Saturday, 19 July 2014

ဝက်နံရိုးဟင်း အစပ်ချက်



မာမာတို့အိမ်မှာ ရံဖန်ရံခါမှ စားဖြစ်တဲ့ ၀က်နံရိုးဟင်းလေးပါ ၀က်နံရိုးကို များသောအားဖြင့် အချိုချက် ပေါင်းချက် ကြော်စားကြတာများပါတယ် မာမာကတော့အမေချက်သလို အစပ်ချက်ပါတယ် ရိုးလွန်းနေတဲ့ဟင်းအမယ်တွေ ထဲကခွဲထွက်ကြည့်တယ်လို့ဘဲပြောပါရစေ။

ဝက်နံရိုးဟင်းကို မဆလာလေးအုပ်ပြီး မာမာချက်ထားပါတယ် မဆလာနံ့သင်းသင်းလေးနဲ့မို့ ကြိုက်မယ်ဆိုရင် ချက်စားကြည့်စေချင်ပါတယ်။

ချက်ဖို့ပြင်ပါမယ်

  • တစ်လက်မအရွယ်ခန့် တုံးထားသော ၀က်နံရိုး - 500g
  • ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • ငံပြာရည် - ထမင်းစားဇွန်း တဇွန်း
  • ဟင်းချိုမှုန့်- လက်ဖက်ရည်ဇွန်း တ၀က်တို့နဲ့ရောနယ်ထားပါ
ဟင်းချက်ရန်
  • ဆီ ထမင်းစားဇွန်း ၄ဇွန်းလောက်ကို အပူပေးပါ
  • ဆီပူလာပါက နနွင်းမှုန့် အနည်းငယ်ကိုထဲ့ပြီး
  • မညက်တညက်ထောင်းထားသော ကြက်သွန်နီဥကြီးကြီးတစ်ခြမ်း ကြက်သွန်ဖြူအမွှာကြီးကြီး သုံးမွှာ ငရုတ်သီးအစိမ်းမှုန့် လက်ဖက်ရည်ဇွန်းတစ်ဇွန်းနှင့်ချင်းလက်တစ်ဆစ်ခန့်ကိုဆီပူမှာ မွှေးလာအောင် ဆီသတ်ပေးပါ
  • ငရုတ်သီးနံ့မွှေးလာတာနဲ့ အရသာနယ်ထားသော ၀က်နံရိုးကိုထဲ့မွှေပြီးဆီသတ်ပေးပါ
  • ဆီသတ်နေစဉ် အိုးမကပ်စေရန် အိုးကိုလှုပ်လှုပ်ပေးပါ
  • ဆီသတ်နံ့မွှေးလာပြီး အရိုးမှာကပ်နေသော အသားများမာလာပါက ရေမြုပ်အောင်ထဲ့ပြီး ၂ရည်ခမ်းအောင်တည်ပေးပါ
  • ရေခမ်းပြီးဆီပြန်လာပါက မဆလာအုပ်ကာ အပေါ့အငံ အရသာမြည်းပြီး ၀က်နံရိုးဟင်းမွှေးမွှေး စပ်စပ်လေးကို ဟင်းပွဲပြင်နိုင်ပါပြီ။                                                     

No comments:

Post a Comment