ကောက်ညှင်းမှုန့် ပဲ ချင်း ကြက်သွန်ဖြူ
ဇလုံကျယ်ကျယ် တလုံးထဲထည့်ပြီး ရောနယ်ပါ
ကြော်ပြီး သုံးဆောင်ရန် အသင့်ရပါပြီ
ဒီနေ့တော့ မန္တလေးပဲကြော်လေး ကြော်စားဖြစ်ပါတယ် အရင်ကြော်နည်းကို ပုံစံတစ်မျိုးပြောင်းပြီး ကြော်ထားပါတယ်။
ကောက်ညှင်းမှုန့်ထဲ ဆန်မှုန့်မရောဘဲ ပဲကိုပိုပြီး ထည့်လိုက်တဲ့အတွက် ကောက်ညှင်းသား အိအိမွှေးမွှေးလေး ဖြစ်သွားတဲ့အတွက် ပိုပြီးတော့လဲ စားလို့ကောင်းသွားတဲ့အတွက် မာမာပြင်ဆင်တဲ့ နည်းလေးကို မျှဝေလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
- ကောက်ညှင်းမှုန့် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး သုံးဗူး
- ပြုပ်ပြီးသား Red Kidney Beans - 240 g တစ်ဗူး
- ချင်း - တစ်လက်မခန့်
- ကြက်သွန်ဖြူ - အမွှာကြီးကြီး ၇မွှာ
- ဆီ - လိုသလောက် သုံးပေးပါ
- မန်ကျည်းသီးမှည့် အနှစ် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- သကြား - ထမင်းစားဇွန်း တစ်ဇွန်း
- ငရုတ်သီး အလှော်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်း
- ငရုတ်သီးစိမ်း - စားနိုင်သလောက်
- နံနံပင် - အပင်ကြီးကြီး နှစ်ပင်
- ငံပြာရည် - ထမင်းစားဇွန်း နှစ်ဇွန်း
- ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
- ရေခပ်နွေးနွေး - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူး
ပြင်ဆင်ပုံ
- ဇလုံကျယ်ကျယ် တစ်လုံးထဲမှာ ကောက်ညှင်းမှုန့်ကို ထည့်ထားပါ
- ပြုပ်ပြီးသား ပဲများကို အရည်များ ဖယ်ထားပါ
- အရည်ဖယ်ထားသောပဲကို ဇလုံတစ်ခုထဲမှာထည့်ပြီး မညက်တစ်ညက် ချေထားပါ
- ချင်းကို အခွံခွာပြီး ရေဆေးကာ ညက်နေအောင် ထောင်းပေးပါ
- ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ မညက်တစ်ညက် ထောင်းပေးပါ
- အားလုံး အဆင်သင့်ဖြစ်ပါက ကောက်ညှင်းမှုန့်ထည့်ထားသော ဇလုံထဲမှာ ချေထားသောပဲ ထောင်းထားသော ချင်း ထောင်းထားသော ကြက်သွန်ဖြူ ဆားနှင့် အရသာမှုန့်တို့ကို ထည့်ပေးပါ
- ပဲဗူးထဲမှ ဖယ်ထားသော ပဲပြုပ်အရည်ကိုလဲ ကောက်ညှင်းထည့်ထားသော ဇလုံထဲသို့ နည်းနည်းချင်း ထည့်ပေးကာ သမသွားအောင် နယ်ပေးပါ
- ကောက်ညှင်းဆန် အပျော့အမာပေါ် မူတည်ပြီး ပဲပြုပ်အရည်ကို လိုတိုးပိုလျှော့ လုပ်ပြီး ထည့်နယ်ပါ
- မုန်းသား ပျော့ပြီး စေးလာပါက နှစ်နာရီလောက် နှပ်ထားပါ
- မုန့်သားနှပ်ထားချိန် ပြည့်တော့မှ ကြော်ပေးပါက ကြော်နေစဉ် ကောက်ညှင်းသား ဆီမပေါက်မှာ ဖြစ်ပါတယ်
- ဒယ်အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ
- ဆီပူလာပါက မီးကိုအနေတော်လောက်အထိ လျှော့ပေးပါ
- ပြီးတာနဲ့ မုန့်သားကို ထမင်းစားဇွန်း တစ်ဇွန်းခွဲစာယူပြီး အရင်ဆုံး လက်နဲ့ဆုတ်ပြီး လုံးပေးပါ
- ပြီးမှ လက်ဝါးပေါ်တင်ပြီး ထူထူပြားပြားလေးလုပ်ကာ ဆီအိုးထဲထည့်ပြီး ကြော်ပေးပါ
- အိုးဆန့်သလောက် ထည့်ကြော်ပေးပြီး တစ်ဖက်ကျက်ရင် တစ်ဖက်ကို လှန်ပေးပါ
- နှစ်ဖက်လုံး မုန့်သားကျက်လာပါက ဆယ်ပြီးဆီစစ်ပေးပါ
အချဉ်စပ်နည်း
- မကျီးသီးမှည့် အနှစ် လက်ဖက်ရည်ဇွန်း တစ်ဇွန်းကို ရေနွေးနွေးလေးနဲ့ဖျော်ပါ
- ငရုတ်သီးအလှော်မှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- ငံပြာရည် ထမင်းစားဇွန်း နှစ်ဇွန်း
- ကြက်သွန်ဖြူ အမွှာကြီးကြီး ၃မွှာကို အခွံခွာပြီး ရေဆေးကာ ညက်နေအောင် ထောင်းပြီးထည့်ပါ
- ငရုတ်သီးစိမ်း စားနိုင်သလောက်ကို ရေဆေးပြီး ခပ်ပါးပါးလေးတွေ လှီးထည့်ပါ
- နံနံပင်ကို ရေဆေးပြီး ခပ်ကြမ်းကြမ်း လှီးထည့်ပါ
- သကြား ထမင်းစားဇွန်း တစ်ဇွန်းထည့်ပါ
- ရေနွေးနွေးလေး လက်ဖက်ရည် အကြမ်းပန်းကန် တစ်လုံးသာသာနှင့် ရောပြီးဖျော်ပေးပါ
- ချိုချဉ်ငံစပ် အရသာ ကောင်းလှသော အချဉ်လေးရပါပြီ
မန္တလေး ပဲကြော်နှင့် တွဲဖက်ကာ ချိုချဉ်ငံစပ် အရသာကောင်းလှသော အချဉ်လေးနှင့် မိမိနှစ်သက်သလို စားသုံးနိုင်ပါပြီ။
ဟိုတနေ့က မမာနည်းအတိုင်းကြော်စားဖြစ်တယ် အရမ်းအဆင်ပြေပြီးစားလို့ကောင်းတယ် မတတ်သေးတဲ့သူငယ်ချင်းတွေမေးတော့ ကိုယ်ကပြောပြတယ်လေ ----သူတို့လဲကြော်စားဖြစ်တယ် ... ကျေးဇူးပါရှင်
ReplyDeleteအခုလိုလေးကြားရလို့ ပျော်ပါတယ် စံပယ်ချိုရေ
ReplyDelete