Saturday, 25 February 2017

ချဉ်ငံစပ် ပဲပုတ်ထောင်း မွှေးမွှေးလေး



ထမင်းများ ဆာလာတဲ့အခါ အသားဟင်းမပါဘဲ အခုလို ပဲပုတ်ထောင်းလေးနဲ့လဲ မိန်တတ်တာပါဘဲ ဒါကြောင့်မို့ လွယ်ကူမြန်ဆန် ပဲပုတ်ထောင်းနည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပဲပုတ်ပြား - ၅ချပ်
  • ငရုတ်သီးစိမ်း - စားနိုင်သလောက်
  • ဆား - အနည်းငယ် 
  • အချိုမှုန့် - အနည်းငယ်
  • နံနံပင် - နှစ်သက်သလောက်
  • သရက်သီးအစိမ်း - အနေတော် တလုံး
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး ၅မွှာ
ပြင်ဆင်ပုံ
  • ပဲပုတ်ကို ကြွတ်သွားတယ်ဆိုရုံလေး ကင်ပေးပါ
  • ငရုတ်သီးစိမ်းကို အညှာဖြုတ်ပြီး ရေဆေးကာ နွမ်းသွားအောင် လှော်ပေးပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးထားပါ
  • နံနံပင်ကို ရေဆေးပြီး အနေတော် ပိုင်းဖြတ်ထားပါ
  • သရက်သီးကို အခွံခွာပြီး ရေဆေးကာ ဓါးနှင့် ပေါက်ပြီး လှီးထားပါ
  • အားလုံးအဆင်သင့်ဖြစ်တာနဲ့ ပဲပုတ်ကို အရင်ဆုံး မညက်တညက် ထောင်းပေးပါ
  • ပြီးတာနဲ့ ငရုတ်သီးစိမ်း ပေါက်ထားသော သရက်သီးစိမ်း နှင့် ကြက်သွန်ဖြူကို ထည့်ထောင်းပေးပါ
  • အားလုံးညက်ပြီဆိုတာနှင့် ဆား အချိုမှုန့်နှင့် နံနံပင်တို့ထည့်မွှေပေးကာ အရသာမြည်းပြီး လိုသလိုပြင်ပေးကာ ထမင်းပူပူလေးနှင့် စားသုံးရန် ချဉ်ငံစပ် ပဲပုတ်ထောင်း မွှေးမွှေးလေးကို ပြင်ပေးနိုင်ပါပြီ။

Friday, 24 February 2017

ချဉ်ငံစပ် တုန်ယမ်းဟင်းချို




တခါတလေတော့လဲ စားနေကျပုံစံတွေထဲက ခွဲထွက်ပြီး ချဉ်ချဉ်စပ်စပ်လေးတွေ စားချင်လာပြန်ပါတယ် ဒါကြောင့်မို့လို့ ဒီတခါမှာတော့ အိမ်ချက်အလွယ် တုန်ယမ်းဟင်းချို ချက်ပြီးသောက်ဖြစ်လို့ ချက်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ရိုးပြုပ်ရည်  - တလီတာခွဲ
  • စပါးလင် - ၃ပင် 
  • တောရှောက်ခါးရွက် - ၄ရွက်
  • ပဒဲကော - နှစ်လက်မခန့် 
  • ငရုတ်စိမ်းတောင့် အနီရောင် -၂ တောင့် 
  • တရုတ်မုန့်ညှင်းဖြူ - ၄ရွက်ခန့်
  • မုန်လာဥနီ - အနေတော် တဥ
  • ဘရိုကိုလီ - ၄ခက်ခန့်
  • ငါးငံပြာရည် - ထမင်းစားဇွန်း၂ ဇွန်း 
  • ဟင်းခတ်မှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  • သကြား - ထမင်းစားဇွန်း တဇွန်းခွဲ
  • မှို  - ၅ ခု 
  • ပုစွန်ထုတ် - ၁၅ကောင်
  • ဂဏန်းအသား - အနည်းငယ်
  • သံပုရာရည်  - ထမင်းစားဇွန်း၂ဇွန်း
  • အုန်းနို့ - တရုတ်ဟင်းပြင်ပန်းကန်အသေး တလုံးစာ
  • တုမ်ယမ်းပာင်းအနှစ် - ထမင်းစားဇွန်း တဇွန်း
  • ကြက်သွန်နီ - အနေတော် ၁ လုံး
  • ဆား - လိုသလောက်
  • ငါးငံပြာရည် - လိုသလောက်
  • ကြာဇံ - အနည်းငယ်
ပြင်ဆင်ပုံ
  • ကြက်ရိုးကို ရေများများထည့်ပြီး တလီတာ ခွဲလောက်ကျန်အောင် ပြုပ်ပေးပြီး ပြုပ်ရည်ကို ပြင်ထားပါ
  • စပါးလင်ကို အပင်လိုက်ရေဆေးပြီး ခပ်စောင်းစောင်း ခပ်ထူထူလေး လှီးထားပါ
  • ပဒဲကောကို ခပ်ပါးပါးလေးတွေ လှီးထားပါ
  • ငရုတ်သီးစိမ်းကို ခပ်ပါးပါး လှီးထားပါ
  • ပုဇွန်ကို ရေဆေးပြီး အခွံခွာထားပါ
  • ဂဏန်းသားကို ပြင်ထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ၈စိတ် စိတ်ထားပါ
  • တရုတ်မုန့်ညှင်း မုံလာဥနီ ဘရိုကိုလီနှင့် မှိုကို ရေဆေးပြီး အနေတော် လှီးထားပါ
  • ကြာဇံကို ရေစိမ်ထားပါ
  • ကျန်လိုအပ်သော ပစ္စည်းများကို ပြင်ထားပါ

ပြင်ဆင်ပုံ


  • ဇောက်နက်သော အိုးတလုံးထဲမှာ ကြက်သားပြုတ်ရည်ထည့်ပါ 
  • ထိုအိုးထဲကို စပါးလင် ပဒဲကော တုမ်ယမ်းပာင်းအနှစ် ငရုတ်သီးစိမ်း အနီတောင့် တောရှောက်ခါးရွက် ကြက်သွန်နီတို့ကို ထည့်ကာ ဆူပွက်အောင် တည်ပေးပါ
  • ဟင်းရည်ဆူလာတာနဲ့ ငါးငံပြာရည် သံပုရာရည် ပာင်းခတ်မှုန့် သကြားတို့နှင့် ချဉ်စပ်အရသာရအောင် ပြင်ပေးပါ
  • ဟင်းရည်အိုး ပွက်ပွက်ဆူလာတာနဲ့. လှီးထားသော အသီးအရွက်များ ဂဏန်းသားနှင့် ပုစွန် တို့ကို ထည့်ပေးပါ
  • လိုချင်သော အရသာ ရလာတာနဲ့ အုန်းနို့ထည့်ပေးပြီး ဟင်းအိုးဆူအောင် တည်ပေးပါ
  • စားခါနီး အချိန်ကျမှ ပွက်ပွက်ဆူနေသော ဟင်းရည်အိုးထဲ ကြာဇံ ထည့်ကာ ဟင်းပွဲကို ပြင်ပေးပါ
  • အိမ်ချက် အလွယ်ချက်နည်းဖြစ်တဲ့အတွက် မိမိနှစ်သက်မည့် အရသာကို ဖြည့်စွက်ပြီး ချက်နိုင်ပါတယ်။

Thursday, 23 February 2017

သတ်သတ်လွတ် ကညွှတ်ကင်


သမီးငယ်အတွက် ကြော်ပေးရတဲ့ သတ်သတ်လွတ် ကညွှတ်ကြော် ဟင်းတမယ်ပါ ကြော်တယ်ဆိုတာထက် ဆီနည်းနည်းနဲ့ အိုးပူတိုက်ပြီးမှ ရေအနည်းငယ်နဲ့အရသာသွင်းထားတာပါ  လွယ်ကူမြန်ဆန် သတ်သတ်လွတ် ဟင်းတမယ်အတွက် အိုးပူတိုက်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကညွှတ် - ၁၀ပင်
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး ၂မွှာ
  • အချိုမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • ဆီ - ထမင်းစားဇွန်း ၃ဇွန်း
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်ု သုံးပုံတပုံ
  • ငရုတ်ကောင်းမှုန့် - အနည်းငယ်
ပြင်ဆင်ပုံ
  1. ကညွှတ်အပင်ရဲ့ ရင့်နေတဲ့ နေရာများကို အကြောသင်ပြီး အနေတော် ပိုင်းဖြတ်ကာ ရေစင်အောင် ဆေးပြီး ရေစစ်ထားပါ
  2. ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
  3. ဒယ်အိုးကို အပူပေးပြီး ဆီနှင့် နနွင်းမှုန့်ထည့်ပါ
  4. ဆီအငွေ့ တက်လာတာနဲ့ ကြက်သွန်ဖြူကို နွမ်းရုံလေး ထည့်ကြော်ပါ
  5. ပြီးတာနဲ့ ကညွှတ်များထည့်ပြီး ဆားနှင့် အချိုမှုန့်ထည့်မွှေပါ
  6. နှစ်မိနစ်လောက် အိုးပူတိုက်ကာ ကြော်ပြီးတာနဲ့ငရုတ်ကောင်းမှုန့်ထည့်မွှေကာ ကညွှတ်ကြော်ကို ပူနေတုန်းလေး နှစ်သက်သလို စားသုံးနိုင်ပါပြီ။

Wednesday, 22 February 2017

ကညွှတ်ကြော်


အသီးအရွက်လေး တမယ်ပါမှ ထမင်းစားလို့ မိန်တတ်လေတော့ ဒီနေ့တော့ လွယ်ကူမြန်ဆန် ကညွှတ်ကြော် ကြော်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကညွှတ် - ၁၀ပင်
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး ၂မွှာ
  • အချိုမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • ဆီ - ထမင်းစားဇွန်း ၃ဇွန်း
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်ု သုံးပုံတပုံ
  • ပုဇွန်ခြောက် - အကောင်၂၀ခန့်
ပြင်ဆင်ပုံ
  1. ကညွှတ်အပင်ရဲ့ ရင့်နေတဲ့ နေရာများကို အကြောသင်ပြီး အနေတော် ပိုင်းဖြတ်ကာ ရေစင်အောင် ဆေးပြီး ရေစစ်ထားပါ
  2. ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
  3. ဒယ်အိုးကို အပူပေးပြီး ဆီနှင့် နနွင်းမှုန့်ထည့်ပါ
  4. ဆီအငွေ့ တက်လာတာနဲ့ ကြက်သွန်ဖြူကို နွမ်းရုံလေး ထည့်ကြော်ပါ
  5. ပြီးတာနဲ့ ပုဇွန်ခြောက်နှင့် ကညွှတ်များထည့်ပြီး ဆားနှင့် အချိုမှုန့်ထည့်မွှေပါ
  6. နှစ်မိနစ်လောက် ကြော်ပြီးတာနဲ့ ကညွှတ်ကြော်ကို ပူပူနွေးနွေးလေး စားသုံးနိုင်ပါပြီ။

Tuesday, 21 February 2017

မုံလာဥနီကြော်





နွေရာသီရဲ့ အပူတွေကို အံတုရင်း နေ့လည်နေ့ခင်း အပြင်းပြေ မုံလာဥနီ ကြွတ်ကြွတ်လေး ကြော်စားဖြစ်လို့ ကြော်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • မုံလာဥနီ  - ခပ်ကြီးကြီး တလုံး
  • တန်ပူရာမှုန့် - ထမင်းပေါင်းအိုး ဆန်ချင်ခွက် တ၀က်
  • ရေ - ထမင်းပေါင်းအိုး ဆန်ချင်ခွက် တ၀က်
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်
  • အချိုမှုန့် - လက်ဖက်ရည်ဇွန်း တ၀က် 
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • ဆီ - လက်ဖက်ရည်အကြမ်းပန်းကန် နှစ်လုံး
ကြော်ဖို့ပြင်ပါမယ်
  • တန်ပူရာမှုန့် နနွင်းမှုန့် ဆား အချိုမှုန့်တို့ကိုရေနဲ့ရောပြီး သမအောင်မွှေကာ ခပ်ပျစ်ပျစ်ဖျော်ထားပါ
  • မုန်လာဥနီကို အခွံခွာပြီး အလုံးလိုက် ရေဆေးပြီး ပါးပါးလှီးပေးထားပါ
  • အရသာနယ်ထားသော မုန့်နှစ်ထဲမှာ မုန်လာဥနီကိုထည့်ပြီး နယ်ထားပါ
  • ပန်းကန်ပြားပြန့်ပြန့်လေးပေါ်သို့ မုန့်နှစ်လူးထားသော မုန်လာဥနီမုန့်နှစ်လူးကို ဇွန်းနှင့်တခုခြင်းဆယ်ကာ ဆီပူအိုးထဲ ထည့်ပြီး ပေးပါ
  • ဆီကို မီးအပူပေးပြီး ဆီပူပြီး ကျက်လာပါက မီးကိုအနေတော် လျှော့ပေးကာ မုန်လာဥနီကို အသာတွန်းချပြီး ကြော်ပေးပါ
  • မီးအရမ်းမများစေရန် သတိပြုပြီးကြော်ပေးပါ တစ်ဖက်ရွှေဝါရောင်သန်းလာပါက တစ်ဖက်ကိုလှန်ပေးပါ
  • နှစ်ဖက်လုံး ရွှေဝါရောင်သန်းလာပါက ဆယ်ပြီးဆီစစ်ပေးပါ
  • ဆီစစ်သွားပါက မုန်လာဥနီကြော်မွှေးမွှေး ကြွတ်ကြွတ်လေး ရပါပြီ။

Monday, 20 February 2017

ကြက်ဆီထမင်း မွှေးမွှေးလေး








အိမ်မှာ မကြာမကြာဆိုသလို ချက်စားဖြစ်တဲ့ ကြက်ဆီထမင်း အိမ်ချက်လေး ချက်ဖြစ်ပါတယ် အရင်တုန်းကလဲ ကြက်ဆီထမင်း ချက်နည်းလေးတွေ တင်ပါတယ် ပို့စ်အဟောင်းတွေက နောက်မှာ ကျန်ခဲ့လေတော့ ချက်နည်းလေးတွေ ပြန်ရှာရခက်သလို နေ့စဉ် မြင်နေရရင်တော့ စိတ်ထဲမှာ စားချင်စိတ်လေး ပေါ်လာရင် ချက်နိုင်အောင် ချက်နည်းလေး ပြန်လာည် မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ပေါင် - တကီလိုခန့်
  • ဘာစမာတီဆန် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၄ဗူး
  • ကြက်အဆီဖတ် - ၅ခုခန့် သို့မဟုတ် ကြက်အရည်ခွံ ၅ခုခန့်
  • စပါးလင် - ၈လက်မခန့်
  • ကြက်သွန်နီ - ခပ်ကြီးကြီး တလုံး
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး အမွှာ၂၀ခန့် (အချဉ်စပ်ရန် ကြက်ပြုပ်ရန်နှင့် ဆန်ဆီသတ်ရန်  ခွဲသုံးပါ)
  • ကြက်သွန်မိတ် - ၃ပင်
  • ချင်း - နှစ်လက်မခန့် (အချဉ်စပ်ရန် ကြက်ပြုပ်နှင့် ဆန်ဆီသတ်ရန် ခွဲသုံးပါ )
  • နံနံပင် - အနည်းငယ်
  • ငရုတ်သီးစိမ်း - ၅တောင့်
  • သံပုရာသီး - တခြမ်း
  • ပျားရည် - ထမင်းစားဇွန်း တ၀က် ပျားရည်မရှိက သကြား ထမင်းစားဇွန်း တဇွန်း
  • ပဲငံပြာရည်အကျဲ - ထမင်းစားဇွန်း ၃ဇွန်း
  • သခွားသီး - အနည်းငယ်
  • အချိုမှုန့် - လက်ဖက်ရည်ဇွန်း  ၂ဇွန်းခွဲ (ဟင်းချိုနှင့် ကြက်ပြုပ်တွင်သုံးရန်)
  • ဆား - လက်ဖက်ရည်ဇွန်း ၂ဇွန်းခွဲ ( ကြက်ပြုပ်ထဲ ၂ဇွန်းထည့်ရန်နှင် ပိုတာကို ဟင်းချိုရည်ထဲ ထည့်ရန်)
  • ရေ - လိုသလောက်
  • ကြက်ပြုပ်ရည် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၈ဗူး (ထမင်းချက်ရန်)


 ကြက်သားပြုပ်ရန် ပါဝင်ပစ္စည်းများ

  • ကြက်ပေါင်သားကို သန့်စင်အောင် ဆေးပေးထားပါ
  • ကြက်သွန်ဖြူ ၄မွှာကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ပေးထားပါ  
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ လေးခြမ်း စိတ်ထားပါ
  • ချင်းခပ်ပါးပါး ၇ပြားခန့်ကို အခွံခွာပြီး ရေစင်အောင်ဆေးပြီး ဓါးပြားရိုက်ထားပါ
  • ကြက်သွန်မိတ်ကို တလက်မ အရှည်ခန့်လှီးထားပါ
  • စပါးလင်ကို ၂လက်မအရွယ် လေးပိုင်းပိုင်း၍ အနည်းငယ် ထုပေးထားပါ
  • ဇောက်နက်သော အိုးတလုံးထဲမှာ ကြက်သား ချင်း ဆား လက်ဖက်ရည်ဇွန်း တဇွန်းခွဲ အချိုမှုန့် လက်ဖက်ရည်ဇွန်း ၂ဇွန်း ကြက်သွန်ဖြူ ၄မွှာ ကြက်သွန်နီ ကြက်သွန်မိတ်တို့နှင့် ရေမြုပ်အောင်ထည့်ကာ ဟင်းရည်များ ဝေမကျစေရန် အဖုံးမဖုံးဘဲ မီးအားကောင်းကောင်းနဲ့ ပြုပ်ပေးပါ
  • ဟင်းရည်များ ဆူလာပြီဆိုတာနဲ့ မီးကိုအနေတော်သို့ လျှော့ကာ အဖုံးဖုံးပြီး ပြုပ်ပေးပါ
  • တဖက်ကို မိနစ်၂၀ခန့်ပြုပ်ပေးပြီး နောက်တဖက်ကို အရည်ခွံများ လန်မထွက်စေရန် အသာလှန်ပေးပြီး မိနစ်၂၀ခန့် ဆက်ပြုပ်ပေးပါ
  • မိနစ်၄၀ခန့် ပြုပ်ပေးပြီးတာနဲ့ အအေးခံပြီး မိမိနှစ်သက်သည့်ပုံစံ ခုတ်ပေးထားပါ
ထမင်းချက်ရန် ပြင်ဆင်ပုံ
  • ဆန်ကို ရေဆေးပြီး စစ်ထားပါ
  • ချင်း လက်တဆစ်လောက်ကို အခွံခွာပြီး ထောင်းထားပါ
  • ကြက်သွန်ဖြူ ၄မွှာကို အခွံခွာပြီး ထောင်းထားပါ
  • ဆား အနည်းငယ်ကို ပြင်ထားပါ
  • ကြက်အဆီဖတ်ကို ရေဆေးထားပါ
  • ဆီ ထမင်းစားဇွန်း ၂ဇွန်း
  • ဒယ်အိုးတလုံးကို အပူပေးပါ
  • ပူလာတာနဲ့ ဆီ ကြက်ဆီဖတ် ကြက်သွန်ဖြူ ချင်းတို့ကို ထည့်ပြီးကြော်ပေးပါ
  • ကြက်ဆီဖတ်များ ပျော်လာပြီး ကြက်သွန်ဖြူနှင့် ချင်းတို့မွှေးလာပါက မပျော်သေးတဲ့ ကြက်ဆီဖတ်များကို ဖယ်ပေးပြီး လွှင့်ပလိုက်ပါ
  • ပြီးတာနဲ့ ရေဆေးပြီး စစ်ထားသော ဆန်ကို ထည့်ကြော်ပေးပါ
  • ၂မိနစ်လောက် ကြော်ပေးပြီး ဆန်သားကြည်လာတာနဲ့ ကြော်ထားသောဆန်နှင့် ကြက်ပြုပ်ရည်ကို ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၈ဗူးထည့်ပြီး ချက်ပေးပါ
  • သုံးသော ဆန်အနေအထားပေါ် မူတည်ပြီး ရေကိုထည့်ပါ 
  • ဆန်ပျော့ကို ချက်ပါက ပုံမှန်အတိုင်း ရေကိုထည့်ပြီး  ဆန်မာကိုသုံးပါက ရေပိုထည့်ပါ
  • ဆန်အမာ သုံးထားသည့်အတွက် ရေကိုပိုသုံးထားပါတယ်
  • ထမင်းအိုး ရေဆူလာပါက အထက်အောက် သမအောင် နှစ်ချက် သုံးချက်လောက် မွှေပေးပါ
  • ထမင်းအိုး ခလုပ်တက်ပါက ကြက်ဆီထမင်း ကျက်ပါပြီ
  • ထမင်းနှင့် တွဲစားရန် သခွားသီးကို လှီးပေးထားပါ
  • အားလုံး အဆင်သင့် ဖြစ်တာနဲ့ နှစ်သက်သလို ပြင်ဆင်ပေးပြီး စားသုံးနိုင်ပါပြီ။
ကြက်ဆီထမင်းနှင့် တွဲစားရန် sauce စပ်ရန်
  • ချင်း လက်တဆစ်ခန့်ကို ညက်နေအောင် ထောင်းထားပါ
  • ငရုတ်သီးစိမ်းကို ညက်နေအောင် ထောင်းထားပါ
  • ကြက်သွန်ဖြူကို မညက်တညက် ထောင်းထားပါ
  • နံနံပင်ကို မညက်တညက် ထောင်းထားပါ
  • ပဲငံပြာရည် သံပုရာရည် ပျားရည်တို့ကိုပြင်ထားပါ
  • ပျားရည် သို့မဟုတ် သကြားကို ပြင်ထားပါ
  • ရေနွေး အအေးခံပြီးသား ထမင်းစားဇွန်း ၃ဇွန်းကို ပြင်ပေးထားပါ
  • ဇလုံထဲမှာ ပါဝင်ပစ္စည်းများ အကုန်ထည့်ပြီး ဖျော်ပေးပါ

ဟင်းချိုရည်ချက်ရန်

  • ကြက်ဆီထမင်း ချက်ရာတွင် ပိုနေသော ကြက်ရိုးများကို ရေသင့်ရုံထည့်ပြီး ဆားနှင့်အချိုမှုန့်ထည့်ကာ ရေဆူအောင် တည်ပေးပါ
  • ရေပွက်ပွက်ဆူလာပါက အရသာမြည်းပြီး ကြက်သွန်မိတ်နှင့် ငရုတ်ကောင်းကို အနည်းငယ် ခပ်ပေးပါ
ကြက်ဆီထမင်း စားရန် မိသားစု နည်းတဲ့အတွက် ကြက်သားနှင့်ဆန်ကို သင့်ရုံလေးဘဲ ချက်ထားပါတယ် မိသားစု ၅ယောက်စာအတွက် အထက်ပါ နူံးထားအတိုင်း ချက်ပေးပါ။

Sunday, 19 February 2017

ငရုတ်ကောင်း မုန့်ဟင်းရည်ကျဲ











ဒီနေ့တော့ ရာသီဥတု ပူပူမှာ ငရုတ်ကောင်း ပူပူလေးနဲ့ မုန့်ဟင်းခါး ဟင်းရည်ကျဲ စားချင်စိတ်က ပေါ်လာခဲ့ပါတယ် ပူပူလူလူ ချွေးတလုံးလုံးနဲ့ စားရလေအောင် ငရုတ်ကောင်း နိုင်နိုင်နဲ့ ဒီနေ့ချက်ဖြစ်တဲ့ မုန့်ဟင်းခါး ဟင်းရည်ကျဲ ချက်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • မုန့်ဖတ် - 1000g
  • ငါးခူ သို့မဟုတ် ဘာဆာငါး - 200g
  • ဆား - ထမင်းစားဇွန်း တဇွန်း
  • ငံပြာရည် - ထမင်းစားဇွန်း ၃ဇွန်း
  • စပါးလင် - ၃ချောင်း
  • ချင်း -၂လက်မခန့်
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်းမောက်မောက်
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း (တ၀က်ငါးပြုပ် တ၀က်ငါးဆီသတ် )
  • ကြက်သွန်နီ - အလုံးကြီးကြီး ၂လုံး
  • ကြက်သွန်နီ အ- လုံးသေး အလုံး ၂၀ခန့်
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး အမွှာ ၂၀ခန့် (တ၀က်ဆီချက် တ၀က်ငါးဆီသတ်ရန် )
  • ဆန်လှော်မှုန့် - ထမင်းစားဇွန်း ၂ဇွန်းခွဲ
  • ဆီ - ထမင်းစားဇွန်း ၅ဇွန်း
  • ပဲပင်ပေါက် - လိုသလောက်
  • ပဲသီး - လိုသလောက်
  • ပူစီနံ - လိုသလောက်
  • ခရမ်းချဉ်သီးအစိမ်းနှင့်အမှည့် - လိုသလောက်
  • ငြုပ်သီးအလှော်မှုန့် - လိုသလောက်
  • ကြက်ဥ - လိုသလောက် 
  • သံပုရာသီး - လိုသလောက်


ငါးပြုပ်ရန် ပြင်ဆင်ပုံ

  • ငါးခူကို ဘေးဆူးတောင်များ ခုတ်ပြီး ဗိုက်ထဲမှ ကလီစာများ ထုတ်ပေးပါ
  • ပြီးတာနဲ့ ဆား ထမင်းစားဇွန်း တဇွန်းထည့်ပြီး ပွတ်တိုက်ဆေးပေးပါ
  • ငါးအရည်ခွံ တော်တော်လေး ဖြူလာတာနဲ့ ရေစင်အောင်ဆေးပေးပါ
  • ဇောက်နက်သော အိုးတလုံးထဲမှာ ရေဆေးထားသော ငါးခူကိုဆား လက်ဖက်ရည်ဇွန်း တဇွန်း ငံကြာရည် ထမင်းစားဇွန်း တဇွန်း နနွင်းမှုန့်  စပါးလင်၂ချောင်းနှင့် ရေမြုပ်အောင်ထည့်ပြီး ပြုပ်ပေးပါ
  • ငါးအသား နူလာတာနဲ့ အရိုးအသား သတ်သတ်စီ နွှင်ပေးထားပါ
  • အသားနွှင်ထားသော အရိုးနှင့် ထည့်ပြုပ်ထားသော စပါးလင်ချောင်းကို ကြေအောင်ထောင်းပြီး ရေအနည်းငယ်နှင့် ငင်ထားပါ
ငါးဆီသတ်ရန်
  • ကြက်သွန်ဖြူကို အခွံခွာပြီး အလုံးလိုက်ရေဆေးကာ ခပ်ကြမ်းကြမ်း ထောင်းထားပါ
  • ကြက်သွန်နီ အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ကြမ်းကြမ်း ထောင်းထားပါ
  • ချင်းကို အခွံခွာပြီး ညက်နေအောင် ထောင်းပေးပါ
  • စပါးလင်ကို ညက်နေအောင် ထောင်းပေးပါ
  • ဒယ်အိုးထဲ ဆီထည့်ပြီး နနွင်းမှုန့် လက်ဖက်ရည်ဇွန်း သုံးပုံတပုံထည့်ပေးပါ
  • ဆီပူလာတာနဲ့ ကြက်သွန်ဖြူ ကြက်သွန်နီ စပါးလင် ချင်းထောင်းတို့ကို ထည့်ပြီးဆီသတ်ပေးပါ 
  • ကြက်သွန်ဆီသတ်နံ့ မွှေးလာတာနဲ့ အရိုးထွင်ထားသော ငါးနှင့် အရသာမှုန့် လက်ဖက်ရည်ဇွန်း တဇွန်းမောက်မောက်ကို ထည့်မွှေပေးပါ
  • ဆီသတ်နံ့ သင်းလာပြီဆိုတာနဲ့ မီးပိတ်ပေးပါ
ဟင်းရည်ချက်ရန်
  • ဇောက်နက်သော အိုးတလုံးထဲ ငါးပြုပ်ရည် ငါးအရိုးကိုထောင်းပြီး အရည်ငင်ထားသော ငါးရိုးအရည် ငါးဆီသတ်များနှင့် ရေ ၃လီတာခန့်ထည့်ပြီး ပြုပ်ထားသော ကြက်ဥကိုအလုံးလိုက် ထည့်ပေးပြီး တည်ပေးပါ
  • ကြက်ဥတလုံးကို ခေါက်ထားပါ
  • ကြက်ဥ ၇လုံးခန့်ကို ပြုပ်ပြီး အခွံခွာထားပါ
  • ရေဆူလာတာနဲ့ ကြက်သွန်နီ ဥအသေးများကို ထည့်ပေးပါ
  • ဆန်လှော်မှုန့်ကို ရေအနည်းငယ်နှင့် ဖျော်ထားပါ
  • ကြက်သွန်နီဥထည့်ပြီး ရေပွက်ပွက် ဆူလာတာနဲ့ ဆန်လှော်မှုန့် အရည်ဖျော်ကိုထည့်ပြီး ဆား ငံပြာရည် အရသာမှုန့်တို့ကို သင့်သလိုထည့်ပြီး သမအောင် မွှေပေးပါ
  • ဆန်လှော်မှုန့်ထည့်ပြီး ဟင်းရည်အိုး ပွက်ပွက်ဆူလာကာ ကြက်သွန်များ နူးလာပြီဆိုတာနဲ့ ခေါက်ထားသော ကြက်ဥကို ထည့်မွှေကာ မွှေပေးပြီးတာနဲ့ ငရုတ်ကောင်း မုန့်ဟင်းခါး ဟင်းရည်ကျဲ ပူပူလေး ရပါပြီ။

မုန့်ဟင်းခါးနှင့် တွဲဖက်စားရန်
  • ခရမ်းချဉ်သီးကို ရေဆေးပြီး ခပ်ပါးပါးလှီးထားပါ
  • ပူစီနံနှင့် ပဲပင်ပေါက်ကို ရေဆေးပြီး ပြင်ထားပါ
  • ပဲတောင့်ရှည်ကို အတောင့်လိုက် ရေဆေးကာ အနေတော် လှီးထားပါ
  • ငရုတ်သီး အလှော်မှုန့် ပြင်ထားပါ
  • မုန့်ဖတ်ကို ပြင်ထားပါ
  • ဘဲဥကို ကျက်အောင်ပြုပ်ပြီး အခွံခွာထားပါ
  • သံပုရာသီးကို ရေဆေးပြီး အနေတော် လှီးထားပါ
  • ဟင်းရည် ပြင်ထားပေးပါ
  • လိုအပ်သော ပစ္စည်းများ ပြင်စဉ်ပြီးပါက နှစ်သက်သလို စားသုံးနိုင်မည့် ငရုတ်ကောင်း မုန့်ဟင်းခါး ဟင်းရည်ကျဲ မွှေးမွှေးလေး ရပါပြီ။

Saturday, 18 February 2017

သရက်သီး ဆားရည်စိမ်ထောင်း စပ်စပ်လေး





ဒီတခါတော့ ထမင်းစား မိန်စေမဲ့ သရက်သီးဆားရည်စိမ်ကို ပုဇွန်ထုတ်နဲ့ ခပ်စပ်စပ်လေး ထောင်းဖြစ်လို့ ထောင်းနည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • သရက်သီး ဆားရည်စိမ် - အနေတော် ၂လုံး
  • ကြက်သွန်နီ - အနေတော် တလုံး
  • ပုဇွန်ပြုပ်ပြီးသား - ၇ကောင်ခန့်
  • ငရုတ်သီးအလှော်မှုန့် - စားနိုင်သလောက်
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
ပြင်ဆင်ပုံ
  • သရက်သီး ဆားရည်စိမ်ပြီးသားကို ရေဆေးပြီး ဓါးပြတ်ပြတ်နှင့် လိုက်ပေါက်ပေးပါ
  • တလုံးလုံး အပြည့်လိုက်ပေါက်ပြီးတာနဲ့ ခပ်ပါးပါးလေးတွေ လှီးချပေးပါ
  • ကြက်သွန်နီကို အခွံခွာကာ ရေဆေးပြီး ခပ်ပါးပါး လှီးပေးထားပါ
  • ပုဇွန်ထုတ်ကို ရေအနည်းငယ်ထည့်ပြီး ရေခမ်းအောင် ပြုပ်ပေးကာ အခွံခွာထားပါ
  • အားလုံးအဆင်သင့်ဖြစ်တာနဲ့ ဇလုံ သို့မဟုတ် ငရုတ်ဆုံကြီးကြီးထဲမှာ ပါဝင်ပစ္စည်း အားလုံးကို ထည့်ပြီး ထောင်းပေးပါ
  • အရမ်းညက်နေအောင် ထောင်းစရာမလိုဘဲ သမသွားအောင် ခပ်ဖွဖွလေး ထောင်းပေးရင် ရပါပြီ
  • သရက်သီး ဆားရည်စိမ်က အငံပါပြီးသားဖြစ်တဲ့အတွက် အငံထည့်စရာမလိုပါ
  • ပန်းကန်တခုထဲ ပြောင်းထည့်ပေးပြီး ချဉ်ငံစပ်အရသာပါဝင်တဲ့ သရက်သီးဆားရည်စိမ်ထောင်းလေးကို ထမင်းပူပူလေးနှင့် စားသုံးရန် ပြင်ပေးနိုင်ပါပြီ။

Friday, 17 February 2017

အိန္ဒိယစတိုင်လ် ကြက်သားဟင်း


ဒီနေ့တော့ ထမင်းမိန်စေမဲ့ အိန္ဒိယစတိုင်လ် ကြက်သားဟင်း မွှေးမွှေးလေးချက်ဖြစ်လို့ ချက်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ပေါင်သား - 500g 
  • ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း တဝက်
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
  • ဆား - လက်ဖက်ရည်ဇွန်း တဇွန်း
  • ဆီ - ထမင်းစားဇွန်း ၇ဇွန်း
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
  • ကြက်သွန်နီ - ခပ်ကြီးကြီး တဥ
  • ချင်း - လက်တဆစ်ခန့်
  • လေးညှင်း  -၂ပွင့်
  • နံနံစေ့ - လက်ဖက်ရည်ဇွန်း တ၀က်
  • စမုံစပါး - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • ဖာလာ - တခု
  • ကရဝေးရွက် - ၃ရွက်
  • သစ်ဂျပိုးခေါက် - အနေတော် တခု
  • ငရုတ်သီးအရောင်တင်မှုန့် - ထမင်းစားဇွန်း တဇွန်း
  • မဆလာ - ထမင်းစားဇွန်း တဇွန်း
  • နံနံပင် - အနေတော် ၃ပင်

ကြက်သားအရသာနယ်ရန်
  • ကြက်သားကို ရေဆေးပြီး အနေတော် အတုံးလေးတွေ တုံးထားပါ
  • ငံပြာရည် - ထမင်းစားဇွန်း တဇွန်း
  • ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း တဝက်
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
  • ဆား - လက်ဖက်ရည်ဇွန်း တဝက် အားလုံးတို့ကို ကြက်သားထဲထည့်ပြီး အရသာဝင်အောင် နယ်ထားပါ

လိုသောပစ္စည်းများ ပြင်ဆင်ပုံ

  1. ဆီ - ထမင်းစားဇွန်း ၇ဇွန်း
  2. ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ မညက်တညက် ထောင်းထားပါ
  3. ကြက်သွန်နီကို အခွံခွာကာ ရေဆေးပြီး မညက်တညက် ထောင်းပေးပါ
  4. ချင်းကို အခွံခွာပြီး ညက်နေအောင် ထောင်းပေးပါ
  5. လေးညှင်း သစ်ဂျပိုးခေါက် ဖာလာ စမုံစပါး နံနံစေ့နှင့် ဖာလာတို့ကို ပြင်ထားပေးပါ
  6. ငရုတ်သီးအရောင်တင်မှုန့် နနွင်းမှုန့်. ဆီ မဆလာတို့ကို ပြင်ထားပါ
  7. နံနံပင်ကို ရေဆေးပြီး အနေတော် လှီးထားပါ
ပြင်ဆင်ပုံ
  • ကြက်သားနှင့်ချက်ရန် လိုအပ်သော ပစ္စည်းများကို ပြင်ထားပါ
  • မဆလာကို ပြင်ထားပါ
  • ဇောက်နက်သော အိုးတလုံးကို အပူပေးပြီး ဆီထည့်ပါ
  • ဆီပူလာတာနဲ့ ကရဝေးရွက် နံနံစေ့ ဖာလာ သစ်ဂျပိုးခေါက် စမုံစပါး လေးညှင်း နံနံစေ့တို့ကို အရင်ဆုံး ထည့်ကြော်ပေးပါ
  • ပြီးတာနဲ့ ကြက်သွန်ဖြူ နီ နင့် ငရုတ်သီးအရောင်တင်မှုန့်တို့ကို မွှေးလာာတဲ့ထိ ဆီသတ်ပေးပါ 
  • ဆီသတ်နံ့ မွှေးလာတာနဲ့ အရသာနယ်ထားသော ကြက်သားကိုထဲ့ပြီး ဆီသတ်ပေးပါ
  • ကြက်သားအသားများ မာကျစ်လာတဲ့ထိ သုံးမိနစ်လောက် ဆီသတ်ပေးပါ
  • အသားများမာလာမှ ရေကိုမြုပ်အောင်ထည့်ပြီး ဆက်တည်ပေးပါ 
  • ရေခမ်းပြီး ဆီလည်ရေလည် ဖြစ်လာပါက နံနံပင်နှင့် မဆလာအုပ်ပေးပြီး သမအောင် မွှေပေးပါ
  • ရအနေတော် ဖြစ်လာပါက မွှေးလွန်းတဲ့ ကြက်သားဟင်း မွှေးမွှေးလေးကို စားသုံးနိုင်ပါပြီ။

Thursday, 16 February 2017

ကြက်ဥ သီးစုံပဲကုလားဟင်း


အခုရက်ထဲတော့ ရာသီဥတုက ကိုယ့်နောက်မပါဘဲ နေပြင်းပြင်းနဲ့ ထမင်းစားတွေလဲ ပျက်ပါတယ် ဒါကြောင့်မို့ စားမြိန်ဟင်းလေးတွေ ဖြစ်ရလေအောင် ဒီနေ့တော့ ကြက်ဥပဲဟင်း အရည်သောက်ဆမ်းလေး ချက်ဖြစ်တာမို့လို့ ချက်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်သော ပစ္စည်းများ

  • ကျက်အောင်ပြုပ်ပြီး အခွံခွာထားသော ကြက်ဥ - ၆လုံး
  • နူးနေအောင် ပြုပ်ထားသော ကုလားပဲခြမ်း - တရုတ်ဟင်းပြင်ပန်းကန် အသေး တလုံးစာ
  • အခွံခွာပြီး ရှစ်စိတ်စိတ်ကာ ရေဆေးထားသောအာလူး - အနေတော် ၃လုံး
  • ခပ်ထူထူလှီးကာ ရေမြုပ်အောင် စိမ်ထားသော ခရမ်းသီး - ခပ်ကြီးကြီး တလုံး
  • ရေဆေးပြီး အနေတော် လှီးထားသော ရုံးပတေသီး - ၇တောင့်
  • ညက်နေအောင် ထောင်းထားသော ကြက်သွန်နီ - အနေတော် တဥ
  • ညက်နေအောင် ထောင်းထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး၃မွှာ
  • ညက်နေအောင် ထောင်းထားသော ချင်း - လက်တဆစ်
  • ရေစိမ်ထားသော မကျီးသီးမှည့် - ကွမ်းသီးဆံလုံးလောက်
  • ပျဉ်းတော်သိမ်းရွက် - အနေတော် ၃ခက်
  • နံနံစေ့ - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • မဆလာ - ထမင်းစားဇွန်း တဇွန်း
  • ငါးငံပြာရည် - ထမင်းစားဇွန်း ၂ဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  • ငရုတ်သီးအရောင်တင်မှုန့်. - လက်ဖက်ရည်ဇွန်းတစ်ဇွန်း
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  • ဆီ - ထမင်းစားဇွန်း ၅ဇွန်း
ပြင်ဆင်ပုံ
  • ဆီကိုနနွင်းမှုန့်ထဲ့ကာအပူပေးပါ
  • ဆီပူလာတာနဲ့ ထောင်းထားသော ကြက်သွန်ဖြူ ကြက်သွန်နီ နံနံစေ့ ချင်းနှင့် ငရတ်သီးမှုန့်တို့ကို ထည့်ကာမွှေးလာတဲ့အထိ ဆီသတ်ပေးပါ
  • ငရုတ်သီးနံ့မွှေးလာတာနဲ့ အာလူးနှင့် ခရမ်းသီးကိုထဲ့ပြီး ငါးငံပြာရည် တခါထဲထဲ့ပြီး ဆီသတ်ပေးပါ
  • ငံပြာရည်နံ့သင်းလာပြီး အာလူးအရောင် ပြောင်းလာတာနဲ့ပြုပ်ထားသောပဲ အခွံခွာထားသော ကြက်ဥနှင့် ရေမြုပ်အောင်ထဲ့ပြီး အရသာမှုန့်နှင့် ဆားထဲ့ကာ ခရမ်းသီးနှင့် အာလူးနူးအောင်တည်ပေးပါ
  • ခရမ်းသီးနှင့် အာလူးနူးလာတာနဲ့ မကျည်းသီးမှည့် အရည်ထဲ့ကာ ရေဆူအောင် ဆက်တည်ပြီး  ရုံးပတေသီးထည့်ကာ အရသာမြည်း၍ လိုသလို ပြင်ပေးပြီး ပျဉ်းတော်သိမ်းရွက်နှင့် မဆလာအုပ်ကာ မီးပိတ်ပေးပြီး စားသုံးနိုင်ပါပြီ။

Wednesday, 15 February 2017

ပုဇွန်အချိုကြော်


အခုရက်ထဲ ပုဇွန်သားလေးတွေ ၂ကီလိုဝယ်ထားပြီး ချိုချဉ်ငံစပ် လှည့်ပါတ်ပြီး ချက်နေမိပါတယ် ဒီနေ့တော့ ကလေးလူကြီး စားနိုင်မဲ့ ပုဇွန်အချိုကြော်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ခေါင်းချိုး အမြှီးဖြုတ်ထားသေ ပုဇွန်ခေါင်းချိုး - ၂ဆယ်သား
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • ငါးငံပြာရည် - လက်ဖက်ရည်ဇွန်း တဇွန်း
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
  • ဆီ - ထမင်းစားဇွန်း ၇ဇွန်းခန့်
  • ကြက်သွန်နီ - အလုံးကြီးကြီး တလုံး
  • ပဲငံပြာရည် - ထမင်းစားဇွန်း တဇွန်း
ပြင်ဆင်ပုံ
  • ပုဇွန်ကို ရေဆေးပြီး ခေါင်း အမြှီးဖြုတ်ကာ သန့်စင်ထားပါ
  • သန့်စင်ထားသော ပုဇွန်ကို ဆား ငံပြာရည် နနွင်းမှုန့်တို့နဲ့ နယ်ထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ 
  • ဆီပူလာတာနဲ့ ကြက်သွန်နီ နွမ်းအောင် ကြော်ပေးပါ
  • ကြက်သွန်နီ နွမ်းတာနဲ့ အရသာနယ်ထားသော ပုဇွန်ကို ထည့်ကြော်ပါ
  • သုံးမိနစ်လောက် ကြော်ပြီးတာနဲ့ ပဲငံပြာရည် ထည့်မွှေပေးပြီး အရသာမြည်း၍ လိုသလို ပြင်ပေးကာ မီးပိတ်ပေးပါ။

Tuesday, 14 February 2017

ပုဇွန် ငရုတ်သီးစိမ်း အစပ်ဟင်း



ဒီနေ့တော့ မကုန်နိုင်သေးတဲ့ ပုဇွန်သားလေးတွေကို ခေါင်းချိုးပြီး ငရုတ်သီးစိမ်းနဲ့ ဖိုးသတ်ဖတ်သတ် ချက်ပါတယ် ထမင်းစားလို့တော့ ဘာကောင်းသလဲ မမေးပါနဲ့တော့ အရမ်းကို မိန်ပါတယ် ဒါကြောင့်မို့ ဖိုးသိုးဖတ်သတ် ကြော်ချက် ချက်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • သန့်စင်ပြီးသား ပုဇွန်ခေါင်းချိုး - ၂ဆယ်သား
  • ငရုတ်သီးစိမ်း - စားနိုင်သလောက်
  • ကြက်သွန်နီ - ခပ်သေးသေး တလုံး
  • ဆီ - ထမင်းစားဇွန်း တဇွန်း
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • ငါးငံပြာရည် - ထမင်းစားဇွန်း ၃ဇွန်း
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
ပြင်ဆင်ပုံ
  • သန့်စင်ပြီးသား ပုဇွန်ကို ဆား နနွင်း အရသာမှုန့် နယ်ထားပါ
  • ငရုတ်သီးစိမ်းကို အရမ်းမညက်စေဘဲ ဖိုးသိုးဖတ်သတ် ထောင်းထားပါ
  • ကြက်သွန်နီကို ခပ်ပါးပါး လှီးထားပါ
  • ဆီကိုအပူပေးပါ ဆီပူလာတာနဲ့ ကြက်သွန်နီကို နွမ်းရုံလေး ထည့်ကြော်ပါ
  • ကြက်သွန်နီ နွမ်းတာနဲ့ငရုတ်သီးထောင်းကို ထည့်ကြော်ပါ
  • မွှေးလာတာနဲ့ ပုဇွန်နဲ့ငံပြာရည်ကို ထည့်မွှေပါ
  • ပြီးတာနဲ့ ရေမြုပ်ရုံလေးထည့်ပြီး ရေခမ်းအောင် တည်ပေးပါ
  • ရေခမ်းတာနဲ့ စပ်ပြီးမွှေးနေတဲ့ ငရုတ်သီးစိမ်း ပုဇွန်ဖိုးသိုးသတ် ကြော်ချက်လေး ရပါပြီ။



Monday, 13 February 2017

ပုဇွန် ပဲငါးပိ အစပ်ကြော်




ပုဇွန် ၂ကီလို ၀ယ်ထားတာ လက်စသပ်သင့်ပြီလို့ ထင်ကြမှာဘဲနော် မြန်မာပြည်ကလာတဲ့ ရေချိုပုဇွန်လေးတွေ ရခဲသလို စားရခဲတာမို့လို့ တနေ့တမျိုး မရိုးရအောင် စားပါရစေ ။

ဒီနေ့တော့ ပဲငပိနဲ့ ချဉ်ငံစပ်လေး ကြော်ပါမယ် ထမင်းကတော့ စားလို့မိန်ကြအုံးမှာ ပါဝင်ပစ္စည်းလေးတွေ အဆင်သင့်ရှိရင်တော့ ကြော်စားကြည့်စေချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • သန့်စင်ပြီးသား ပုဇွန်ခေါင်းချိုး -၂ဆယ်သား
  • ပဲငပိ အချို - ထမင်းစားဇွန်း ၇ဇွန်း
  • ငရုတ်သီး အကြမ်းမှုန့် - ထမင်းစားဇွန်း ၂ဇွန်း
  • ကြက်သွန်နီ - အနေတော် တလုံး
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
  • ဆီ - ထမင်းစားဇွန်း ၇ဇွန်းခန့်
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်
  • ငံပြာရည် - ထမင်းစားဇွန်း နှစ်ဇွန်းခွဲ
  • ခရမ်းချဉ်သီး - အလုံးကြီးကြီး ၃ဇွန်း
ပြင်ဆင်ပုံ
  • ပုဇွန်ကို မလိုတာတွေဖယ်ပြီး သန့်စင်ကာ ဆား နနွင်း လက်ဖက်ရည်ဇွန်း သုံးပုံ တပုံနှင့် အရသာမှုန့်တို့ နယ်ထားပါ
  • ကြက်သွန်နီကို အခွံခွာကာ အလုံးလိုက် ရေဆေးပြီး ပါးပါးရိတ်ရိတ် လှီးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာထားပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
  • ခရမ်းချဉ်သီးကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  • ငရုတ်သီး အကြမ်းမှုန့်ကို ပြင်ထားပါ
  • ဆီကိုအပူပေးပြီး ဆီပူလာပါက နနွင်းမှုန့် အနည်းငယ်ထည့်ပေးပါ
  • ပြီးတာနဲ့ ကြက်သွန်နီနှင့် ကြက်သွန်ဖြူကို ထည့်ကြော်ပါ 
  • ကြက်သွန်များ နွမ်းလာတာနဲ့ ငရုတ်သီးမှုန့်ကို ထည့်ကြော်ပါ 
  • ငရုတ်သီးနံ့ သင်းလာတာနဲ့ ခရမ်းချဉ်သီးများကို နွမ်းကျေသွားအောင် ထည့်ချက်ပေးပါ
  • ခရမ်းချဉ်သီးများ နွမ်းကျေပြီး အခွံများ လိပ်လာတာနဲ့ ငံပြာရည် ပဲငပိနှင့် ပုဇွန်တို့ထည့်မွှေပါ
  • ခရမ်းချဉ်သီးမှ အရည်များ ထွက်လာပြီး ပွက်ပွက်ဆူနေချိန်မှာ အရသာကို မြည်ပြီး လိုသလိုပြင်ပေးပါ
  • အရည်များ ခမ်းလာပါက ထမင်းစားလို့ မိန်စေမဲ့ ပုဇွန်ပဲငပိ ချဉ်ငံစပ် ဟင်းလေး ရပါပြီ။

Sunday, 12 February 2017

ငရုတ်သီးစိမ်း ပုဇွန်ချက်


ကျမနေတဲ့ Rockhampton မြို့လေးက ပူပူလိုက်တာဆိုတာ မပြောပါနဲ့တော့ ထိုင်နေရင်းနဲ့တောင် ချွေးတွေ တပြိုက်ပြိုက်ကျလာပြီး အလိုလိုနေရင်း လူက အရမ်းပင်ပန်းလာပါတယ် ဒီတော့ အစားစားချင်စိတ်ကိုလဲ ပျောက်စေခဲ့ပါတယ်။

ဒီတော့ကာ ခံတွင်းလိုက်စေမဲ့ အပူကို အပူနဲ့ငြိမ်းရလေအောင် သိပ်စပ်လွန်းတဲ့ ဟင်းလေးတွေ စားချင်လာတော့ ငရုတ်သီးစိမ်းနဲ့ ပုဇွန်ကို ခပ်စပ်စပ်လေး ချက်မိပြန်ပါတယ် ဒီဟင်းလေး ချက်မိတိုင်း ထမင်းမိန်တတ်လွန်း တာကြောင့် ထမင်းကို အရင်ရက်တွေကထက်စာရင် ပိုပြီးချက်မိတာတော့ အမှန်ပါဘဲ။

ပါဝင်ပစ္စည်းများ

  • ပုဇွန်ခေါင်းချိုး - 300g
  • ငရုတ်သီးစိမ်း - စားနိုင်သလောက်
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်
  • ငါးငံပြာရည် - ထမင်းစားဇွန်း ၃ဇွန်း
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်သာသာ
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • ဆီ - ထမင်းစားဇွန်း ၂ဇွန်းခန့်
  • ကြက်သွန်နီ - အနေတော် တလုံး
ပြင်ဆင်ပုံ
  • ပုဇွန်ကို ရေဆေးပြီး အမြှီးနှင့်ခေါင်းဖြတ်ကာ ကြောဖက်မှ အမည်းကြောင်းကို ဖယ်ပေးပါ
  • သန့်စင်ပြီးသော ပုဇွန်ကို နနွင်းမှုန့်အနည်းငယ် ဆားအနည်းငယ်နှင့် နယ်ထားပါ
  • ငရုတ်သီးစိမ်းကို အတောင့်လိုက် ရေဆေးပြီး မထူမပါး လှီးပေးထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးပေးထားပါ
  • အားလုံး အဆင်သင့် ဖြစ်တာနဲ့ ဒယ်အိုးကို ဆီထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ နနွင်းမှုန့် အနည်းငယ်ထည့်ပြီး ကြက်သွန်နီကို ထည့်ကြောာပါ
  • နွမ်းရုံလေး ကြော်ပြီးတာနဲ့ ငရုတ်သီးစိမ်းကို တမိနစ်လောက် ထည့်မွှေပါ
  • ပြီးတာနဲ့ ပုဇွန်ကို အရောင်ပြောင်းသွားတဲ့အထိ ထည့်ကြော်ပါ
  • ပုဇွန်အရောင်ပြောင်းတာနဲ့ အရသာမှုန့်နှင့် ငံပြာရည်ကို ထည့်ကြော်ပြီး ရေမြုပ်အောင် ထည့်ပေးပါ
  • ရေပွက်ပွက်ဆူလာပါက အရသာမြည်း လိုသလို ပြင်ပေးကာ ရေအနေတော်လောက် ရပြီဆို မီးပိတ်ပေးပြီး ထမင်းပူပူလေးနဲ့ ရှူးရှူးရှဲရှဲ စားသုံးနိုင်ပါပြီ။

Saturday, 11 February 2017

ချဉ်ငံစပ် ကြက်သား ပဲကြာဇံသုပ်



ဒီနေ့တော့ ချဉ်ငံပြီး စပ်နေတဲ့ အလွန်အရသာရှိသော ပဲကြာဇံသုပ်ကို သုပ်စားဖြစ်လို့ လူတိုင်း ကြိုက်နှစ်သက်ကြမယ် ထင်တဲ့အတွက် ဆီမပါဘဲ သုပ်လိုက်တဲ့ ပဲကြာဇံသုပ် အရိုင်းသုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပဲကြာဇံအခြောက် - လက်တဆုတ်စာ သာသာ
  • ကြက်ရင်ပုံသား - အနေတော် တခု
  • ကြက်သွန်နီ - အနေတော် တဥ
  • ငရုတ်သီးအလှော်မှုန့် - ထမင်းစားဇွန်း တ၀က်
  • ကြက်သွန်မိတ် - အနေတော် တပင်
  • မုံလာဥနီ - အနေတော် တဥ
  • သံပုရာသီး - လိုသလောက်
  • ငံပြာရည် - လိုသလောက်
  • အရသာမှုန့် -လက်ဖက်ရည်ဇွန်း တဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
ပြင်ဆင်ပုံ
  • ကြက်သားကို ဆားနှင့်နယ်ကာ ရေမြုပ်အောင်ထည့်ပြီး ပြုပ်ပေးပါ
  • ရေခမ်းပါက ပုံပါအတိုင်း မွှထားပေးပါ
  • ပဲကြာဇံကို ရေမြုပ်အောင်ထည့်ပြီး နာရီဝက်လောက် ရေစိမ်ထားပါ
  • ရေစိမ်ပြီးသော ပဲကြာဇံကို ရေစစ်ပြီး ရေနွေးဆူဆူ လောင်းထည့်ပေးပြီး ၃မိနစ်လောက်ထားကာ ရေအေးနှင့်ဆေးပြီး ရေစစ်ထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးက ခပ်ပါးပါး လှီးပေးထားပါ
  • မုံလာဥနီကို အခွံခွာကာ အလုံးလိုက် ရေဆေးပြီး ခပ်ရှည်ရှည် ခြစ်ထားပေးပါ
  • ကြက်သွန်မိတ်ကို ရေဆေးပြီး ခပ်သေးသေးလေးတွေ လှီးပေးထားပါ
  • သံပုရာသီးကို ရေဆေးပြီး လိုသလောက် စိတ်ပေးထားပါ
  • အားလုံးအဆင်သင့် ဖြစ်ပြီဆိုတာနဲ့ ဇလုံတခုထဲမှာ ပါဝင်ပစ္စည်းများထည့်ကာ သံပုရာရည်ထည့်ပြီး ခပ်ဖွဖွနယ်ပေးပါ
  • အားလုံး သမသွားပြီဆိုတာနဲ့ အရသာမြည်း၍ လိုသလိုပြင်ပေးကာ ပဲကြာဇံသုပ် ချဉ်ငံစပ်လေးကို စားသုံးနိုင်ပါပြီ။

Wednesday, 8 February 2017

အာလူး ကတ်တလိတ်


အာလူးကတ်တလိတ်ဆိုရင် အရသာ အမျိုးမျိုးထည့်၍တမျိုး သတ်သတ်လွတ်တသွယ် အသားများ ထည့်ပြီးသော်၎င်း မျိုးစုံအောင် ကြော်တတ်ကြပါတယ် မာမာကတော့ ဒီတခါ ကြက်ဥအကာထဲ နှစ်ပြီး မဆလာနံ့ သင်းသင်းလေးနဲ့ ကြော်ထားတာဖြစ်လို့ ကြော်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အားလူး - 500g 
  • တန်ပူရာမှုန့် - ထမင်းစားဇွန်းမောက်မောက် ၃ဇွန်းမောက်မောက် (မည်သည့်အကြော်မှုန့်မဆို ထည့်နိုင်ပါတယ်)
  • ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တ၀က် 
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
  • မဆလာ - လက်ဖက်ရည်ဇွန်း တဇွန်း
  • ကြက်ဥအကာ -၂ခု
  • ဆီ - လိုသလောက်
ပြင်ဆင်ပုံ
  • မြေနီအာလူး အာလူးအစေးသီးကို ရေစင်အောင်ဆေးပြီး အခွံမခွာဘဲ နူးနေအောင် ပြုပ်ပေးပါ
  • မိုက်ခဝေ့ မီးဖိုနှင့်ပြုပ်ပါက ရေ အနည်းငယ်ထည့်ပြီး ၁၂မိနစ်နစ်ခန့် ပြုပ်ပေးပါ
  • အာလူးနူးပါက အအေးခံပြီး အခွံခွာပါ
  • အခွံခွာပြီးသား အာလူးကို စတီးဇလုံ တလုံးထဲထည့်ပြီး ဆား အရသာမှုန့် တန်ပူရာမှုန့် မဆလာ နနွင်းမှုန့်တို့ထည့်ပြီး အာလူးကို ကျေအောင်ချေကာ နယ်ပေးပါ
  • အာလူးကျေသွားပါက ငရုတ်ကျီပွေ့နှင့် ငရုတ်ဆုံ မရှိက ဇလုံထဲမှာဘဲ စေးပိုင်လာတဲ့ထိ ထောင်းပေးပါ
  • အာလူးများ စေးပိုင်လာပါက ထမင်းစားဇွန်း တဇွန်းစာယူပြီး လက်နှင့်ဆုတ်ပေးပါ
  • အားလုံးကို အဆုတ်လေးများ ဆုတ်ပေးပြီးပါက လက်ဝါးနှစ်ဖက်ကြားထည့်ပြီး ၀ိုင်းသွားအောင် လုံးပေးကာ ခပ်ပြားပြားလေး ဖိပေးပါ
  • ကြက်ဥအကာကို ဇလုံတခုထဲမှာ ခက်ရင်းဖြင့် ပွလာအောင် ခလောက်ထားပေးပါ
  • အာလူးများ အဆင်သင့်ဖြစ်ပါက ဆီကို ဒယ်အိုးထဲထည့်ပြီး အပူပေးပါ
  • ဆီပူလာပါက အာလူးမထည့်ခင် မီးကို အလယ်လောက်ထိ လျော့ပေးပါ
  • မီးလျော့ပြီးမှ အာလူးလုံးများကို တခုခြင်းယူပြီး ကြက်ဥအကာထဲမှာ လူးပေးပြီးမှ ထည့်ပြီးကြော်ပေးပါ
  • တဖက်ရွှေဝါရောင် သန်းလာပါက နောက်တဖက်ကို လှန်ပေးပါ
  • တလုံးလုံး ရွှေဝါရောင်သန်းလာပါက ဆယ်ပြီး ဆီစစ်ပေးပါ
  • ဆီစစ်သွားပါက မဆလာနံ့ မွှေးမွှေးလေးနဲ့ အာလူးကတ်တလိတ်လေးကို စားသုံးနိုင်ပါပြီ။

Monday, 6 February 2017

ဆယ်လ်မွန်ငါး အချဉ်ဆီပြန်ဟင်း


ဒီနေ့တော့ ဆယ်လ်မွန်ငါးကို အချဉ်ဆီပြန်ဟင်း ချက်ပါတယ် ငါးသလောက်လိုဘဲ စားလို့ကောင်းပြီး ထမင်းမိန်စေကာ စားလို့ကောင်းလွန်းတဲ့ ဟင်းတမယ်ပါ။

ငါးတွေကို အရသာနယ်ပြီး အစိမ်းချက်ရင် ဆီသတ်နိုင်ဖို့တော့ လိုပါတယ် ဆီသတ်မနိုင်တဲ့အခါ ငါးအသားက ပွယောင်းယောင်းကြီး ဖြစ်ကာ စားလို့မကောင်းသလို ညှီနံ့လည်းနံတတ်ပါတယ် ဒါကြောင့်မို့လို့ ငါးကိုဆီနိုင်နိုင် သတ်ပေးဖို့တော့ လိုပါတယ်။

ပါဝင်ပစ္စည်းများ

  • ဆယ်လ်မွန်ငါး - 500g
  • သံပုရာသီး - တခြမ်း
  • ကြက်သွန်နီ - အလုံးကြီးကြီး ၁လုံး
  • ကြက်သွန်ဖြူ အမွှာကြီးကြီး ၃မွှာ
  • ချင်း ခပ်ပါးပါး - ၂ပြား
  • ခရမ်းချဉ်သီး အလုံးကြီးကြီး ၄လုံး
  • ငရုတ်သီး​ အခြောက်​​တောင့်​ - ၅တောင့်ခန့်
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • ငံပြာရည် - ထမင်းစားဇွန်း တဇွန်းခွဲ
  • ဆား - လက်ဖက်ရည်ဇွန်းတ၀က်သာသာ
  • ဆီ - ဟင်းခတ်ဇွန်းကြီး ၁ဇွန်းခွဲ

ပြင်ဆင်ပုံ

  • ဆယ်လ်မွန်ငါး ခုတ်​သားကို ရေ​ဆေးပြီး သံပုရာရည် နနွင်းမှုန့် ငံပြာရည် အရသာမှုန့် ဆားအနည်းငယ်​တို့နှင့် နယ်​ပေးပါ
  • ချင်း ကြက်သွန်ဖြူနှင့် ကြက်သွန်နီကို အခွံခွာပြီး ရေဆေးပေးပါ
  • ငရုတ်သီးတောင့်ကို ရေဆေးပြီး နာရီဝက်လောက် ရေစိမ်ထားပါ
  • ပြီးတာနဲ့ချင်း ကြက်သွန်ဖြူ နှင့်ကြက်သွန်နီနှင့်​ ရေစိမ်ထားသော ငရုတ်​​သီး အခြောက်​​တောင့့်တို့ ကိုရောထောင်းပေးပါ
  • ခရမ်းချဉ်သီးကို အလုံးလိုက် ရေဆေးပြီး  ခပ်ပါးပါးလှီးပေးပါ
  • ဇောက်နက်သော ဒယ်အိုးကို အပူပေးပါ
  • ဆီပူလာတာနဲ့ ထောင်းထားသော ငရုတ်သီးအရောကို ဆီပူပူမှာ ထည့်ပြီးကြော်ပေးပါ
  • ငရုတ်သီးနံ့သင်းလာတာနဲ့ ခရမ်းချဉ်သီးကို ထည့်မွှေပေးပါ
  • ခရမ်းချဉ်သီးများ ကျေပြီးအိလာတာနဲ့ အရသာနယ်ထားသော ငါးကို ထည့်ပေးပါ
  • ခရမ်းချဉ်သီးနှင့် ငါးတို့ကို လုံးမိအောင် အထက်အောင် ၃ခါလောက် မွှေပေးပြီး အဖုံးပိတ်ကာ တည်ပေးပါ
  • ဆီသတ်ထားချိန် အိုးမကပ်စေရန်နှင့် ငါးအသားများ ကျေမသွားစေရန် အိုးကိုလှုပ်လှုပ်ပေးပါ
  • ငါးအသား မာပြီးကျစ်လာမှ ရေမြုပ်အောင်ထည့်ကာ အဖုံးအုပ်ပြီး တည်ပေးပါ
  • ရေမခမ်းခင် အရသာမြည်းပြီး လိုသလို ပြင်ပေးကာ ဆီပြန်အောင် တည်ပေးကာ မီးပိတ်ပေးပြီး စားသုံးရန် ပြင်ပေးနိုင်ပါပြီ ။

Sunday, 5 February 2017

ပုဇွန်ထုတ် ဆီပြန်ဟင်း



ပုဇွန်ထုတ်ကို ဒီနေ့တော့ ခရမ်းချဉ်သီးနဲ့ အချဉ်ဆီပြန်လေး ချက်ပါတယ် ထမင်းတော့ စားလို့အင်မတန် မိန်အုံးမှာပါ လွယ်ကူမြန်ဆန် ချက်ရတာမြန်ပြီး စားလို့ကောင်းတဲ့အတွက် ချက်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပုစွန်ထုတ် - 500g
  • ကြက်သွန်နီ - အလုံးကြီးကြီး တလုံး
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
  • ခရမ်းချဉ်သီး - အလုံးကြီးကြီး ၃လုံး
  • ဆီ - စားပွဲတင်ဇွန်း တဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်း တဇွန်းနှင့် တ၀က်
  • ငံပြာရည် - ထမင်းစားဇွန်း တဇွန်းသာသာ
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်သာသာ
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • ငရုတ်သီးအစိမ်းမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်သာသာ
ပြင်ဆင်ပုံ
  • ပုစွန်ထုပ်များကို ရေဆေးပြီး အခွံခွာကာ ခေါင်းဖြုတ်ပေးပါ
  • ကြောဘက်မှ ခွဲပြီး အမည်းကြောင်း ဖြုတ်ပေးပြီး ဆား ထမင်းစားဇွန်း တဇွန်းထည့်ကာ နယ်ပြီး ရေပြန်ဆေးပေးပါ
  • အားလုံးပြီးတာနဲ့ ဆား ငံပြာရည် အရသာမှုန့် နနွင်းမှုန့်တို့နှင့် အရသာနယ်ပြီး ၁၅မိနစ်လောက် နှပ်ထားပါ
  • ကြက်သွန်နီနှင့် ကြက်သွန်ဖြူကို အခွံခွာ ရေဆေးပြီး ညက်အောင်ထောင်းပေးပါ
  • ခရမ်းချဉ်သီးကို ရေဆေးပြီး ခပ်ပါးပါးလှီးပေးပါ
  • နံနံပင်ကို ရေဆေးပြီး အနေတော် လှီးထားပါ
  • ဒယ်အိုးတလုံးထဲမှာ ဆီနှင့် နနွင်းမှုန့်ထည့်ပြီး အပူပေးပါ 
  • ဆီပူလာတာနဲ့ ထောင်းထားသော ကြက်သွန်အရောနှင့် ငရုတ်သီး အစိမ်းမှုန့်ထည့်ကာ ဆီသတ်ပေးပါ
  • ဆီသတ်တာ မွှေးလာပါက လှီးထားသော ခရမ်းချဉ်သီးကို ထည့်မွှေပါ
  • ခရမ်းချဉ်သီးများ ကျေသွားပါက အရသာနယ်ထားသော ပုဇွန်ကိုထည့်မွှေပေးပါ
  • ပြီးတာနဲ့ အိုးအဖုံးအုပ်ပြီး တည်ပေးပါ
  • ဟင်းအိုး ဆီပြန်ပြီး ခရမ်းချဉ်သီးများ ကျေသွားအောင် တည်ပေးပါ
  • ရေခမ်းပြီး ဆီပြန်လာပါက အရသာမြည်းပြီး လိုသလို ပြင်ပေးကာ မီးပိတ်ပေးပါ
  • သင်းပျံ့နေသော ပုဇွန်ဆီပြန်ဟင်းကို နှစ်သက်သလို သုံးဆောင်နိုင်ပါပြီ။

Friday, 3 February 2017

ချဉ်ငံစပ် ကြာဇံ ဖိုးသိုးဖတ်သတ်သုပ်


အခုရက်ထဲ အသုပ်လေးတွေဘဲ စားချင်မိလေတော့ အစာပလာတွေကို အလုပ်အားတုံး အဆင်သင့် ပြင်ထားပြီး စိတ်ထဲပေါ်လာတဲ့ အသုပ်လေးတွေကို လွယ်ကူမြန်ဆန်စွာ သုပ်စားဖြစ်ပါတယ်။

ဒီနေ့တော့ ကြာဇံသုပ်ကို ဖိုးသိုးဖတ်သတ်လေး သုပ်စားဖြစ်လေတော့ သုပ်စားတိုင်း ငယ်ဘ၀အလွမ်းလေးတော့ ပြေမိပါတယ် ကျောင်းမုန့်ဈေးမှာ တိုးကာဝှေ့ကာ စားရတဲ့ ဘ၀လေးက အမှတ်တရလေးတော့ အခုထိ ရှိနေဆဲပါဘဲ။

ပါဝင်ပစ္စည်းများ

  • ဆန်ကြာဇံအခြောက် - 100g
  • ပဲအကျက်မှုန့် - လိုသလောက်
  • ငရုတ်သီး အလှော်မှုန့် - လိုသလောက်
  • အရသာမှုန့် - လိုသလောက်
  • ကြက်သွန်ဖြူ  ဆီချက် - လက်ဖက်ရည် အကြမ်းပန်းကန် တလုံးသာသာ
  • မကျည်းသီးအမှည့် - ကွမ်းသီးဆံလုံး ၂လုံးစာ
  • ငံပြာရည် - လိုသလောက်
  • နံနံပင် - လိုသလောက်

ကြာဇံပြုပ်ရန်
  1. ဆန်ကြာဇံကို ရေမြုပ်အောင်ထည့်ုပြီး အနည်းဆုံး ၃နာရီလောက် ရေစိမ်ထားပါ
  2. ရေစိမ်ပြီးတာနဲ့ ရေများကို သွန်ပလိုက်ပြီး နနွင်းမှုန့် လက်ဖက်ရည်ဇွန်းဖျား ပါတယ်ဆိုရုံလေး ထည့်ထားလိုက်ပါ
  3. ရေကို ပွက်ပွက်ဆူအောင်တည်ပြီး ကြာဇံဇလုံထဲကို လောင်းထည့်ပေးပါ
  4. ရေနွေးထည့်ပြီးတာနဲ့ ၃မိနစ်လောက် စိမ်ထားပြီး ရေနွေးကို သွန်ကာ ရေစစ်ထားပါ

အသုပ်ပွဲပြင်ရန် လိုအပ်သော ပစ္စည်းများ
  • ဆီချက်
  • ငံပြာရည်
  • ပုဇွန်ခြောက်မှုန့်
  • ပဲအကျက်မှုန့်
  • အချိုမှုန့်
  • ငရုတ်သီး အလှော်မှုန့်
  • ကြက်သားမှုန့်
  • မကျည်းသီးမှည့်ရည်
  • လှီးထားသော နံနံပင်

ကြက်သွန်ဖြူဆီချက် ချက်ရန်
  • ကြက်သွန်ဖြူကို အခွံခွာပြီး ခပ်ပါးပါးလှီးထားပါ
  • ဒယ်အိုးတလုံးထဲမှာ ဆီနှင့်နနွင်းမှုန့်ကိုထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ မီးကို အနေတော်လျှော့ပလိုက်ပြီးမှ ကြက်သွန်ဖြူကို ထည့်မွှေပါ
  • ကြက်သွန်ဖြူများ အ၀ါရောင်သန်းလာပြီး ကြွတ်လာတာနဲ့ ပန်းကန်တခုထဲ ပြောင်းထည့်ထားပါ
  • ဆီကိုအအေးခံထားပြီးမှ ကြက်သွန်ဖြူကြော်များကို ရောပေးပါ

ဟင်းခါးချက်ရန်
  • ရေ တရုတ်ဟင်းရည်သောက် ပန်းကန် ၂လုံးစာထဲ ပုဇွန်ခြောက် ၇ကောင်လောက်ကို ထောင်းပြီးထည့်ပါ
  • ဆား လက်ဖက်ရည်ဇွန်း တ၀က် ကြက်သားမှုန့် လက်ဖက်ရည်ဇွန်း တဇွန်းထည့်ပြီး ရေဆူအောင်တည်ပါ
  • ရေဆူလာပါက ငရုတ်ကောင်း ၅စေ့လောက်နှင့် ကြက်သွန်ဖြူ ၂မွှာလောက်ကို မညက်တညက်ထောင်းပြီး ဟင်းရည်အိုးထဲ ထည့်ကာ ဂေါ်ဖီ ခပ်ပါးပါးလှီးပြီး ထည့်ပြီး ရေဆူအောင် တည်ပြီးအရသာမြည်းပါ
တပွဲစာပြင်ရန်
  • ဇလုံတလုံးထဲမှာ ကြာဇံတပွဲစာနှင့် နံနံပင်ကိုထည့်ပါ  
  • ဆီချက် ထမင်းစားဇွန်း ၂ဇွန်း ငံပြာရည် ထမင်းစားဇွန်း တဇွန်း ပဲအကျက်မှုန့် ထမင်းစားဇွန်း တဇွန်း ငရုတ်သီး အလှော်မှုန့် လက်ဖက်ရည်ဇွန်း တဇွန်း ကြက်သားမှုန့် လက်ဖက်ရည်ဇွန်း တ၀က်မရှိတရှိ မကျည်းရည် ထမင်းစားဇွန်း တ၀က်သာသာတို့ထည့်ကာ ခပ်ဖွဖွနယ်ပေးပါ
  • စားပွဲပြင်ပြီးတာနဲ့ စားပွဲပြင်ရန် ပန်းကန်ပြားထဲ  ပြောင်းထည့်ပေးပါ
  • အသုပ်ပွဲ ပြင်ဆင်ပြီးပါက ငရုတ်သီးစိမ်း ကြက်သွန်ဖြူ ဂေါ်ဖီဟင်းခါးတို့နဲ့ သုံးဆောင်နိုင်ပါပြီ