ဒီနေ့မနက်တော့ ရာသီဥတုလေး အကူးအပြောင်းမှာ ခေါက်ဆွဲကြော်စားရင် ကောင်းမလား စဉ်းစားမိရင်းက ပက်ထိုင်းဆန်ပြားလေး ကြော်စားဖြစ်သွားပါတယ် စားရတာ အရသာလဲ ကောင်းလွန်းလို့ ဆန်ပြားကြော်
ကြော်နည်းလေး မျှဝေပေးချင်ပါတယ်။
၂ပွဲစာအတွက် ပါဝင်ပစ္စည်းများ
- မပြုပ်ရသေးသော ဆန်ပြား - 100g
- ခပ်ပ်သေးသေး နုတ်နုတ်လှီးထားသော ကြက်သား - လက်ဖက်ရည်အကြမ်းပန်းကန် တလုံးစာ
- အခွံခွာ ကြောမှ အမဲကြောင်းထုတ်ထားသော ပုဇွန်ထုတ် - ၆ကောင်ခန့်
- သံပုရာရည် - ထမင်းစားဇွန်း တဇွန်းခွဲ
- ငါးငံပြာရည် - ထမင်းစားဇွန်း တဇွန်းခွဲ
- သကြား - လက်ဖက်ရည်ဇွန်း တဇွန်းမောက်မောက်
- ကြက်သွန်နီ - အနေတော် တလုံးကို အမြှောင်းလိုက် လှီးထားပါ
- ကြက်သွန်ဖြူ - ၃မွှာကို အခွံခွာပြီး နုတိနုတ်စဉ်းထားပါ
- ငရုတ်ဆီ - ထမင်းစားဇွန် တဇွန်းခွဲ
- ဆီ - စားပွဲတင်ဇွန်း တဇွန်း
- ကြက်ဉ - တလုံး
- ဂေါ်ဖီ - အနည်းငယ် ခပ်ကြမ်းကြမ်း လှီးထားပါ
- မုံလာဥနီ - အနည်းငယ် အရှည်အမြှောင်းလေးများ ရအောင်လှီးထားပါ
ပြင်ဆင်ချက်ပြုပ်ပုံ
- အောက်ခြေမကပ်သော ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပေးပါ
- ဆီပူလာပါက ကြက်သားကို အရင်ဆုံး ၄မိနစ်လောက် ကြော်ပေးပြီး ဘေးကိုတွန်းထားပါ
- ကြက်သားအရောင်ပြောင်းပြီး မာလာပါက ပုဇွန်ကို ၂မိနစ်ခန့်ထည့်ကြော်ကာ ဘေးကိုတွန်းထားပါ
- ပုဇွန်ကြော်ပြီးတာနဲ့ကြက်ဥကိုဖောက်ထည့်ကာ အနှစ်ကို အသာခွဲပေးပြီး အကာမကျက်တကျက်ရအောင် ကြော်ပေးပါ
- ပြီးတာနဲ့ ကြက်သွန်အဖြူအနီကို ထည့်ကြော်ပေးပြီး ဘေးကိုတွန်းထားပါ
- ကြက်သွန်နွမ်းတာနဲ့ ဂေါ်ဖီနှင့်မုံလာဥနီကို မိနစ်ဝက်လောက်ကြော်ပေးပြီး ငါးငံပြာရည် သကြား သံပုရာရည် ခရမ်းချဉ်သီးဆော့ အချဉ်ရည်တို့ ထည့်ကြော်ပေးပါ
- အားလုံးကြော်ပြီးတာနဲ့ ဆန်ပြားကိုထည့်မွှေကာ ရွှေပဲသီးထည့်မွှေပေးပြီး အရသာမြည်း၍ လိုသလိုပြင်ကာ စားပွဲပြင်နိုင်ပါပြီ။
ဆန်ပြားထုတ်ကို သုံးထားပါတယ်
ရေနွေးဆူဆူထဲမှာ ပျော့လာတဲ့ထိ ပြုပ်ပြီး ရေနွေးသွန်ကာ ရေအေးနှင့်ဆေးပြီး ရေစစ်ထားပါ
ကြက်သားကိုကြော်ပေးပါ
ပုဇွန်ကို ဆက်ကြော်ပေးပါ
ကြပ်ဥကို မကျက်တကျက် အနေအထားရအောင် ကြော်ပေးပြီး ကြက်သွန်နီ ကြက်သွန်ဖြူကို ဆက်တိုက်ထည့်ပါ
လိုအပ်သောအစာများ တခါထဲထည့်ပြီး အားလုံးသမအောင်မွှေပေးပါ
အားလုံးသမသွားပါက ဂေါ်ဖီနှင့် မုံလာဥနီကို ထည့်ကြော်ပေးပါ
နောက်ဆုံးမှဆန်ပြားဖတ် ထည့်ပြီးကြော်ပေးပါ
အားလုံးသမသွားတာနဲ့ အရသာမြည်းကာ ရွှေပဲသီးထည့်မွှေပေးပြီး မီးပိတ်ပြီးတာနဲ့ ပူပူလေး သုံးဆောင်နိုင်ပါပြီ