Tuesday, 29 January 2013

ထောပတ်ထမင်း မွှေးမွှေးလေး

ထောပတ်ထမင်း
ဒီနေ့ချက်စားဖြစ်တဲ့ ထောပတ်ထမင်းလေးပါ အမြဲတမ်းမစားဖြစ်ပေမဲ့ တစ်ခါတစ်လေ စိတ်ကူးရရင် ရသလို အရသာထမင်းလေးတွေ ချက်စားဖြစ်ပါတယ် ထောပတ်ပါတဲ့အတွက် ကျန်းမာရေးနဲ့ သိပ်မညီညွတ်တေဲ့ အစာမို့ တခါတလေလောက်တော့ အပြောင်းအလဲလေးဖြစ်အောင် ဆိုပြီးချက်စားမိပါတယ်။

ကိုယ်နှစ်သက်သလို ချက်တဲ့နေရာမှာလဲ ထမင်းထဲထဲ့တဲ့အစာတွေကို မာမာနှစ်သက်သလိုလေးတွေဘဲ ထဲ့ထားပါတယ် သီဟိုစေ့ကတော့ မာမာတို့လဲ သိပ်မကြိုက်တာနဲ့ ထဲ့မထားပါဘူး ထဲ့ချက်ရင်တော့ စိမ့်စိမ့်လေးနဲ့ကောင်းမှာပါ။
တစ်ခါတရံ စားလို့ကောင်းတဲ့ထောပတ်ထမင်းချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်
ငါးယောက်စာ
  • ရေဆေးထားသောBasmati ဆန် - ထမင်းပေါင်းအိုးဆန်ချင်ဗူး လေးဗူး
  • ပါးပါးလှီးထားသောကြက်သွန်နီ - အနေတော် တလုံး
  • ဓါးပြားရိုက်ထားသောကြက်သွန်ဖြူ - သုံးမွှာ
  • ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  • သစ်ဂျပိုးခေါက် - တခု
  • လေးညှင်း - နှစ်ပွင့်
  • ဖာလာ - နှစ်ခု
  • နာနတ်ပွင့် - တခု
  • ကရဝေးရွက် - သုံးရွက်
  • စပျစ်သီးခြောက် -  လက်ဖက်ရည်ပန်းကန် တလုံး
  • ပဲစိမ်းသီး လက်ဖက်ရည်ပန်းကန် တလုံး
  • ပြောင်းဖူး - လက်ဖက်ရည်ပန်းကန် တလုံး
  • အတုံးလေးများ လှီးထားသောမုံလာဥနီ - လက်ဖက်ရည်ပန်းကန် တလုံး
  • ထောပတ် - 40 g 
  • ဆား - လက်ဖက်ရည်ဇွန်း တဇွန်း
  • ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း တဝက်(သို့)သကြား ထမင်းစားဇွန်း တဇွန်း
  • ရေ - ထမင်းပေါင်းအိုးဆန်ချင်ဗူး ခွန်နှစ်ဗူး


ဒယ်အိုးတစ်လုံးထဲမှာ ထောပတ်ကိုအပူပေးပြီး ပျော်လာပါက သစ်ဂျပိုးခေါက်
ကရဝေးရွက် နာနတ်ပွင့် ဖာလာနှင့်လေးညှင်းပွင့်တို့ကို လေးငါးချက်လောက်
ဆက်တိုက်မွှေပြီး ဆီသတ်ပေးပါ ပြီးမှကြက်သွန်ဖြူ နီကိုအရင်မိနစ်ဝက်လောက်
ဆီသတ်ပေးပါ နောက်ဆုံးမှ ပဲစိမ်းသီး မုံလာဥနီ ပြောင်းဖူးနှင့်စပျစ်သီးခြောက် တို့ထဲ့ကာ တမိနစ်လောက်ဆီသတ်ပေးပါတယ် အားလုံးဆီသတ်ပြီးပါက ရေဆေးထားသော
ဆန်အိုးထဲသို့ ဆီသတ်ထားသော ပစ္စည်းများထဲ့ပေးပါတယ်


သီးစုံဆန်အိုးထဲသို့ ရေ ငရုတ်ကောင်းမှုန့် ဆားနှင့်ဟင်းချိုမှုန့်တို့ထဲ့ကာ
ရိုးရိုးထမင်းချက်သလိုဘဲ ထမင်းပေါင်းအိုးနဲ့ ချက်ပေးပါ


ရေခမ်းပြီးထမင်းနပ်လျှင် ထောပတ်ထမင်း မွှေးမွှေးလေးရပါပြီ

ကြက်သားချက်ဖို့ပြင်ပါမယ်
ထမင်းအိုးမတည်ခင် ကြက်သားကို အရင်ဆုံးအရသာနယ်ကာ
ဆယ်မိနစ်လောက်နှပ်ပေးထားပါ

  • အနေတော်အတုံးလေးများတုံးထားသောကြက်သား - ခြောက်ဆယ်သား 
  • ခပ်နုတ်နုတ်လှီးထားသောကြက်သွန်နီ - အနေတော် တလုံး
  • ညက်နေအောင်ထောင်းသောကြက်သွန်ဖြူ - အမွှာကြီးကြီးသုံးမွှာ
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း  လေးပုံတပုံ
  • ဆား လက်ဖက်ရည်ဇွန်း - တဇွန်း
  • ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း တဝက်
  • ကရဝေးရွက် - သုံးရွက်
  • သစ်ဂျပိုးခေါက် - တခု
  • လေးညှင်း - နှစ်ပွင့်
  • နာနတ်ပွင့် - တပွင့်
  • ဒိန်ချဉ် - ထမင်းစားဇွန်း နှစ်ဇွန်း
  • ထောပတ် - ထမင်းစားဇွန်းတဇွန်းခွဲ
  • Chicken curry powder - ထမင်းစားဇွန်း တဇွန်းမောက်မောက်

ဇလုံကျယ်ကျယ်တစ်လုံးထဲမှာ ကြက်သားချက်ရန်ပြင်ပေးထားပါ

ကြက်သားထဲကို အရသာများဝင်အောင် အားလုံးကိုသုံးမိနစ်လောက်
ဆုပ်ဆုပ်ပြီးနယ်ပေးကာ အနည်းဆုံး ဆယ်မိနစ်လောက် နှပ်ထားပေးပါ

ဒယ်အိုးတစ်လုံးထဲမှာ ဆီထမင်းစားဇွန်းနှစ်ဇွန်းလောက်ထဲ့ပြီး
မီးအပူပေးကာ ထောပတ်ခဲကို အရည်ဖျော်ပေးပါ

 ထောပတ်ခဲ အရည်ပျော်လာပါက အရသာနယ်ထားသော ကြက်သားကိုထဲ့ကာ
လေးမိနစ်လောက် ကြက်သားများမာလာတဲ့ထိဆီသတ်ပေးပါ
ဆီသတ်နံ့မွှေးလာပါကရေမြုပ်အောင်ထဲ့ပြီး ပထမတစ်ရည် ခမ်းအောင်တည်ပါ
ပထမတစ်ရည် ခမ်းသွားပါက နောက်ထပ်ရေမြုပ်အောင်ထဲ့ပြီး ကြက်သားနူး
လာအောင်တည်ပေးပါ ရေခမ်းပြီးဆီပြန်ပါက ကြက်သားဟင်းရေပါပြီ

ထောပတ်ထမင်းနှင့် စားရန်းကြက်သားဆီပြန်ဟင်း


ထောပတ်ထမင်းမွှေးမွှေးလေးးပါ

 ထောပတ်ရနံ့ သင်းပျံ့နေတဲ့ ထောပတ်ထမင်းပွဲ

Wednesday, 23 January 2013

ကြက်ဥနွားနို့ ပါမုန့်ကြော်

ပါမုန့်ကြော်
ဒီနေ့မနက်ေ စာစောစာဆြိုပီး မာမာပေါင်မုန့်လေး ကြော်ထားပါတယ် ဒီတစ်ခါတော့အရသာ ပိုပြီးကောင်းအောင်ကြက်ဥကို နွားနို့နဲ့ရောခေါက်ပြီး ကြော်ထားပါတယ် ကြော်ပြီးသားကို
သကြားလေးဖြူးပြီးဘဲစားစား နို့စိမ်းလေးစိမ်ပြီးဘဲစားစား အရမ်းကို ကောင်းလွန်းပါတယ်။

 ကော်ဖီလေးနဲ့လိုက်သလို သူ့ခြည်းဘဲလဲ စားလို့အရမ်းကောင်းပါတယ် ပါမုန့်ကိုအမြဲတမ်း မကြိုက်ပေမဲ့ တစ်ခါတစ်လေတော့ စားချင်စိတ်ရှိခဲ့ပါတယ် ဒီနေ့ကြော်တဲ့ ပါမုန့်လေးကို မာမာကတော့ စိမ့်စိမ့်လေး ဘဲစားမှာမို့ ကြော်ပြီးသား ဒီအတိုင်းလေးဘဲစားပါမယ် ရိုးရှင်းလွန်းတဲ့ ပါမုန့်ကြော်လေးပေမဲ့ စိတ်ကူးရရင် ကြော်စားနိုင်အောင် တင်ပေးလိုက်တာပါ။
ပေါင်မုန့် နှစ်လုံးစာအတွက်
  • ပေါင်မုန့် - နှစ်လုံး
  • ကြက်ဥ - နှစ်လုံး
  • နို့ - လက်ဖက်ရည်ပန်းကန် တစ်လုံး
  • ဆီ - ထမင်းစားဇွန်း သုံးဇွန်း

ပါမုန့်ကြော်ရန်အတွက်ပါ

ပါမုန့်ကိုအလယ်ကထက်ခြမ်းခွဲကာကြက်ဥနှင့်နို့ခလောက်ထားသောရည်ထဲတွင်နှစ်ပေးပါ အပေါ်အောက်နှစ်ဖက်စလုံးနှင့်အထဲကိုပါ ဝင်အောင်နှစ်ပေးပါတယ်

မီးအနေတော်နှင့်အပေါ်အောက်ကိုကြော်ပေးပြီး နှစ်ခြမ်းခွဲကာအထဲနှစ်ဖက်ကိုကြော်ပေးပါတယ် နှစ်ဖက်စလုံးရွှေဝါရောင်သန်းလာပါ ဆယ်ပြီးဆီစစ်ပေးပါ ပြီးလျှင်နှစ်ခြမ်းပြန်အုပ်ပေးပြီးနှစ်သက်သလို သကြားဖြူးပြီးဘဲစားစား နို့စိမ်းဆမ်းပြီးဘဲစားစား စားလို့ရပါပြီ

ကြက်ဥနွားနို့ စိမ်ကြော်ထားတဲ့ပါမုန့်ကြော်လေးရပါပြီ

Monday, 21 January 2013

Palauမဆလာ ရသာထမင်း

palau မဆလာရသာထမင်း
ဒီနေ့ချက်စားဖြစ်တဲ့ထမင်းလေးပါ ဒန်ပေါက်နဲ့ အရသာတော်တော်လေး တူပါတယ် အစ်မတစ်ယောက်ရဲ့ အိမ်မှာစားဖြစ်ခဲ့တဲ့ ထမင်းလေးက FIJI ကျွန်းကထွက်တဲ့ မဆလာလေးနဲ့ချက်ထားတဲ့ ထမင်းလေးပါ အရသာလေးကို အရမ်းကြိုက်တာနဲ့ ချက်နည်းလေးလဲမေး မဆလာလေးလဲ တောင်းထားခဲ့တာကြာပါပြီ ချက်မယ်ချက်မယ်နဲ့ မချက်ဖြစ်သေးတာပါ အခုတော့ အတတ်နိုင်ဆုံး တူအောင်တော့ချက်ထားပါတယ် ဒီထမင်းရဲ့ရာဇဝင်ကိုတော့ မာမာသေချာမမေးခဲ့ရလို့ မသိပါဘူး FIJI ကျွန်းရဲ့ ဒေသအစားအစာ တစ်ခုလို့ ထင်မိပါတယ်။

ဒီမဆလာနံ့လေးက ဒန်ပေါက်လောက်အနံ့လောက် မပြင်းသလိုချက်တဲ့ အခါမှာထောပတ်လဲ မပါတာကြောင့် စားလို့ကောင်းတဲ့ ထမင်းလေးပါ ဒန်ပေါက်ထက်စာရင်ကျန်းမာရေးနဲ့ပိုပြီးညီညွတ်တဲ့ ထမင်းလေးဆိုရင်လဲ မမှားပါဘူး နောက်တစ်ခုက ဘာအရောင်ဘာဆိုးဆေးမှ ထဲ့မထားတဲ့အတွက် အန္တရာယ်လဲ ကင်းပါတယ်။

စိတ်ထဲမှာ စားချင်လာတာနဲ့ မာမာတစ်ခါမှ မချက်ဖူးဘဲ ဒီနေ့စမ်းချက်ကြည့်တာပါ စမ်းချက်ကြည့်တာပေမဲ့ စားရတာတော်တော့်ကိုကောင်းပါတယ် ချက်ပြီးပြုပ်ပြီး ကလေးတွေကိုကျွေးတော့ စားနေရင်းက လက်မလေးတွေထောင်ပြီး အားပေးကြပါတယ်  ဒါကြောင့်မို့ ချက်နည်းလေးကို တင်ပေးလိုက်တာပါ။

 ချက်နည်းထဲမှာ လိုအပ်တာလေးတွေ ကျန်ခဲ့ရင်ရယ် စာအရေးအသား လွဲမှားတာပါခဲ့ရင်တော့ နားလည်ပေးစေချင်ပါတယ် ချက်နည်းလေးနဲ့မ ဆလာထုတ်လေးပေးလိုက်တဲ့ အစ်မကို ဒီနေရာကနေ ကျေးဇူးတင်ကြောင်းလဲပြောလိုက်ပါတယ် ချက်နည်းမှာ လိုအပ်တာလေးတွေ လွဲခဲ့တာလေးတွေရှိခဲ့ရင်လဲ နားလည်ပေးစေချင်ပါတယ် တစ်ခါမှမချက်ဖူးဘဲ စမ်းချက်တဲ့ထမင်းတောင် ချက်မလောက်ဖြစ်သွားခဲ့တာ ကိုယ်တိုင်တတ်ပြီး ချက်ကျွေးခဲ့တဲ့ အစ်မအိမ်ကထမင်းဆို ဘယ်လောက်ကောင်းသလဲဆို မာမာ့စိတ်ထင် နတ်သုဒ္ဒါတစ်မျှပါဘဲ...စားခဲ့ရတဲ့အတွက်ရော ချက်နည်းလေးမျှဝေပေးတဲ့အတွက်ပါ ကျေးဇူးပါ...

ပါဝင်ပစ္စည်းများ

ခြောက်ပွဲစာအတွက်  
ကြက်သားဟင်းအတွက်အရသာနယ်ရန်
  • ကြက်ပေါင် - ၆ချောင်း
  • Palau မဆလာ - ထမင်းစားဇွန်း တဇွန်းခွဲ
  • ထောင်းထားသောကြက်သွန်ဖြူ - နှစ်မွှာ
  • ငရုတ်သီးမှုန့် - ထမင်းစားဇွန်း တစ်ဇွန်း
  • ထောင်းထားသောငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  • ဇီယာစေ့ - လက်ဖက်ရည်ဇွန်း တဇွန်း
  • ကရဝေးရွက် - နှစ်ရွက်
  • နာနတ်ပွင့် - နှစ်ပွင့်
  • ဆား - ထမင်းစားဇွန်း တဝက်သာသာ
  • ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း တဝက်သာသာ
  • သစ်ဂျပိုးခေါက် - တခု
  • ဖာလာစေ့ - နှစ်စေ့
  • လေးညှင်း - နှစ်ပွင့်
  • ပါးပါးလှီးထားသောပူစီနံ - လက်ဖက်ပန်းကန် တလုံး
  • ဒိန်ချဉ် - ထမင်းစားဇွန်း နှစ်ဇွန်းခွဲ
  • ဆီ - ထမင်းစားဇွန်း ငါးဇွန်း
ထမင်းချက်ရန်
  • နာရီဝက်ခန့်ရေစိမ်ထားသောBasmati rice  - ထမင်းပေါင်းအိုးဆန်ချင်ဗူး လေးဗူး
  • ပါးပါးလှီးပြီးကြော်ထားသောကြက်သွန်နီ - အနေတော် သုံးလုံး
  • ကြက်သွန်နီကြော်ရန်ဆီ - လက်ဖက်ရည်ပန်းကန်တလုံး
  • ရေ - ထမင်းပေါင်းအိုးဆန်ချင်ဗူး ၆ဗူး
  • ကြက်သွန်နီကြော်၍ ပိုသောဆီကို အိုးထဲတွင် ထမင်းစားဇွန်း လေးဇွန်းလောက်ချန်ပြီး ရေစစ်ထားသော ဆန်ကိုကြော်ရန်
အချဉ်တည်ရန်
  • ပါးပါးလှီးထားသောဂေါ်ဖီရွက် - လေးရွက်
  • ပါးပါးလှီးထားသောမုံလာဥနီ - တဥ
  • အရွက်ချွေထားသောပူစီနမ် - လက်ဖက်ရည်ပန်းကန်တလုံး
  • သံပုရာရည် - ထမင်းစားဇွန်း တဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ (အားလုံးကိုရောပြီးဖွဖွလေးနယ်ပေးပါ)
ကြက်သားချက်ရန် လိုအပ်သောပစ္စည်းများ

ကြက်သားနှင့်လိုအပ်သောပစ္စည်းများအားလုံးကိုဇလုံတစ်လုံးထဲတွင်ထဲ့ကာ အရသာဝင်အောင် ဆုပ်ဆုပ်ပြီးနယ်ပေးပါ

အားလုံးနယ်ပြီးမှဒိန်ချဉ်ကိုထဲ့ပြီး နောက်တစ်ခါ ဆုပ်ဆုပ်ပြီးနယ်ပေးပါတယ်

အရသာများအားလုံးနယ်ပြီးသွားပါ ရေခဲသေတ္တာထဲမှာတစ်ညသိပ်နှပ်ထားပေးကာနောက်နေ့မနက်ကျမှ
ဆီကိုအပူပေးပြီးနှပ်ထားသောကြက်သားကို ငါးမိနစ်လောက်ဆီသတ်ပေးကာရေမြုပ်အောင်ထဲ့ထိပြီးတည်
ပေးပါတယ် ပထမတစ်ရည်ခမ်းပါကနောက်တစ်ရည်ထပ်ထဲ့ပြီးတည်ပေးပါ ရေခမ်းကာနီးဟင်းအနှစ် လက်နှစ်ဆစ်စာလောက်ကျန်ရင်လျှင်ရပါပြီ

ထမင်းချက်ဖို့ပြင်ဆင်ပါပြီ


မီးအနေတော်နှင့်တည်ထားသောဆီပူပူမှာ ကြက်သွန်နီကြော်ပြီး ဆီချက်ဖတ်များဆယ်ထားကာ ဆီကိုလိုသလောက်ဘဲထားပြီး ရေစစ်ထားသောဆန်ကို ငါးမိနစ်လောက်ကြော်ပေးပါတယ် ဆန်ကိုကြော်ပြီး
တာနဲ့ဆီချက်ဖတ်များနှင့်စပျစ်သီးခြောက်များထဲ့ပြီး တစ်မိနစ်လောက်မွှေကာ ရေထဲ့ပြီး မီးအနေတော်နှင့်
အိုးအဖုံးအုပ်ပြီးရေခမ်းတဲ့ထိတည်ပေးပါတယ် ထမင်းကိုအထက်အောက်အောက်နှစ်ခါလောက် မွှေပေးပါတယ်

 ရေခမ်းသွားပါကမီးပိတ်ပြီးမီးဖိုပေါ်မှာဘဲ ထမင်းအိုးကိုလေးမိနစ်လောက်ထားပြီးနှပ်ထားပေးပါတယ်

ထမင်းရောဟင်းပါကျက်သွားပါက နောက်ထပ်အိုးတစ်လုံးထဲသို့ချက်ထားသောထမင်းကို ထူထူတစ်လွှာ ခင်းကာ ထိုထမင်းအပေါ်မှ ချက်သားသောကြက်သားဟင်းကိုတစ်လွှာခင်းပါမယ် ထိုဟင်းအပေါ်ကမှ ထမင်းကိုနောက်တစ်လွှာ ထပ်ခင်းပြီး ဟင်းအိုးထဲတွင်ကျန်နေသော ဟင်းအနှစ်များကို ထမင်းပေါ်လောင်းချပေးပြီး အိုးအဖုံးအုပ်ကာ မီးအပူရှိန်နံပါတ်တစ်နှင့် ဆယ်မိနစ်လောက်နှပ်ပေးပါတယ်

ဒန်ပေါက်ထမင်းလိုအနံ့အရမ်းမပြင်းဘဲ စားလို့လဲအရသာပိုကောင်းတဲ့ပလောက်မဆလာထမင်းလေးရပါပြီ

 မုံလာဥနီ ဂေါ်ဖီ ပူစီနမ်တို့ကိုသံပုရာရည်ရောကာနယ်ထားသောအချဉ်လေးနှင့်မဆလာနံ့သင်းသင်းလေးနဲ့ Palauထမင်းလေးပါ

ဟင်းချက်ရာမှာသုံးတဲ့ Palau မဆလာထုတ်လေးပါ

Wednesday, 16 January 2013

ကော်ပြန့် ပဲရည်သုပ်

ကော်ပြန့် ပဲရည်သုပ်
ကော်ပြန့်ပဲရည်သုပ်လေး သုပ်စားဖြစ်ကြပါတယ် စမူဆာသုပ် သလိုမျိုးပါဘဲ စားလို့တော်တော်လေး ကောင်း ပါတယ် ပဲရည်ကိုတော့ အုန်းနို့ခေါက်ဆွဲဟင်းရည် အတိုင်းချက်ထားပါတယ် စမူဆာသုပ် ဟင်းရည်က အုန်းနို့မထဲ့ပါဘူး ဒါပေမဲ့မာမာက အုန်းနို့ဟင်းရည်လေး သောက်ချင်တာနဲ့ အုန်းနို့လေးထဲ့ပြီး ချက်ထားတာပါ။

ရိုးရိုးပဲရည်ထက် အများကြီးစားလို့ ပိုကောင်းသွားပါတယ် ဆင်ခေါင်းပဲလေးထဲ့ပြီး စားရင်ပိုကောင်းပေမဲ့ အိမ်မှာ
ကုန်နေလို့ မထဲ့ထားပါဘူး အုန်းနို့အစားcream ဗူးလေးသုံးပြီး ချက်ထားပါတယ် ပူစီနံမွှေးမွှေးလေးနဲ့ ကော်ပြန့်ကြော်သုပ်လေး သုပ်စားကြမယ်ဆိုရင် ဆယ့်ငါးပွဲစာအတွက် ပြင်ထားပါတယ်။

ပါဝင်ရမှာလေးတွေက
ဟင်းရည်ချက်ရန်
  • ပဲရည်ကျိုရန် - ပဲအစိမ်းမှုန့် ထမင်းပေါင်းအိုးဆန်ချင်ဗူး နှစ်ဗူး
  • ရေ - ထမင်းပေါင်းအိုးဆန်ချင်ဗူး ဆယ့်လေးဗူး
  • ညက်နေအောင်ထောင်းထားသောကြက်သွန်ြဖူ - နှစ်မွှာ
  • ညက်နေအောင်ထောင်ထားသောကြက်သွန်နီ - တစ်ြခမ်း
  • ငရုတ်သီးအရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းမောက်မောက်
  • Coconut Cream - ထမင်းစားဇွန်း သုံးဇွန်း
  • ဆီ - ထမင်းစားဇွန်း သုံးဇွန်း
  • ဆား -လက်ဖက်ရည်ဇွန်းနှစ်ဇွန်း
  • ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
ကြက်သားအရသာနယ်ရန်
  • ကြက်သား - နှစ်ဆယ်သား
  • ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  • ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
အသုပ်သုပ်စားရန်
  • ကော်ပြန့်ကြော် - အလိပ် လေးဆယ်
  • နူးနေအောင်ပြုပ်ပြီးပါးပါးလှီးထားသောအာလူး - သုံးဆယ်သား
  • မကျီးနှစ်ရည် - လက်ဖက်ရည်ပန်းကန်လုံး တစ်ဝက် 
  • ငရုတ်သီးအလှော်မှုန့် - နှစ်သက်သလောက်
  • ခပ်ပါးပါးလှီးထားသောဂေါ်ဖီ - နှစ်သက်သလောက်
  • ခပ်ပါးပါးလှီးထားသောမုံလာဥနီ - နှစ်သက်သလောက်
  • ခပ်ပါးပါးလှီးထားသောခရမ်းချဉ်သီး - နှစ်သက်သလောက်
  • ပူစီနံ - နှစ်သက်သလောက်

ပဲဟင်းရည်ချက်ရန်ပြင်ပေးထားပါတယ်

ဆီပူလာပါကငရုတ်သီးထောင်းကိုအရင်ဆီသတ်မွှေးလာတဲ့ထိဆီသတ်ပေးပြီးမှကြက်သားကိုထဲ့ပြီး
လေးမိနစ်လောက်ဆီသတ်ပေးပါတယ်

ပဲကိုအရည်ဖျော်ပြီး မီးအနေတော်နှင့်ပဲစိမ်းနံ့ပျောက်တဲ့အထိ ဆယ့်ငါးမိနစ်လောက်ကျိုပေးပါ ပြီးမှ ဆီသတ်ထားသောကြက်သား အုန်းနို့ ဆားနှင့်ဟင်းချိုမှုန့်တို့ထဲ့ပြီး ပွက်ပွက်ဆူအောင်တည်ပေးပါတယ်

ဟင်းရည်ကျက်ပါက ကော်ပြန့်သုပ်လေးသုပ်စားနိုင်ရန် လိုအပ်သောအစာများပြင်ထားပေးပါ

နှစ်သက်သလောက်အစာများထဲ့ပြီး  ကော်ပြန့်ပဲရည်သုပ်လေးပြင်နိုင်ပါပြီ

တစ်ပွဲစာပြင်ထားတဲ့ကော်ပြန့်ပဲရည်သုပ်လေးပါ

Wednesday, 2 January 2013

ကြက်သား ချိုချဉ်ကြော်

ကြက်သားချိုချဉ်ကြော်
ကြက်သားချိုချဉ်လေးကြော်ပါတယ် ရှိတဲ့ကြက်ပေါင်လေးသုံးချောင်းကိုအရိုးထွင်ပြီး အသားလေးတွေ ခပ်ပါးပါးလှီးပြီး ကြော်လိုက်တာပါ ထမင်းပူပူလေးနဲ့အရမ်းလိုက်ဖက်တဲ့ဟင်းလေးဆိုပါတော့နော်
ပါဝင်ရမှာလေးတွေကတော့
  • အရိုးထွင်ပြီးအသားကိုခပ်ပါးပါးလှီးထားသောကြက်ပေါင် - သုံးချောင်း
  • သကြား - ထမင်းစားဇွန်း တစ်ဇွန်း
  • ကော်မှုန့် - ထမင်းစားဇွန်း နှစ်ဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  • အဖတ်လေးများလှီးထားသောကြက်သွန်နီ - တစ်လုံး
  • အနေတော်လှီးထားသောမုန့်ညှင်း - သုံးရွက်
  • နှမ်း - လက်ဖက်ရည်ဇွန်း တစ်ဝက်
  • အနေတော်လှီးထားသောနာနာသီး - နှစ်ကွင်းစာ
  • ပျားရည် - ထမင်းစားဇွန်း နှစ်ဇွန်း
  • ဆီ - လက်ဖက်ရည်ပန်းကန်လုံး တစ်ဝက်
ကြက်သားအရသာနယ်ရန် သကြား ဆားနှင့်ကော်မှုန့်

ကြက်သွန်နီ မုံညှင်း နှမ်း နာနတ်သီးနှင့်ပျားရည်

မီးအနေတော်နှင့်အပူပေးထားသောဆီပူပူမှာ အရသာနယ်ထားသောကြက်သားကို အညိုရောင်သန်းလာတဲ့ထိကြော်ပြီးဆီစစ်ပေးပါတယ်

ကြက်သားကြော်ထားသောဆီများကိုထမင်းစားဇွန်းနှစ်ဇွန်းစာလောက်ချန်ပြီးပိုတဲ့ဆီတွေကိုဖယ်ပေးကာ
အရင်ဆုံး ကြက်သွန်နီအဖတ်လေးများကို မိနစ်ဝက်လောက်ကြော်ပေးပါ ပြီးမှနာနတ်သီး စိတ်လေးများနှင့်မုန့်ညှင်းရွက် ကြက်သားကြော်နှင့် ဆားတို့ကိုထဲ့ပြီးနှစ်မိနစ်လောက်ကြော်ပေးပါတယ်   ပြီးမှပျားရည်ကိုထဲ့ကာမိနစ်ဝက်လောက်မွှေပေးပြီးရင်ရပါပြီ

ပန်းကန်ထဲသို့ပြောင်းထဲ့ပေးပြီးမှနှမ်းစေ့ဖြူးပေးပြီးရင်ကြက်သားချိုချဉ်ကြော်လေးရပါပြီ