမ်ထားသော ကောက်ညှင်းဆန်ကို ရေနှင့် ခပ်ဖွဖွ နယ်ဆေးကာ ရေများသွန်ပြီး ရေစစ်ထားပေးပါ
  8. ရေစိမ်ထားသော ကုလားပဲခြမ်းကိုလဲ ရေနှင့်ခပ်ဖွဖွ နယ်ဆေးကာ ရေများသွန်ပြီး ရေစစ်ပေးပါ
  9. အားလုံး အဆင်သင့် ဖြစ်တာနဲ့ ထမင်းပေါင်းအိုးထဲကို ရေစစ်ထားသော ကောက်ညှင်းဆန် ကုလားပဲ သကြား ဆီ ဆားနှင့် ရေ ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၃ဗူးခွဲတို့ကို ထည့်ပေးပြီး သမအောင် မွှေပေးပါ
  10. အားလုံး သမသွားတာနဲ့ ပေါင်းအိုးခလုတ်ကို နှိပ်ပေးပြီး ထမင်းချက်သလို ချက်ပေးပါ
  11. မာမာကတော့ ၄၅မိနစ်ကြာတဲ့ ခလုတ်ကိုနှိပ်ပြီး ချက်ပါတယ်
  12. မိမိအိမ်မှာရှိတဲ့ ထမင်းပေါင်းအိုးနဲ့ အဆင်ပြေသလို ချက်နိုင်ပါတယ်
  13. ၄၅မိနစ်ပြည့်လို့ ကောက်ညှင်းကျက်တာနဲ့ အုန်းသီးဖတ်များကို ကောက်ညှင်းအပေါ်မှာ ဖြူးပေးပါ
  14. ပြီးတာနဲ့ ဆွမ်းမွှေးရွက်ကို အုန်းသီးဖတ်အပေါ်မှ စီပြီးအုပ်ပေးကာ ထမင်းပေါင်းအိုးကို ပြန်ဖုံးပြီး ၈မိနစ်မှ ၁၀မိနစ်ခန့် နှပ်ထားပေးပါ
  15. ဆွမ်းမွှေးရွက်အနံ့ လေးနှင့် အုန်းသီးအနံ့ လေးပါ မွှေးနေတဲ့ ကောက်ညှင်း ပြန်ပေါင်းလေးကို ဒီအတိုင်း အစိမ့်လေးဘဲစားစား ငါးခြောက်ဆီစိမ်လေးနဲ့ဘဲစားစား မိမိနှစ်သက်သလို သုံးဆောင်နိုင်ပါပြီ။
  16. မာမာကတော့ ငါးခြောက်ကို ပဲဆီစိမ်း စိမ်ထားတာနဲ့ တွဲဖက်ပြီး စားပါတယ်။