Sunday, 13 April 2014

ခရမ်းသီးနှပ် ချိုချိုလေး




မာမာ ဒီနေ့တော့ ခရမ်းသီးကိုအချိုလေးနှပ်ပါတယ် ငါးပိရည်စပ်စပ် တို့စရာလေးနဲ့ တွဲပြီးစားရင် အရမ်းလိုက်ဖက်တဲ့ ဟင်းတမျိုးမို့လို့ ချက်နည်းလေး မျှဝေလိုက်ပါတယိ။



ပါဝင်ပစ္စည်းများ
  • ခရမ်းကြွတ်သီး - ၁၅လုံး
  • ပုဇွန်ခေါင်းချိုး - အနည်းငယ်
  • ဆီ - ထမင်းစားဇွန်း ၃ဇွန်း
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်သာသာ
  • ပဲငံပြာရည် - ထမင်းစားဇွန်း တဇွန်း
  • ကြက်သွန်နီ - အနေတော် တခြမ်း
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး ၂မွှာ
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
ပြင်ဆင်ပုံ
  • ခရမ်းသီးကို အညှာဖြတ်ပြီး ထက်ခြမ်းခွဲကွာ ရေဆယ်မိနစ်လောက် စိမ်ထားပါ 
  • ခရမ်းသီးကို ရေစစ်ပြီး နှပ်မည့်အိုးထဲထည့်ကာ  ကြက်သွန်အဖြူ အနီတို့ကို ညက်အောင်ထောင်းပြီး ခရမ်းသီးနဲ့နယ်ပေးပါ  
  • ပုဇွန်ကိုနှစ်သက်သလောက်ထည့်ပါ ပဲငံပြာရည် ဆားနှင့်နနွင်းမှုန့် အရသာမှုန့် ဆီတို့ထည့်ပြီး နယ်ပေးပါ 
  • အားလုံးပြီးသွားပါက ရေအနည်းငယ်ထည့်ပြီး တည်ပေးပါ ခရမ်းသီးက နူးလွယ်သောကြောင့် ရေအများကြီး တခါထည်း ထည့်စရာမလိုပါ
  • ရေနဲနဲခမ်းလာပါက ခရမ်းသီးနူးမနူး ကြည့်ပေးပါ မနူးသေးပါက ရေထပ်ထည့်ပြီးတည်ပေးပါ ခရမ်းသီးနူးပါက ဆီကျန်ရေကျန်လေး ချလိုက်ရင်ရပါပြီ။