Saturday, 29 March 2014

ရွှေကြည် ဆနွင်းမကင်း

Add caption


မာမာ တနေ့ကလုပ်ဖြစ်တဲ့ရွှေကြည်ဆနွင်းမကင်းလေးပါ စားလို့ကောင်းလို့မျှဝေလိုက်တာပါ လုပ်ရတာလည်းအရမ်းလွယ်ပါတယ် မုန့်သားစပ်တဲ့ အချိုးအစားကလဲ လွယ်ကူမြန်ဆန်ပါတယ် oven မလိုဘဲမိုက်ခရိုဝေ့ ရှိရုံနဲ့ အလွယ်တကူရနိုင်တဲ့ မုန့်လေးပါ။
မာမာတို့တွေ အတူတူ ရွှေကြည်မုန့်လေး လုပ်ကြည့်ရအောင်နော်
ပါဝင်ရမှာလေးတွေက

  • ရွှေကြည်မှုန့်(semolina powder).- ထမင်းပေါင်းအိုးဆန်ချင်ခွက် တစ်ခွက်
  • Cornflour.-  ထမင်းပေါင်းအိုးဆန်ချင်ခွက် တစ်ဝက်
  • အုန်းနို့.- ထမင်းပေါင်းအိုးဆန်ချင်ခွက် နှစ်ခွက်ခွဲ
  • ရေ. - မင်းပေါင်းအိုးဆန်ချင်ခွက် ၃ခွက်
  • ကြက်ဥ -. နှစ်လုံး
  • Brown sugar -. ထမင်းစားဇွန်းမောက်မောက် သုံးဇွန်းခွဲ
  • ထောပတ် -  70g
  • Poppy seeds - အနည်းငယ်
  • ဆား - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
ပြုလုပ်ပုံ
  • ရွှေကြည်မှုန့်ကို အညိုရောင်သန်းလာတဲ့ထိ မီးအနေတော်နှင့်လှော်ပေးပြီး အအေးခံထားပေပါ
  • ထောပတ်ကို မီးအနေတော်နဲ့အပူပေးပါ
  • အအေးခံပြီး အုန်းနို့ ရေ ဆား ခလောက်ထားသောကြက်ဥ သကြား cornflour, poppy seeds တို့ကိုရောပြီမီးအနေတော်နှင့်ကြိုပေးပါ
  • ရေခမ်းပြီး ထောပတ်ဆီပြန်ထွက်လာတဲ့ထိ စိတ်ရှည် လက်ရှည်မွှေပေးပါ
  • ထောပတ်ဆီ ထွက်လာပြီး မုန့်သားညက်လာပါက မုန့်ဖုတ်သည့်ဗန်းထဲသို့ပြောင်းထဲ့ပြီး မိုက်ခရိုဝေ့မီးဖိုထဲသို့ ထဲ့ကာ ၃မိနစ်လောက် အပူပေးပြီးရင် ရပါပြီ
  • နှစ်သက်သလို လှီးပြီးသုံးဆောင်နိုင်ပါပြီ။
  • မိသားစု ၃ယောက်စာအတွက်ပါ
  • အချိုကြိုက်ပါက အချိုအရသာ ပိုထည့်နိုင်ပါတယ်
  • စပျစ်သီးခြောက် သီဟိုစေ့တို့ကိုလည်းနှစ်သက်ရင်ထည့်နိုင်ပါတယ်။

Monday, 10 March 2014

ပဲတီချဉ်သုပ် မွှေးမွှေးလေး

ပဲတီချဉ် သုပ်
ထမင်းမိန်စေမဲ့ ပဲတီချဉ်သုပ်လေးပါ မာမာ့အကြိုက်ဆုံးအသုပ်တစ်မျိုးဆိုလည်းမမှားပါဘူး ပဲတီကိုမာမာကိုယ်တိုင် အပင်ဖောက် ကိုယ်တိုင်အချဉ်တည်ပြီးမှသုပ်တာမို့အချဉ်အရသာ အနေတော်လေး သုပ်ထားပါတယ် ပဲတီကချဉ်လွန်းရင်လည်း စားမကောင်းပါဘူး ချဉ်ယောင်ယောင်လေးမှာ သုပ်ပြီးစားမှကောင်းပါတယ်။
မာမာဒီနေ့သုပ်တဲ့ပဲတီချဉ်မှာပါဝင်တာလေးတွေကတော့

  • ပဲတီချဉ် ဟင်းပြင်ပန်းကန်အသေး - တလုံးစာ
  • ပါးပါးလှီးထားသော ကြက်သွန်နီအနေတော် -  တခြမ်း
  • ဆီချက်  - ထမင်းစားဇွန်း တဇွန်းခွဲ
  • ပဲအကျက်မှုန့် - ထမင်းစားဇွန်း တဇွန်း
  • ငရုတ်သီးအကျက်မှုန့် -  လက်ဖက်ရည်ဇွန်း တဇွန်း
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
  • ပုဇွန်ခြောက်မှုန့် - ထမင်းစားဇွန်း တဇွန်း
  • ငံပြာရည် - လက်ဖက်ရည်ဇွန်း တဇွန်း
အားလုံးကို ဇလုံကျယ်ကျယ် တစ်လုံးမှာ ခပ်ဖွဖွလေးရောနယ်ပေးပြီးပါက ပဲတီချဉ်သုပ် မွှေးမွှေးလေးတမယ်ရပါပြီ။