ဒီနေ့တော့ ကြက်သားပေါင်းလေး ပေါင်းဖြစ်ပါတယ် အသားအတိုင်း ချက်ရတာ ညီးငွေ့လာတော့ တမျိုးပြောင်းပြီး ပေါင်းဖြစ်သွားပါတယ်။
တရုတ်စားသောက်ဆိုင်က ဝယ်စားတဲ့ ၀က်သားပေါင်း အရသာအတိုင်း ရတာမို့ စားရတာ အင်မတန် ကောင်းလှပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်တဲ့ နည်းလေးကို မျှ ဝေလိုက်ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ
- ကြက်ပေါင် - 500 g
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
- ဂျုံမှုန့် - ထမင်းစားဇွန်း ၄ဇွန်း
- ကြက်သွန်နီ - အနေတော် ၂လုံး
- ကြက်သွန်ဖြူ - အမွှာကြီးကြီး ၆မွှာ
- ချင်း - လက်တဆစ်ခန့်
- ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
- ကြက်ဥ - ၂လုံး
ပြင်ဆင်ပုံ
- ကြက်ပေါင်ကို ရေစင်အောင်ဆေးပြီး ရေစစ်ကာ အရိုးများဖယ်၍ နုတ်နုတ်စင်းပေးထားပါ
- ကြက်ဥကို ပန်းကန်တလုံးထဲမှာ ဖောက်ထည့်ပြီး ခလောက်ပေးထားပါ
- ကြက်သွန်နီကို အခွံခွာပြီး ရေစင်အောင်ဆေးကာ ခပ်နုတ်နုတ် လှီးပေးထားပါ
- ကြက်သွန်ဖြူကို အခွံခွာကာ ရေဆေးပြီး ဓါးပြားရိုက်ကာ ခပ်နုတ်နုတ် လှီးပေးထားပါ
- ငရုတ်ကောင်းကို မှုန့်နေအောင် ထောင်းပေးထားပါ
- ချင်းကို အခွံခွာပြီး ရေဆေးကာ ညက်နေအောင် ထောင်းပေးထားပါ
- ဇလုံတလုံးထဲမှာ ကြက်သား ချင်း ဆား အရသာမှုန့် ဂျုံမှုန့်နှင့် ငရုတ်ကောင်းမှုန့် တို့ထည့်ပြီး အရသာဝင်အောင် ရောပြီးနယ်ပေးပါ
- အားလုံးနယ်ပြီးပါက ကြက်သွန်နီ ကြက်သွန်ဖြူ နှင့် ခလောက်ထားသော ကြက်ဥများ ထည့်ပြီး မွှေပေးပါ
- အားလုံးပြီးတာနဲ့ ပန်းကန်လုံး တခုထဲ ပြောင်းပြီးထည့်ကာ ရေခဲသေတ္တာထဲမှာ အနည်းဆုံး ၂နာရာရီခန့် ထည့်ထားပေးပါ။
ပေါင်းနည်း
- နှပ်ထားသော ကြက်သား အရာသာနယ်များကို ပေါင်းမည့် ပန်းကန်ထဲသို့ ပြောင်းထည့်ပေးပါ
- ပေါင်းအိုးအောက်ခံအိုးကို ရေ တ၀က်သာသား ထည့်ပြီး ဆူအောင်တည်ပေးပါ
- ရေဆူလာပါက ပေါင်းဇကာထဲကို ကြက်သားပန်းကန်လေးများ ထည့်ပြီး ပေါင်းခံရေနွေးအိုးပေါ်တင်ပေးပါ
- ပေါင်းဇကာကို အဖုံးအုပ်ပြီး ၄၅မိနစ်ခန့် ပေါင်းပေးပါ
- ပေါင်းချိန် ၄၅မိနစ် ပြည့်ပါက ကြက်သားပေါင်း မွှေးမွှေးလေးကို စားသုံးရန်အတွက် ပြင်ဆင်ပေးလို့ ရပါပြီ။
ကြက်သားပေါင်းနည်းလေးလဲ သေချာမှတ်သွားပါတယ် .... ဆီမပါလို့ ကျန်းမာရေးနဲ့ ညီညွတ်တယ် ....
ReplyDeleteမန္တလေးပဲကြော် နဲ့ စားတော်ပဲပြုတ်လဲ အစ်မ ကျေးဇူးနဲ့ ကောင်းကောင်း လုပ်တတ်သွားလို့ အဆင်ပြေနေတယ် ..
အခုလို ကြားရလို့ ၀မ်းသာပါတယ် ညီမလေးရေ
ReplyDelete