ဒီနေ့တော့ ကြက်သားပဲငပိဟင်းလေး တင်ပေးထားပါတယ် ဟင်းကိုနဲနဲနဲ့ကျဲကျဲဝိုင်းထားတာမို့ အရသာကောင်းကောင်းလေးရအောင် မာမာချက်ထားပါတယ်။
ဒီနေ့ချက်နည်းလေးက အလုပ်ရှုပ်သယောင်ထင်ရပေမဲ့ ချက်ရတာတော့အရမ်းလွယ်ပါတယ် ချက်လို့လွယ်ပေမဲ့ စားလို့တော့အရမ်းကောင်းပါတယ်။
ပါဝင်ရမှာလေးတွေက
- ခပ်သေးသေးတုံးထားသော ကြက်ရင်ပုံသား - 150g
- ပဲငပိ ထမင်းစားဇွန်း - ၃ဇွန်း
- မညက်တညက်ထောင်းထားသော ကြက်သွန်ဖြူ - ၁၀မွှာ
- နံနံပင် - နှစ်သက်သလောက်
- ဆီ ထမင်းစားဇွန်း - ၅ဇွန်း
- ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
- ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
ချက်နည်း
- ကြက်သားကို ဆားလက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ ဟင်းချိုမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာတို့နဲ့ရောနယ်ပြီး ဆီပူပူမှာ ၃မိနစ်လောက်ကြော်ပြီး ဟင်းပြင်မဲ့ ပန်းကန်ထဲဆယ်ထဲ့ထားပါ
- ကြက်သားပေါ်ကိုပဲငပိ ဆမ်းပေးပါ
- နံနံပင်ကို အနေတော်ဖြတ်ပြီး ပဲငပိပေါ်ဖြန့်ခင်းပေးပါ
- ပဲငပိပေါ်ကို ထောင်းထားသော ကြက်သွန်ဖြူများ ဖြန့်ခင်းပေးပါ
- အားလုံးပြီးပါက ဆီကို အပူပြန်ပေးပြီး ပြင်ထားသောဟင်းထဲသို့ ဖြန့်ပြီးလောင်းချပေးပါ
- ဆီလောင်းချပေးပြီးပါက အရသာမွှေးမွှေးလေးနဲ့ကြက်သားပဲငပိဟင်းလေး သုံးဆောင်နိုင်ပါပြီ။