Friday, 26 February 2016

ပဲပြုပ် ချိုချိုအိအိလေး ( ဒုတိယနည်း )





ပဲပြုပ်ကအပင်ဖောက်ပြီးပြုပ်မှ ချိုတာမို့ မာမာတော့ အပင်ဖောက်ရက် ၃ရက်လောက်နေမှ ပဲကိုပြုပ်လေ့ ရှိပါတယ် ဒီတခါတော့ ပဲကိုအပင် မဖောက်တော့ဘဲ တညသိပ် ရေစိမ်ပြီး ထန်းလျှက်အပြင် ဆီ ပဲငံပြာရည်တို့ထည့်ပြီး ပြုပ်နည်းလေး ထပ်ပြောင်းထားပါတယ် ပြုပ်ရတာ အရင်ပဲပြုပ်သလိုလွယ်ပြီး  ပဲသားအိအိလေးလဲရပါတယ် ပဲပြုပ်တဲ့အခါ အိုးကိုခနခန ဖွင့်မကြည့်ရသလို မွှေပေးစရာလဲ မလိုပါဘူး ခနခန အိုးအဖုန်းဖွင့်ပြီး ကြည့်တဲ့အခါ မွှေပေးအခါတွေမှာ ပဲကအခွံတွေကျွတ်ထွက်ကုန်ပြီး မလှတော့ဘဲ ဖြစ်သွားတတ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပဲ - 375g
  • ထန်းလျှက် ကွမ်းသီးဆံသာသာ - ၂ခဲနှင့်တ၀က်
  • ဆီ - ထမင်းစားဇွန်း တဇွန်းခွဲ
  • ပဲငံပြာရည်အပြစ် - ထမင်းစားဇွန်း တဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်

ပြင်ဆင်ပုံ

  • ပဲများကို ၁၀နာရီလောက် ရေမြုပ်အောင်ထဲ့ပြီး ရေ၀အောင်စိမ်ထားပေးပါ 
  • ရေ၀ပြီး ပဲများပွလာပြီဆိုတာနဲ့ ပြုပ်ဖို့ပြင်ပါမယ်
  • အောက်ခြေထူသော အိုးထဲသို့ပဲကိုပြောင်းပြီး ထဲ့ပေးပါ
  • ရေကိုပဲအထက် လက်တစ်ဆစ်မြုပ်အောင် ထဲ့ပေးပါ
  • ထန်းလျှက်ခဲ ကွမ်းသီးဆံ အလုံးသာသာလောက် ၂ခဲနှင့်တ၀က်ထဲ့ပြီး အိုးအဖုံးအုပ်ကာ ပြုပ်ပေးပါ
  • ရေပွက်ပွက်ဆူလာပြီဆိုတာနဲ့ ပဲငံပြာရည်အပြစ် ဆား နှင့်ဆီကိုထည့်ပြီး ဆက်ပြုပ်ပါ
  • ရေခမ်းကာနီးပါက မီးကို နံပါတ်တစ်လောက်ထိ လျှော့ချပြီး ပဲကို မီးအေးအေးနဲ့နှပ်ပေးပါ
  • ရေခမ်းပြီး ပဲများနပ်လောက်ချိန်မှာ အထက်အောက် အိုးကိုခလောက်ပြီး ပဲကိုလှန်ပေးကာ မီးပိတ်ပြီး မီးဖိုပေါ်မှာ လက်ကျန်အပူရှိန်နဲ့နှပ်ထားပေးပါ။
  • ပဲနပ်သွားပြီဆိုပါက ချိုပြီးအိသော ပဲပြုပ်အိအိမွှေးမွှေးလေးကို နှစ်သက်သလို စားသုံးနိုင်ပါပြီ။

2 comments:

  1. Hi Sis,
    Which type of bean do you use for this? Thanks.

    ReplyDelete
    Replies
    1. Dried peas ကို သုံးထားတာနော်

      Delete