Friday, 26 July 2013

ပြောင်းဖူး ကြက်သားကြော်

ကြက်သားပြောင်းဖူးကြော်

မွမွအိအိလေးနဲ့ စားလို့ကောင်းတဲ့ ကြက်သားပြောင်းဖူးကြော်လေးပါ  ပြောင်းဖူးပါတာမို့ ချိုလဲပိုပြီးချိုပါတယ် တန်ပူရာအကြော်မှုန့်လေးလဲ ထဲ့လိုက်တာမို့ မွမွလေးနဲ့စားလို့ ပိုပြီးကောင်းသွားပါတယ်။

ပါဝင်ပစ္စည်းများ

  • အရိုးဖယ်ကာ နုတ်နုတ်စင်းထားသော ကြက်ပေါင်သား - 200g
  • ခပ်နုတ်နုတ်လှီးထားသော ကြက်သွန်နီ - အနေတော်သုံးလုံး
  • အစေ့ထွင်ထားသောေ ပြောင်းဖူး - လက်ဖက်ရည်ပန်းကန်လုံး တလုံးမောက်မောက်
  • ဆား - လက်ဖက်ရည်ဇွန်း တဇွန်း
  • သကြား - ထမင်းစားဇွန်း တဇွန်းမောက်မောက်
  • တန်ပူရာမှုန့် - ထမင်းစားဇွန်း နှစ်ဇွန်းမောက်မောက်
  • ဆီ - လက်ဖက်ရည်ပန်းကန် တလုံးခွဲလောက်
ကြော်ရန်ပြင်ပါမယ်
  • လိုအပ်သောပစ္စည်းများကို ဇလုံကျယ်ကျယ်တစ်လုံးထဲမှာထဲ့ပြီျးစးပိုင်လာတဲ့ထိ ထဲ့ပြီးနယ်ပေးပါ
  • ဆီကိုမီးအနေတော်နှင့် အပူပေးပြီးတည်ပေးပါ
  • ဆီပူလာတာနဲ့အရသာနယ်ထားသော ကြက်သားများကိုအနေတော်ဆုတ်လုံးပြီး ရွှေဝါရောင်သန်းလာတဲ့ထိကြော်ပေးပါ
  • နှစ်ဖက်လုံးကျက်သွားပါက ဆယ်ပြီးဆီစစ်ပေးပြီးရင် ကြက်သားပြောင်းဖူးကြော်လေးရပါပြီ။

Thursday, 11 July 2013

ဂဏန်းချောင်း ဘရိုကိုလီအစိမ်းကြော်

ဂဏန်းချောင်းအစိမ်းကြော်


ရာသီဥတုကဆောင်းရာသီ ရောက်လာပြီမို့ ရာသီစာလေးတွေ နေ့တိုင်းလိုလို ချက်နေမိပါတယ် လတ်လတ်ဆတ်ဆတ် အသီးအရွက်လေးတွေနဲ့ပေါ့  မြန်မာပြည်မှာဆိုရင်ဆောင်းတွင်းရောက်ရင် ပန်းဂေါ်ဖီကြော်နဲ့ထမင်းစားရတာသိပ်မိန်ပါတယ် ဒီမှာလဲဆောင်းရာသီမို့ ဘရိုကိုလီက ရာသီစာလေးလိုဖြစ် နေပါတယ် ကြော်ရတာလဲမြန်ပြီး သူ့ရာသီနဲ့သူမှ စားလို့ကောင်းတဲ့ အသီးအရွက်ဟင်းလေးပါ။

ဒါကြောင့်မို့ ဘရိုကိုလီလေးနဲ့ စားတတ်တဲ့အသားလေးတွေရောပြီး ကြော်စားရတာကိုက ထမင်းမိန်စေတဲ့ ဟင်းတစ်ခွက်ပါ ကြော်ချိန်လဲ မကြာတဲ့အတွက် ထမင်းစားခါနီးမှ ကြော်ရင်လဲရပါတယ်
ပါဝင်တာလေးတွေက

  • ခပ်စောင်းစောင်းလှီးထားသော ပင်လယ်စာဂဏန်းချောင်း - လေးချောင်း
  • အနေတော်လှီးထားသော ဘရိုကိုလီ - ဟင်းပြင်ပန်းကန် တလုံးစာ
  • ခပ်စောင်းစောင်းလှီးထားသော ပန်းငရုပ်ပွ - တခြမ်း
  • အနေတော်လှီးထားသော Zucchini- ငါးချပ်
  • ခပ်စောင်းစောင်းလှီးထားသောcelery - တချောင်း
  • ခပ်ကြမ်းကြမ်းလှီးထားသော ကြက်သွန်နီ - တစ်ခြမ်း
  • မြန်မာနံနံပင် - သုံးပင် (အသီးအရွက်အားလုံးကို ရေစင်အောင်ဆေးပြီး ရေစစ်ပေးထာားပါ)
  • ဆီ - ထမင်းစားဇွန်း နှစ်ဇွန်း
  • ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူ - သုံးမွှာ
  • ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ပဲငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
ပြင်ဆင်ပုံ
  1. ဆီထမင်းစားဇွန် နှစ်ဇွန်းလောက်ကိုအပူပေးပါ ဆီပူလာပါက ကြက်သွန်ဖြူကို မွှေးလာအောင်အရင်ကြော် လိုက်ပါ 
  2. ပြီးလျှင်ဂဏန်းချောင်းများကို ထဲ့ပြီးတမိနစ်လောက် ကြော်လိုက်ပါ ဂဏန်းချောင်းကျက်တာနဲ့ နံနံပင်မှလွဲပြီး ကျန်တဲ့အသီးအရွက်တွေကို ထဲ့ကြော်ပေးပါ 
  3. ဆား ဟင်းခတ်မှုန့်တို့ကို ထဲ့ပြီးရောမွှေပါ တစ်မိနစ်လောက်နေရင် ပဲငံပြာရည်ထဲ့မွှေပြီး မိနစ်ဝက်လောက်နေတာနဲ့ နံနံပင်များကိုပိုင်းဖြတ်ပြီး ထဲ့မွှေကာ မီးပိတ်ပေးပါ ဂဏန်းချောင်း အသီးအရွက်ကြော် အရသာရှိရှိလေး ရပါပြီ။

Tuesday, 9 July 2013

ချဉ်ငံစပ် မကျီးရွက်ပေါင်းကြော်

မကျီးရွက်ပေါင်းကြော်

မာမာဒီနေ့ထပ်ပြီး ကြော်ဖြစ်တဲ့ မကျီးရွက်ပေါင်းကြော်လေးပါ ငပိချက်လေးကုန်သွားတော့ ဒီနေ့တော့ခြောက် ခြောက်လေး ထပ်ကြော်ဖြစ်ပါတယ် ရာသီဥတုအေးတဲ့အချိန်မှာ ထမင်းမိန်စေတဲ့ ဟင်းလေးတစ်မယ် ဆိုရင်လဲမမှားပါဘူး မာမာကချဉ်ချဉ်ငံငံ စပ်စပ်စားတတ်တာမို့ ထမင်းမိန်အောင်လို့ အဆင်ပြေအောင်ရှာ ကြံပြီးချက်ရတာလဲ ဝါသနာတစ်ခုလို ဖြစ်နေခဲ့ပါတယ်။

မာမာ့ရဲ့ ထုံးစံအတိုင်း ကြိုက်ပြီဆိုရင် နှစ်ခါထပ်ထပ်ပြီး ချက်တာအကျင့်ဖြစ်လို့နေပါတယ် ဒီနေ့ကြော်တဲ့ အထဲမှာ အငံထပ်မထဲ့ထားပါဘူး မကျီးပေါင်းက အငံပါပြီးသားမို့ပါ ငပိချက် မဟုတ်ဘဲကြော်တာမို့ အငံရှော့ထားပါတယ်။
မကျီးပေါင်းကြော်လေး ကြော်ကြည့်ရအောင်။

ပါဝင်ပစ္စည်းများ

  • မကျီးပေါင်း - လက်ဖက်ရည်ပန်းကန် တလုံးမောက်မောက်
  • မညက်တညက်ကျိတ်ထားသော ပုဇွန်ခြောက် - လက်ဖက်ရည်ပန်းကန်လုံးတလုံး
  • ပါးပါးလှီးထားသော ကြက်သွန်နီ - ဥကြီးကြီး တဥ
  • ငရုတ်သီးလုံးခြမ်းခွဲ - ထမင်းစားဇွန်း နှစ်ဇွန်း
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တဝက်သာသာ
  • ဆီ - ထမင်းစားဇွန်းလေးဇွန်း
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
  • ငရုတ်သီးစိမ်း -နှစ်သက်သလောက်
ကြော်ဖို့ပြင်ပါမယ်
  • ဆီပူလာပါက နနွင်းမှုန့်အရင်ဆုံးထဲ့ပြီး ကြက်သွန်နီကို နွမ်းသွားအောင်ကြော်ပေးပါ
  • ကြက်သွန်နီနွမ်းသွားရင် ငရုတ်သီးမှုန့်ကို မွှေးလာအောင်ကြော်လိုက်ပါ
  • မကျီးရွက် ပုဇွန်ခြောက်မှုန့် အရသာမှုန့်တို့ ထဲ့ပြီးမွှေပေးပါ
  • ပြီးလျှင်ရေမြုပ်အောင်ထဲ့ပြီး ဆီပြန်တဲ့ထိကြော်လိုက်ပါ
  • ဆီပြန်သွားပါက ငရုတ်သီးစိမ်းထဲ့မွှေပေးပြီး မီးပိတ်ပေးပြီးရင် မကျီးရွက်ပေါင်းကြော်လေးရပါပြီ။

Monday, 8 July 2013

သပွတ်သီးကြော်ချက် ချိုချိုမွှေး

သပွတ်သီးကြော်ချက်

အိမ်မှာစိုက်ထားတဲ့အပင်ကသီးတဲ့သပွတ်သီးလေးပါ ခဝဲသီးထက်တောင်စားလို့ကောင်းပါတယ် သူကအခွံမကြမ်းပါဘူး ခဝဲသီးကအခွံကြမ်းပါတယ် သပွတ်သီးရဲ့အခွံကနူးညံ့လွန်းပါတယ် ချိုတာလဲ ခဝဲသီးထက်ပိုပြီးချိုပါတယ် အပင်ကနေ လတ်လတ်ဆတ်ဆတ်လေး ခူးပြီးချက်ထားလို့ ပိုပြီးတောင်ချိုလို့နေ ပါသေးတယ် တစ်လုံးထဲ ချက်တာမို့ နဲတော့နဲနေပါတယ် ချက်နည်လေးကတော့ ခဝဲသီးကြော်ချက် ချက်သလိုလေးဘဲ ချက်ထားပါတယ်။

အိမ်မှာစိုက်ထားတဲ့ သပွတ်ပင်ကအပွင့်လေးပါ             c

သပွတ်သီး


သပွတ်သီးကိုအမှီးဖြတ်ခေါင်းဖြတ်ပြီး ထက်ခြမ်းခွဲကာ
ခပ်စောင်းစေင်းလေးတွေလှီးပေးပါ
ကြော်ချက်ချက်ဖို့ပြင်ပါမယ်

  • ခပ်စောင်းစောင်းလှီးထားသော သပွတ်သီး -တလုံး
  • ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူ - သုံးမွှာ
  • ဆီ - ထမင်းစားဇွန်း တစ်ဇွန်းသာသာ
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း ငါးပုံတပုံ
  • ပုဇွန်ခြောက် - ဆယ်ကောင်
  • ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
ကြော်ဖို့ပြင်ပါမယ်
  • အိုးတလုံးထဲ ဆီထည့်ပါ ဆီပူလာရင် နနွင်းမှုန့်အရင်ထဲ့ပါ
  • ကြက်သွန်ဖြူ ထဲ့ပြီးမွှေးသွားအောင်ကြော်ပေးပါ
  • ကြက်သွန်ဖြူ နွကမ်းသွားပါက သပွတ်သီး ပုဇွန်ခြောက် ဆားနှင့်အရသာမှုန့်တို့ကိုထဲ့ကြော်ပေးပါ
  • သပွတ်သီး နဲနဲနွမ်းသွားပါကရေ အနည်းငယ် ထဲ့ပြီးချက်ပေးပါ
  • ရေခမ်းသွားရင် သပွတ်သီးကြော်ချက်လေးရပါပြီ။

Saturday, 6 July 2013

မကျည်းရွက်ပေါင်း ငါးပိချက်ချဉ်ငံစပ်





ဒီနေ့ချက်ဖြစ်တဲ့ မန်ကျည်းရွက်ငါးပိချက်လေးပါ ရာသီဥတု အေးနေတာမို့ ချဉ်ချဉ်စပ်စပ်လေးတွေကိုခံတွင်းတွေ့နေမိပါတယ် မကျည်းရွက် လတ်လတ်ဆတ်ဆတ်မရှိလို့ မန်ကျည်းပေါင်းထုတ်လေးနဲ့ ချက်ထားတာပါ ချဉ်ငံစပ်မို့ ထမင်းကတော့ အရမ်းကိုမိန်စေမှာပါ
မကျည်းပေါင်းက အငံပါပြီးသားမို့ မာမာအငံရှော့ပြီး ချက်ထားသလို အရည်လေးဆမ်းပြီး စားချင်တာမို့ အရည်လေးစပ်ကျင်းနဲ့ ချက်ထားပါတယ်။

ပါဝင်ရမှာလေးတွေကတော့
  • မညက်တစ်ညက် ထောင်းထားသောပုဇွန်ခြောက်မှုန့်လုံးခြမ်းခွဲ - လက်ဖက်ရည်ပန်းကန် တစ်လုံးစာ
  • ပေါင်းပြီးသားမန်ကျည်းရွက် - လက်ဖက်ရည်ပန်းကန်လုံး တစ်လုံး
  • ပါးပါးလှီးထားသောကြက်သွန်နီ - အနေတော် တစ်ဥ
  • ငရုတ်သီးလုံးခြမ်းခွဲ - ထမင်းစားဇွန်းမောက်မောက် နှစ်ဇွန်းခွဲ
  • ငံပြာရည် - ထမင်းစားဇွန်း နှစ်ဇွန်း
  • ဆီ - ထမင်းစားဇွန်း နှစ်ဇွန်းခွဲ
  • ငရုတ်သီးစိမ်း - နှစ်သက်သလောက်ထဲ့ပါ
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
ပြင်ဆင်ပုံ

  • ဆီပူပူမှာကြက်သွန်နီကို အရင်နွမ်းသွားအောင်ထဲ့ကြော်ပါ
  •  ကြက်သွန်နီနွမ်းသွားပါက ငရုတ်သီးမှုန့်ကို မွှေးသွားအောင်ထဲ့ဆီသတ်ပါ
  •  ငရုတ်သီးမွှေးသွားပါက မကျည်းပေါင်းကို ထဲ့မွှေပေးပါ ပြီးလျှင်ပုဇွန်ခြောက်မှုန့် ငံပြာရည်နှင့်အရသာမှုန့်တို့ထဲ့ပြီးမွှေပေးပါ 
  • အားလုံးသမသွားပါက ရေမြုပ်အောင်ထဲ့ပြီး ပွက်ပွက်ဆူအောင်တည်ပေးပါ
  • ပထမတစ်ရည် ခမ်းသွားပါက နောက်တစ်ရည်ထပ်ထဲ့ပြီး ဆူအောင်တည်ပေးပါ ပြီးလျှင်ငရုတ်သီးစိမ်းထဲ့မွှေပေးပါ 
  • အရည်များများနှင့် ကြိုက်ပါကရေများများနဲ့ချပေး အရည်နဲနဲနှင့်ကြိုက်ပါက ရေနဲနဲချန်ပြီး ချက်ပေးပြီးရင်ရပါပြီ 
  • ထမင်းမိန်စေတဲ့ မကျည်းပေါင်းငါးပိချက် ချဉ်ငံစပ်လေးရပါပြီ။

Friday, 5 July 2013

ကြက်ရင်ပုံသား ဒိန်ချဉ်နှပ်ကြော် အိအိလေး

ကြက်ရင်ပုံသားဒိန်ချဉ်နှပ်ကြော်


ကြက်ရင်ပုံသားလေးကိုဒိန်ချဉ်နဲ့နှပ်ပြီးကြော်ထားပါတယ် ကြက်သားထဲမှာကြက်ရင်ပုံသားက အသား အများဆုံးနေရာပါ ဒါပေမဲ့ကြော်စားရင်တော့မာကြောကြောနေတဲ့အသားပါ ဒါကြောင့်မို့ဒီနေ့တော့မာမာ တစ်မျိုးလေးဆန်းပြီးကြော်ထားပါတယ် အနေတော်လေးတွေတုံးပြီးဒိန်ချဉ်နဲ့နယ်ကာတစ်ညနှပ်ပြီးကြော် ထားလို့ အိအိလေးနဲ့စားကောင်းသွားပါတယ်။

မာကြောကြောအရသာမဟုတ်တော့လို့ စားရဝါးရတာအရသာတော်တော်လေးကောင်းပါတယ် ဒိန်ချဉ် အရသာကြောင့်မွှေးလဲမွှေးသွားပါတယ် မာမာတို့တွေကြော်စားကြည့်ရအောင်နော်။

ကြက်သားအရသာနယ်ပါမယ်
  • အနေတော်အတုံးလေးများတုံးထားသောကြက်ရင်ပုံသား - 300g
  • ဆား  - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  • ဒိန်ချဉ် - ထမင်းစားဇွန်း နှစ်ဇွန်း (အားလုံးရောနယ်ပြီးရေခဲသေတ္တာထဲမှာတစ်ညနှပ်ထားပေးပါ)
ကြော်ဖို့ပြင်ပါမယ်
  • မီးအနေတော်နဲ့အပူပေးထားတဲ့ဆီပူပူမှာ အရသာနယ်ထားသောကြက်သားတုံးလေးများကို ထဲ့ကြော်ပေးပါ။
  • ဒိန်ချဉ်နယ်ထားသောကြောင့် ခနလေးနဲ့အရောင်ပြောင်းသွားတတ်တဲ့အတွက် မကြာမကြာမွှေပေးပါ။
  • အားလုံးအညိုရောင်ပြောင်းသွားပြီဆိုရင်ဆယ်ပြီးဆီစစ်ပေးပြီးရင်ကြက်ရင်ပုံသားဒိန်ချဉ်နှပ်ကြော် မွမွလေးရပါပြီ။